ပုဂံဘုရားဖူးနေရသည့် တနင်္သာရီတော်လှန်ရေးခရီး
Dawei Watch
October 28, 2024တော်လှန်ရေးကာလသုံးနှစ်ကျော်လာချိန်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာသည့်နည်းတူ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ အရေအတွက်က ထောင်ဂဏန်းအထိ ရှိလာသည်။ စစ်ကောင်စီက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အဖြစ်သတ်မှတ်ထားသည့် တနင်္သာရီတိုင်းအတွင်းတွင်ပင် တော်လှန်ရေး အဖွဲ့ပေါင်း တစ်ရာထက်မနည်းရှိနေသည်။ ထိုအရေအတွက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် အဖွဲ့များသာဖြစ်ပြီး KNU ၊ KTLA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မပါဝင်သေးပေ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များအပြင် သီးခြားရပ်တည်နေသည့် ဒေသကာကွယ်ရေးတပ် (LPDF) များလည်း ရှိနေကြသည်။ ယင်းတော်လှန်ရေးအဖွဲ့ပေါင်း တစ်ရာကျော်တွင် စစ်ကောင်စီတပ်ကို အားကောင်းမောင်းသန် တိုက်ခိုက်တွန်းလှန်နေသည့် အဖွဲ့များရှိသလို အင်အားအနည်းငယ်သာရှိပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်သွားသည့် အဖွဲ့များလည်း ရှိသည်။ ထိုအခြေအနေတွင် ဒေသတွင်းနေထိုင်သည့် ပြည်သူများပင် ၎င်းတို့နေထိုင်ရာဝန်းကျင်တွင် တော်လှန်ရေးအဖွဲ့ အရေအတွက် မည်မျှရှိမှန်းမသိဖြစ်လာသည်အထိ […]


