ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

None

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 2, 2025

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

ဆန်ချောဈေးတက်ပြီး ကြက်သွန်ဖြူ၊ အာလူးဈေးကျသည့် ထားဝယ်ဈေးကွက်

Dawei Watch

June 7, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ချောဈေးတက်ပြီး ကြက်သွန်ဖြူနှင့် အာလူး ဈေးကျသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်သီတင်းပတ် မေလ ၃၁ ရက်တွင် ဆန်ချောအမျိုးအစားများဖြစ်သည့် ရွှေဘိုပေါ်ဆန်း (စင်္ကြာမင်း) တံဆိပ် ဆန်ချော တစ်အိတ်လျှင် ၁၉၀၅၀၀ကျပ်မှ ဇွန်လ ၇ ရက်တွင် ၁၉၃၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အောင်သီဟ) တစ်အိတ်လျှင် ၁၉၅၀၀၀ကျပ်မှ ၂၀၂၀၀၀ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။ တစ်ပတ်အတွင်း ဆန်ချောတစ်အိတ်လျှင် အမျိုးအစားပေါ်မူတည်ကာ ၃၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ကြက်သွန်ဖြူနှင့် အာလူးမှာမူ ယခုသီတင်းပတ်အတွင်း ဈေးကျလာသည်။ ပြီးခဲ့သည့် သီတင်းပတ် မေလ ၃၁ ရက်တွင် ကြက်သွန်ဖြူထူး ၅ အမျိုးအစားတစ်ပိဿာ ၁၁၀၀၀ကျပ်မှ ဇွန်လ ၇ ရက်တွင် ၁၀၅၀၀ကျပ်၊ကြက်သွန်ဖြူ (ကြူကုတ်) မှာ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ […]

ထိုင်းဘတ်ဈေး ပြန်ငြိမ်၊ ၃၅၃ ရက်မြောက် ရွှေဈေးမဖွင့် (မေ ၂၃)

Dawei Watch

May 23, 2025

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၃၅၃ ရက်မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၇,၅၃၀,၀၀၀ ကျပ်ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ငွေလဲနှုန်းမှာ ပြန်ငြိမ်သွားပြီး မြန်မာငွေတစ်သိန်းလျှင် ၇၅၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ငလျင်ဘေးအပေါ် မင်းဘေးဆင့်

Dawei Watch

April 7, 2025

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြောင့် အခုဆိုရင် သေဆုံးသူ ၂၈၀၀ ကျော်ရှိပြီလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ တဆက်တည်းဆိုသလို ခေါင်းထဲမှာ တွေးစရာတွေ၊ ရေးစရာတွေ အများကြီး ပေါ်လာပါတယ်။ ယိုယွင်းပျက်စီးတတ်သော သဘောရှိတဲ့ သဘာဝတရားကြီးကို ဘယ်သူမှ ကြိုမသိနိုင်၊ မတားဆီးနိုင်ပါဘူး။ ဒါပေမယ့် အထိအခိုက်အနည်းဆုံးဖြစ်အောင်တော့ လူသားတွေဟာ ကြံဆောင်လုပ်ကိုင်လို့ ရပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ နိုင်ငံကို အုပ်ချုပ်သူ (သို့မဟုတ်) စီမံခန့်ခွဲသူတွေဟာ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် အမြဲကြံဆောင်ကြပါတယ်။ အဲဒီလို ကြံဆောင်တဲ့နေရာမှာ – (၁) ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု (Preaction) ( ၂ ) တုံ့ပြန်ဆောင်ရွက်မှု (Reaction) […]

လောင်းလုံးတွင် လေပြင်းကြောင့် ကျောင်းဟောင်းပြိုကျ၍ ကလေးတစ်ဦး ဒဏ်ရာရ

Dawei Watch

April 4, 2025

လောင်းလုံးမြို့နယ် ၊ ကဒက်ငယ်ဆိပ်ရွာတွင် ဧပြီလ ၃ ရက်က မိုးရွာစဥ် လေပြင်း တိုက်ခတ်မှုကြောင့် မူကြိုကျောင်း အဆောက်အအုံဟောင်းတစ်ခု ပြိုကျ၍ ကလေးတစ်ဦး ဒဏ်ရာရသွားကြောင်း ရွာသားများထံမှသိရသည် ။ မိုးရွာနေစဥ် အဆိုပါ သစ်သားကာ သွပ်မိုး အဆောက်အအုံ အဟောင်းတွင် မိုးဝင်ခိုနေသည့် ကလေးသုံးဦးအနက် တစ်ဦးမှာ ပြိုကျသည့် သစ်သားအပိုင်းအစဖြင့် ဖိမိ၍ ဒဏ်ရာရခဲ့ခြင်းဖြစ်သည် ။ “အသက် ၈ နှစ်လောက်ကလေးတစ်ယောက် ဖိသွားတယ် ။ ချက်ချင်းတော့ သွားဆွဲထုတ်လိုက်ကြတယ်။ ကလေးမှာ ခါးမှာနာသွားတယ် ။ ဒီနေ့(ဧပြီ၄) ထားဝယ်မှာတော့ ဓာတ်မှန်သွားရိုက်နေတယ် ” ဟု ကဒက်ငယ်ဆိပ် ရွာသားတစ်ဦးက ပြောသည် ။ လေပြင်းကြောင့် ကျေးရွာအတွင်း အခြား အဆောက်အအုံ နှင့် လူထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း […]

ငရဲခန်းထဲမှာ သေခြင်း၏ရနံ့ကို ရှူရှိုက်မိသည့်အခိုက်အတန့်

Dawei Watch

March 31, 2025

ပြီးခဲ့တဲ့ သုံးညလုံးလုံး ကျမ အိပ်လို့မရခဲ့ဘူး။ လုံးဝနီးပါးပဲ။ ငလျင်ကလှုပ်တာတွေက တောက်လျှောက်ပဲ ရှိနေခဲ့တယ်။ သိမ့်ခနဲတစ်ချက်လှုပ်လိုက်တိုင်း အိပ်နေရာကနေ ငေါက်ခနဲ ထထိုင်နေမိတော့တယ်။ မအိပ်ရသလို စားလို့လည်း မဝင်ခဲ့ဘူး။ ကျမဟာ အမှန်တကယ်ပဲ အသက်ရှင်နေတာလား၊ သေနေတာလား၊ အိပ်မက်မက်နေတာလား ဆိုတာကိုတောင် ဒီရက်တွေထဲမှာ ဝေဝါးနေခဲ့တာ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အော်ဟစ်ငိုယိုသံတွေ၊ လူနာတင်ကားသံတွေဟာ ရပ်သွားတယ်လို့ကို မရှိခဲ့ဘဲ တစ်ချိန်လုံး ဆူညံနေခဲ့တယ်။ အဲဒီနေ့က နေခင်းပိုင်းအတန်းကို စာသင်ပြီးလို့ ထွက်လာခဲ့တယ်။ လာမယ့်တနင်္ဂနွေနေ့မှာ လုပ်ကြရမယ့်တာဝန်တွေအကြောင်း လုပ်ဖော်ကိုင်ဖက် တခြားဆရာမနှစ်ယောက်နဲ့ စာသင်ခန်းအရှေ့မှာ ဆွေးနွေးနေကြတုန်းမှာပဲ နားထဲမှာ ကားသံလိုလို၊ လေပြင်းတိုက်သံလိုလို တဝူးဝူးတဝီဝီနဲ့ အသံကြီးကို စပြီး ကြားလိုက်ရတယ်။ ဘာသံပါလိမ့်လို့ စဉ်းစားနေတုန်းမှာပဲ ကျမထိုင်နေတဲ့ ခုံကိုဆောင့်ဆွဲလိုက်သလို ခံစားလိုက်ရတယ်။ ထိတ်ခနဲ လန့်သွားခဲ့တယ်။ “ငလျင်…ငလျင်လှုပ်တာ” […]

ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သဖြင့် သတိပေးချက်များထုတ်ပြန်

Dawei Watch

March 28, 2025

နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သဖြင့် သတိထားနေထိုင်ကြရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးချက် ထုတ်ထားသည်။ စစ်ကိုင်းမြို့အနီး ဗဟိုပြုကာ ရစ်(ခ်)တာ စကေး ၇ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတို့တွင် လူသေဆုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း ဖော်ပြသည်။ နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်နိုင်သောကြောင့် ယိုင်နဲ့သွားသည့် အဆောက်အအုံများတွင် ဆက်လက် မနေထိုင်ကြရန်၊ ဆည်တာတမံများ အက်ကွဲမှု ရှိမရှိ စစ်ဆေးပြီး လိုအပ်လျှင် ကြိုတင် ရွှေ့ပြောင်းကြရန်၊ ဒေသအချို့တွင် ငလျင်ကြောင့် သဲအရည်ပျော်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန်လည်း အသိပေးထားသည်။ နောက်ဆက်တွဲ ငလျင်အဖြစ် ရွှေဘိုဘက်တွင်လည်း ရစ်(ခ်)တာ စကေး ၄ဒသမ […]