ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

ခေတ်ပျက် ဥပါသကာ

Dawei Watch

September 16, 2024

တောဖိတ်နေ့နှင့် အဖိတ်နေ့များတွင် အဖြူရောင်တူညီဝတ်စုံဝတ်ထားသည့် ဥပါသကာအဖွဲ့များက တောင်ပိုင်းတနင်္သာရီတိုင်းရှိ မြို့၊ ရွာအနှံ့ ရှောင်မလွဲ တွေ့ရလေ့ရှိသည်။ မြို့ရွာအသီးသီးရှိ ဘုရား၊ ဘုန်းကြီးကျောင်းများ၏ ဝေယျာဝစ္စအတွက် လိုအပ်သည့် အလှူငွေအတွက် ထိုထိုသော ဥပါသကာအဖွဲ့များက ဝါတွင်းသုံးလပတ်လုံး လိုက်လံအလှူခံပြီး ဖြည့်ဆည်းလေ့ရှိသည်က တောင်ပိုင်းသားများ၏ ချစ်စရာဓလေ့တစ်ခုပင်။ ယင်းဥပါသကာအဖွဲ့များတွင် လူငယ်၊ လူလတ်၊ လူကြီးအရွယ်စုံက သိုက်သိုက်ဝန်းဝန်းဖြင့် အားတက်သရောလိုက်ပါလေ့ရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ ဖိနှိပ်ရမ်းကားမှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ဥပါသကာအဖွဲ့များမှာ အရေအတွက်အားဖြင့် လျော့ပါးသွားသည်။ ထို့အပြင် ပိတ်ဖြူလုံချည်နှင့် အဖြူရောင်အင်္ကျီဝတ်ပြီး အလှူခံဖလားကိုင်လေ့ရှိသည် ဥပါသကာလူငယ်အချို့မှာ စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက် တော်လှန်ရေးတပ်သားများဖြစ်လာကြပြီး သေနတ်ကိုင်သည့် လက်များဖြစ်လာကြသည်။ ထို့အပြင် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေမည့်စနစ်နှင့် ပြည်သူများကို ကင်းစောင့်ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရောက်သွားကြပြီး ရွှေ့ပြောင်းလုပ်သားများ ဖြစ်သွားကြသည်။ […]

စွဲကိုင်လက်နက် ဘယ်သို့ထက်လဲ

Dawei Watch

September 9, 2024

နိုင်ငံရေးသုတေသီများစွာက ယင်းတို့၏လေ့လာတွေ့ရှိမှုများအပေါ်အခြေခံ၍ တူညီသော ကောက်ချက်တစ်ခု ဆွဲလေ့ရှိသည်။ ယင်းမှာ “အကြောက်တရားတစ်ခုတည်း သီးသန့် သုံးခြင်း (ဖိအားများစွာပေး၊ အကြပ်ကိုင်၊ ခြိမ်းခြောက်) ဖြင့် ရေရှည်တည်တံ့သော အုပ်စိုးနိုင်မှုကို မဖြစ်စေနိုင်”ဟူ၍ဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင် အဖွဲ့များ၏ တော်လှန်ရေး လှုပ်ရှားမှုများကို လေ့လာသော သုတေသီများအကြား ဤ အချက်ကို ယေဘုယျလက်ခံထားလေ့ရှိသည်။ ထို့ကြောင့် အာဏာသည် သေနတ်ပြောင်းဝမှလာသည် ဆိုသည်မှာ အမြဲတမ်း မှန်နေသည်မဟုတ်ဟု ဆိုနိုင်သည်။ ဤဆွေးနွေးချက်တွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ အာဏာတည်ဆောက်ပုံ ထောက်တိုင်အချို့ကို ယေဘုယျအားဖြင့် တို့ထိထားပါသည်။ အများနှစ်လိုလက်ခံခြင်း ဤနေရာတွင် အများနှစ်လိုလက်ခံခြင်းကို အင်္ဂလိပ်ဘာသာ (Legitimacy) မှယူခြင်းဖြစ်သည်။ (တချို့က တရားဝင်မှု၊ တရားဝင်ဖြစ်ခြင်းဟု ဘာသာပြန်ကြသည်။) ဤအချက်မှ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအတွက် အခရာဖြစ်သည်။ အထူးသဖြင့် […]

အသက်ကို ဖက်နှင့် ထုပ်ထားသည်

Dawei Watch

September 9, 2024

စစ်အာဏာသိမ်းပြီးနောက် ကျေးလက်နေပြည်သူများ ရင်ဆိုင်ကြရသည့် အကြီးမားဆုံးပြဿနာ တစ်ခုက ကျန်းမာရေးကိစ္စဖြစ်သည်။ ကျေးလက်ကျန်းမာရေးစနစ် ရပ်တန့်သွားသလို ဆေးဝါးစျေးမြင့်တက်မှု၊ စစ်ကောင်စီက ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ပင်ကန့်သတ်မှု၊ လူနာတင်ယာဉ်များ သွားလာရေး ကန့်သတ်ခံရမှုတို့ကြောင့် ကျေးလက်နေပြည်သူများမှာ ဆေးဝါးကုသခွင့် ဆုံးရှုံးနေကြရသည်။ ရောဂါဖြစ်လာပါက မြို့ပေါ်တက်ကုသရန် ခက်ခဲသည့် အခြေအနေကို ရင်ဆိုင်နေရသူ အများအပြားရှိနေသဖြင့် အသေခံရမည့်ကိန်း ဆိုက်ရောက်နေသည်။ ကျေးလက်ဒေသမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များမှာလည်း ကာကွယ်ဆေးမရခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မရခြင်းတို့ကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရမှုများလည်း ရှိနေသည်။ ယင်းအပြင် လူနာသယ်ယာဉ်အသင်းများလည်း နည်းပါးလာသလို အကန့်အသတ်များကြောင့် ညပိုင်းလူနာသယ်ဆောင်ပေးမှု နည်းပါးလာသဖြင့် ညအချိန် အရေးပေါ်ဖြစ်ပါက အသက်အသေခံရမည်သာ ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ မြို့ပေါ်တွင်သာ ရှိနေပြီး ကျေးလက်အများစုတွင် ဆေးဝါး နားလည်သူပင် မရှိသည့် အခြေအနေဖြစ်နေရာ ကျေးလက်နေ […]

သူစိမ်းဆို လူတွေကြား

Dawei Watch

September 6, 2024

ရပ်ကွက်ထဲကို ဆင်းလာခဲ့တယ်။ ဟင်းသီးဟင်းရွက်ဈေးကလေးက အခုမှ ဖွင့်ခါစ။ ကျနော်က မနက်စာအတွက် ပေါင်မုန့်နဲ့ နို့တစ်ဘူးလောက် ဝယ်ဖို့ရာ စတိုးဆိုင်ဆီကို သွားနေတာ။ လမ်းပေါ်မှာ သွားလာနေတဲ့သူတွေကို ကျနော်တွေ့နေရတယ်။ ဆိုင်ကယ်တွေ၊ ကားတွေလည်း သွားလာနေကြတယ်။ ဒီမှာနေနေတာ တစ်နှစ်လောက်ကြာပြီဆိုပေမဲ့ တစ်ယောက်ကိုမှ ကျနော် သိမနေဘူး။ ရင်းနှီးကျွမ်းဝင် ရှိမနေဘူး။ ဒီတော့လည်း ကျနော့်ကို ဘယ်သူကမှ အရေးတယူပြု လှမ်းမနှုတ်ဆက်ကြဘူး။ ကျနော်ကလည်း နှုတ်ဆက်စရာ မရှိဘူး။ ကိုယ့်ကို ဘယ်သူမှ သိမနေတဲ့နေရာ၊ ကိုယ်ကလည်း ဘယ်သူ့ကိုမှ သိမနေတဲ့ နေရာ၊ ဒီလိုအရပ်ဒေသတွေမှာ ကျနော်တို့ နေထိုင်ဖို့သင့်ရဲ့လား၊ ပျော်မွေ့နေတယ်ဆိုရင်တောင် အမှန်တကယ် ပျော်မွေ့နေကြတာ ဟုတ်ပါရဲ့လား။ ဆေးလိပ်လည်းတို နေလည်းညို ငါ့ကို ပြန်ပို့ကြပါလေ။ ။ ဆရာကြီး တင်မိုးရဲ့ ‘ဧည့်သည်ကြီး’ […]

အပိတ်ခံလိုက်ရသည့် ထိုင်းတောင်ပိုင်းက မြန်မာရွှေ့ပြောင်းကျောင်း ဆက်ဖွင့်ခွင့်ရနိုင်မလား

Dawei Watch

September 5, 2024

ဦးထူးချစ် (အမှုဆောင်ဒါရိုက်တာ၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED))နှင့် တွေ့ဆုံခြင်း ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့၊ ဘန်ကူးရပ်ကွက်ရှိ မြန်မာကျောင်းသား တစ်ထောင်ကျော်ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို ပိတ်သိမ်းရန် စူရတ်ခရိုင်တာဝန်ရှိသူများက စက်တင်ဘာလ ၄ ရက်နေ့တွင် ညွှန်ကြားလိုက်သည်။ ယင်း မြန်မာစာသင်ကျောင်းပြန်ဖွင့်ခွင့်ရနိုင်မည့်အခြေအနေ၊ ရွှေ့ပြောင်းမြန်မာကလေးများ၏ ပညာသင်ယူခွင့် အစရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်အား ဆက်သွယ်မေးမြန်းထားသည်။ DW ။ မြန်မာရွှေ့ပြောင်းကလေး တစ်ထောင်ကျော် ပညာသင်နေတဲ့ စူရတ်ဌာနီက မေတ္တာရိပ် မြန်မာစာသင်ကျောင်း ကို ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရ လုပ်ကိုင်ခွင့်မရှိဘဲ လုပ်နေတယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက မနေ့က ပိတ်ခိုင်းလိုက်တယ်ပေါ့နော်။ ဆိုတော့ အခုလို ပိတ်ခိုင်းလိုက်တဲ့အတွက် ကလေးတွေ ပညာတစ်ပိုင်းတစ်စ […]

အပိတ်ခံလိုက်ရသည့် မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံခြင်း

Dawei Watch

September 5, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့က ကျောင်းသားတစ်ထောင်ကျော်ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို စူရတ်ခရိုင်တာဝန်ရှိသူများက စက်တင်ဘာလ ၄ ရက်နေ့က ပိတ်သိမ်းခိုင်းလိုက်သည်။ အဆိုပါကျောင်းမှာ ထိုင်းပညာရေးဝန်ကြီးဌာန၏ ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရ တည်ထောင် လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ဆောင်နေသည့်အတွက် ပိတ်လိုက်ခြင်းဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။ အဆိုပါကျောင်းတွင် ထားဝယ်ဒေသခံကလေးအများစုအပါအဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းကလေး ၁၂၀၀ ဝန်းကျင် က မူကြိုမှ အထက်တန်းအဆင့်အထိ ပညာသင်ယူနေခြင်းဖြစ်သည်။ ယင်း မြန်မာစာသင်ကျောင်းပြန်ဖွင့်ခွင့်ရနိုင်မည့်အခြေအနေ၊ ရွှေ့ပြောင်းမြန်မာကလေးများ၏ ပညာသင်ယူခွင့် အစရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ကျောင်းအုပ်ကြီး ဦးဇော်ခိုင်မျိုးအား ဆက်သွယ်မေးမြန်းထားသည်။ DW ။ အခုလိုမျိုး ထိုင်းအာဏာပိုင်တွေဘက်က ပိတ်ခိုင်းလိုက်တာဆိုတော့ ကျောင်းဆက်ဖွင့်ခွင့်ရဖို့အတွက် ဘယ်လိုဆက်လုပ်ဖို့ စီမံထားလဲခင်ဗျား။ ဖြေ ။ ကျောင်းဆက်ဖွင့်ဖို့အတွက် သူဌေးက ဘန်ကောက်အထိတက်ပြီးတော့ တာဝန်ရှိသူတွေနဲ့သွားဆွေးနွေးပြီး အားချင်းပြန်ဖွင့်လို့ရအောင် လိုက်လုပ်မယ်ပေါ့နော်။ […]

လူတိုင်းကို စစ်ကျွန်ပြုရန် ကြံစည်နေသည့် စစ်ကောင်စီ

Dawei Watch

September 1, 2024

လူထုတော်လှန်ရေး အားကောင်းလာမှုနှင့်အတူ နိုင်ငံအဝှမ်း အရှုံးဖြင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီက တစ်နိုင်ငံလုံးကို စစ်ကျွန်ပြုမည့် အစီအစဉ်အား ထပ်မံအကောင်အထည်ဖော်လာသည်။ ပြည်သူ့လုံခြုံရေးစနစ်ဟု အမည်တပ်ထားသည့် ပြည်သူတိုင်းသေနတ်ကိုင်ပြီး ကင်းစောင့်ရမည့် အစီအမံတစ်ခုကို ထုတ်ပြန်လာခြင်းဖြစ်သည်။ အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာလာချိန်တွင် မြို့ပေါင်း ၇၀ ကျော် လက်လွှတ်ဆုံးရှုံးထားရပြီး အင်အားပြုန်းတီးနေ သည့် စစ်ကောင်စီက ရသမျှနည်းလမ်းဖြင့် လူအင်အား စုဆောင်းလာခြင်းလည်းဖြစ်သည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အကျုံးဝင်သူများကို စစ်မှုမထမ်းမနေရစနစ်ဖြင့် အတင်းအဓမ္မ လူသစ်စုဆောင်းပြီး စစ်သင်တန်းပေးကာ စစ်သားစုဆောင်းခဲ့သည်။ ယခုအကြိမ်တွင်မူ စစ်မှုထမ်းအသက် ကင်းလွတ်သူများကိုပါ အလွတ်မပေးတော့ဘဲ အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်း အကျုံးဝင်သူများကို မြို့ရွာများတွင် ကင်းစောင့်ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်ဆိုသည်ကို အဓမ္မလုပ်ဆောင်လာပြန်သည်။ ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများမှာ ကင်းစောင့်ရုံဖြင့်မပြီး။ […]

တော်လှန်ရေး၊ စစ်အာဏာရှင်နှင့် အခွန်ဝိရောဓိ

Dawei Watch

August 25, 2024

အာဏာသိမ်းချိန်မှစကာ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အခက်တွေ့အောင် လုပ်ဆောင်နေသည့် စစ်အာဏာရှင်ကို လက်မခံသည့် လူထုလူတန်းစား အများအပြားက တော်လှန်ရေးအောင်မြင်ရန် နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးနေကြသည်။ အောင်မြင်မှုများ ရရှိနေသည့် စစ်အာဏာရှင် တော်လှန်ရေးခရီးတွင် ကျေးလက်နေပြည်သူများနှင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ၏ ပံ့ပိုးအားမှာ အထူးအရေးပါလှကြောင်း တော်လှန်ရေးခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသူများက အသိအမှတ်ပြုပြောဆိုရသည်အထိပင်။ တနင်္သာရီတိုင်းက ထောက်ပို့အဖွဲ့များကလည်း ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားများ၏ ပံ့ပိုးမှုဖြင့် ထောက်ပံ့ရေး လုပ်ငန်းအများအပြားကို လုပ်ဆောင်နေရဟုဆိုသည်။ သို့သော် ယခုရက်ပိုင်းတွင် စစ်ကောင်စီက နိုင်ငံခြားငွေရရှိရေးအတွက် နည်းမျိုးစုံ အသုံးပြုလာရာတွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ အခွန်ကောက်ခံရေးကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ စစ်ကောင်စီက ရွှေ့ပြောင်းလုပ်သားများထံမှ အခွန်တိုးမြှင့်ရရှိရေး လုပ်ဆောင်လာမှုအပေါ် တော်လှန်ရေး အင်အားစုအချို့ကလည်း စိတ်ပူပန်မှုများရှိနေပြီး စစ်ကောင်စီလက်ထဲ နိုင်ငံခြားငွေ စီးဆင်းမှု ဟန့်တားနိုင်ရန် အခွန်မဆောင်ရေး လှုပ်ရှားမှုများ […]