ရဲဘော်ဂျူပီတာနှင့် တွေ့ဆုံခြင်း
Dawei Watch
May 13, 2024တနင်္သာရီတိုင်းတွင် တော်လှန်ရေးအားကောင်းနေပြီး တိုက်ပွဲများလည်း ပိုမိုပြင်းထန်လာနေသည်။ ယင်းအပြင် စစ်ကောင်စီ၏ အခိုင်အမာတည်ဆောက်ထားသော စစ်စခန်းများကိုလည်း ဆက်တိုက် သိမ်းပိုက်လာနိုင်သည်။ မေလ ၅ ရက်နေ့က ပဲဒက်စစ်ကောင်စီစခန်းကို သိမ်းပိုက်လိုက်နိုင်မှုမှာ တော်လှန်ရေးအတွက် အရေးကြီးသည့် အလှည့်အပြောင်းဖြစ်သွားစေခဲ့သည်။ တော်လှန်ရေးရဲဘော်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုတက်ကြွလာသလို နယ်မြေစိုးမိုးမှုလည်း ပိုမိုအားကောင်းလာခဲ့သည်။ ယင်းနောက် မေလ ၁၁ ရက်နေ့တွင် တနင်္သာရီနှင့် ဘုတ်ပြင်းနယ်စပ်က 1020 တောင် စခန်းကုန်းကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းကြောင့် ပဲဒက်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရသည့် အခြေအနေနှင့် တနင်္သာရီတိုင်း စစ်ရေးအခြေအနေများကို သိရှိနိုင်စေရန်အတွက် အမှတ်(၃) စစ်ဒေသခွဲ တောင်ပိုင်းစစ်ဒေသ၏ ဒုစစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာနှင့် ဆက်သွယ်မေးမြန်းကာ ဖော်ပြလိုက်ပါသည်။ DW ။ စစ်တပ်က ကြည်း၊ ရေ၊ လေခုခံနေတဲ့ ကြားက ပဲဒက်စခန်းကို […]


