❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၆) ❞
Dawei Watch
August 20, 2023ကိုယ်တို့ခေတ် အစဉ်အလာကြီးမားတဲ့ ပွဲတော်တွေအထဲက ဒီနေ့အထိ မှတ်မှတ်ထင်ထင် ရှိနေတဲ့ ဘုရားပွဲတော်ကြီး တစ်ခုရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း စာသင်ကျောင်းတွေ အတန်းတင် စာမေးပွဲဖြေဆိုပြီးချိန် နွေရာသီ ကျောင်းပိတ်ရက်တွေဖြစ်တဲ့ တပေါင်းလဆန်း(၉)ရက်နေ့ကစလို့ တပေါင်းလ ပြည့်နေ့အထိ (၇)ရက်တိုင်တိုင် ကျင်းပလေ့ရှိတဲ့ ဘုရားပွဲတော်ကြီးပါ။ ပွဲတော်ကျင်းပတဲ့ရွာက မြို့နဲ့ သိပ်မဝေးလှဘဲ မြစ်ကမ်းနံဘေး ကပ်လျှက်ရှိတဲ့ ရွာလေးပါ။ ကိုယ်တို့ရွာနဲ့တော့ အတော်လှမ်းပါသေးတယ်။ ကားနဲ့သွားရင် တစ်နာရီကျော်ကျော်ခရီး၊ လှည်း နဲ့သွားရင် နေ့တစ်ဝက်ခရီးလောက် ရှိပါတယ်။ ပထမဆု နွားမတမ်းလေးတစ်ကောင်နဲ့ ဘုရားဆင်းတုတော်တစ်ဆူဆိုတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ကံစမ်းမဲမျိုးကို ရောင်းလေ့ရှိသလို နိုင်ငံတဝှမ်းက လက်ဝှေ့အကျော်အမော်တွေ လာရောက် ယှဉ်ပြိုင်ထိုးသတ်ကြတဲ့ လက်ဝှေ့ပွဲလည်းရှိလေတော့ ဒေသတွင်းမှာ လူသိများတဲ့ နာမည်ကျော်ပွဲတော်ကြီး တစ်ခုပါ။ တနည်းပြောရရင် လက်ဝှေ့ပွဲနဲ့ တွဲပြီးမြင်လေ့ရှိတဲ့ ပွဲတော် လို့လည်း […]