ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား

မြန်မာ့လက်ဝှေ့နဲ့ ပူးပေါင်းလိုက်တဲ့ BKFC က ခေါင်းတိုက်ချက်နဲ့ အလဲထိုးနိုင်သူကို ဘောနပ်စ်ကောင်းကောင်းပေးဖို့ ဆုံးဖြတ်

Dawei Watch

September 4, 2025

မြန်မာ့လက်ဝှေ့နဲ့ ပူးပေါင်းလိုက်ပြီဖြစ်တဲ့ BKFC ဟာ သူတို့ရဲ့ ပြိုင်ပွဲတွေထဲ ခေါင်းတိုက်ချက်နဲ့ အလဲထိုး ပွဲသိမ်းနိုင်တဲ့ဖိုက်တာကို ဘောနပ်စ်ကောင်းကောင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ခေါင်းတိုက်ချက်နဲ့ ပွဲသိမ်းနိုင်တဲ့ဖိုက်တာကို အမြင့်မားဆုံးဘောနပ်စ်ဆုကြေးပေးမှာဖြစ်ပြီး ဒါဟာ BKFC ရဲ့အမှတ်အသားတစ်ခု ဖြစ်လာလိမ့်မယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ BKFC က အခုပေးအပ်ချီးမြှင့်မယ့်ဆုကြေးဟာ ဘယ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေး Fight ပြိုင်ပွဲမှာမှ မရှိတဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားမယ့်ထူးခြားချက်တစ်ခုလည်း ဖြစ်လာနိုင်စရာရှိနေပါတယ်။ BKFC ဟာ Fight of The Knight၊ KO of The Night၊ Performance of The Night အစရှိတဲ့ ဘောနပ်စ်ဆုကြေးတွေလည်း ချီးမြှင့်မှာဖြစ်ပြီး ဆုကြေးအကြီးဆုံးဘောနပ်စ်ကတော့ Headbutt KO of The Night ဖြစ်လာလိမ့်မယ်လို့ […]

ဂရင်းစ်ဘီတောင်းကို ရှုံးခဲ့ရတဲ့ပွဲအတွက် မန်ယူ အယူခံတက်

Dawei Watch

September 2, 2025

မန်ယူအသင်းဟာ ခရာဘောင်းဖလား ဒုတိယအဆင့်မှာ ဂရင်းစ်ဘီတောင်းကို ရှုံးခဲ့ရတာအတွက် အယူခံတက်လိုက်ပြီဖြစ်ပါတယ်။ ဂရင်းစ်ဘီတောင်းအသင်းဘက်က ပြိုင်ပွဲကစားဖို့ စံချိန်စံညွှန်း မပြည့်မီတဲ့ ကစားသမားတစ်ယောက်ကို အသုံးပြုခဲ့လို့ မန်ယူဘက်က အယူခံဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာလို့ ဆိုပါတယ်။ ဂရင်းစ်ဘီတောင်းဟာ သူတို့ကစားသမား ကလာ့ခ် အိုဒူအော် ကို ပွဲကစားရမယ့်နေ့ရဲ့သတ်မှတ်ထားချိန်ကို ကျော်လွန်ပြီးမှ မှတ်တမ်းတင်ခဲ့လို့ အဲ့ဒီအကြောင်းကို တိုင်ကြားအယူခံဝင်ဖို့ မန်ယူက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပွဲကစားရမယ့်နေ့မှာ နှစ်ဖက်အသင်းက ပွဲကစားမယ့်ကစားသမားစာရင်းကို ပွဲမကစားခင် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား မှတ်ပုံတင်ရပြီး ဂရင်းစ်ဘီတောင်းဘက်က အိုဒူအော် ကို မှတ်ပုံတင်ချိန်ဟာ တစ်မိနစ်နောက်ကျခဲ့လို့ အဲ့ဒီအချက်ကို မန်ယူက အယူခံတင်လိုက်တာဖြစ်ပါတယ်။ အိုဒူအော် ကို မှတ်ပုံတင်လိုက်တဲ့အချိန်မှာ ၁၂ နာရီ ၁ မိနစ်ဖြစ်နေလို့ အချိန်အားဖြင့် တစ်မိနစ်နောက်ကျတဲ့အတွက် ဂရင်းစ်ဘီတောင်းဟာ […]

အာဆင်နယ်က ပွဲကိုစိုးမိုးထားပေမယ့် Free Kick ဂိုး အပိုင်ကန်သွင်းပြီး လီဗာပူးအနိုင်ယူ

Dawei Watch

September 1, 2025

လီဗာပူးဟာ အာဆင်နယ်ကို အိမ်ကွင်းအန်ဖီးလ်မှာ ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ လီဗာပူးအတွက် အဖိုးတန်အနိုင်ဂိုးကို ဇိုဘော့စ်ဇလိုင်း က သွင်းယူပေးသွားခဲ့တာပါ။ ဇိုဘော့စ်ဇလိုင်း ဟာ အာဆင်နယ်နဲ့ဂိုးပေါက်နဲ့ ၃၂ ဒသမ ၃ ကိုက်အကွာမှာ ရရှိတဲ့ အလွတ်တည်ကန်ဘောကို လှလှပပကန်သွင်းပြီး လီဗာပူးအတွက် အဖိုးတန်အနိုင်ဂိုးကို ရယူပေးသွားခဲ့ပါတယ်။ အခုဆိုရင် လီဗာပူးက ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ကစားပြီးသွားခဲ့ပါပြီ။ ၃ ပွဲကစား၊ ၃ ပွဲနိုင်ဆိုတဲ့ မှတ်တမ်းကောင်းကိုလည်း ရေးထိုးစိုက်ထူသွားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ် ၃ ပွဲမှာ ပြောစရာဖြစ်လာတာက လီဗာပူးရဲ့ကံပါပဲ။ ဒါကို ချန်ပီယံဖြစ်မယ့်အသင်းတွေမှာ မြင်ရတတ်လေ့ရှိတဲ့ကံလို့ တင်စားကြလေ့ရှိပါတယ်။ လီဗာပူးက ကစားခဲ့ပြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲလုံးမှာ ပြိုင်ဘက်တွေကို အသည်းအသန် ကစားခဲ့ရပြီး […]

နိုင်ပွဲလိုနေတဲ့ မန်ယူအတွက် ဒိုင်လူကြီးလက်ဆောင် ပင်နယ်တီအခွင့်အရေးနဲ့ ပထမဆုံး ၃ မှတ်ရပြီ

Dawei Watch

August 31, 2025

မန်ယူဟာ ဒီရာသီအတွင်း ပထမဆုံးနိုင်ပွဲကို ရှာဖွေရရှိသွားခဲ့ပါပြီ။ ဒါပေမဲ့ နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်မှာ မန်ယူအတွက် ပင်နယ်တီအခွင့်အရေး ပေးလိုက်လေတော့ နည်းပြ အေမိုရင် ဆက်ရှိနေအောင် လွတ်လမ်းတစ်ခု ဖန်တီးပေးလိုက်လေသလားလို့တောင် တွေးချင်စရာကောင်းနေပါတော့မယ်။ ညာခြမ်းကို ဘယ်ခြေသန်တဲ့ကစားသမားနှစ်ယောက် ထည့်ကစားနေတာကိုက မန်ယူရဲ့အမှားပါပဲ။ ဒါပေမဲ့ ဒီအမှားကို မန်ယူနည်းပြ အေမိုရင်ဟာ မပြင်ဆင်ခဲ့ပါဘူး။ ဘန်လေဟာ အဝေးကွင်းကို လာရောက်ကစားရတာဖြစ်ပေမယ့် မန်ယူကို ရှိန်မနေခဲ့ပါဘူး။ သူတင်ကိုယ်တင် အကောင်းဆုံးကစားသွားခဲ့ပါတယ်။ တိုက်စစ်ကို အားပြုလိုက်ရင် ခံစစ်ပွင့်ထွက်သွားတတ်လေ့ရှိတာ၊ ခံစစ်ကို အားပြုလိုက်ရင် တိုက်စစ်က ဂိုးမရတော့တာတွေ အမြဲဖြစ်တတ်လေ့ရှိတဲ့မန်ယူဟာ ဒီနေ့မှာလည်း ဒီအဆင်နဲ့ပဲ ကစားသွားခဲ့ပါတယ်။ နိုင်ပွဲလိုအပ်နေတော့ တိုက်စစ်ကို အားပြုလိုက်တဲ့အတွက် မန်ယူခံစစ်ဟာ ပွင့်ထွက်နေခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ မန်ယူအတွက် အေမိုရင် ၃-၅-၂ ကစားကွက်ဟာ အဆင်မပြေလှပါဘူး။ ကြည့်ရတာ […]

ဂါနာချို လာကြည့်တဲ့ပွဲမှာ ဖူလ်ဟမ်ကို အနိုင်ကစားပြပြီး ကြိုဆိုလိုက်တဲ့ ချယ်လ်ဆီး

Dawei Watch

August 31, 2025

ချယ်လ်ဆီးဟာ ရာသီအဖွင့်ပွဲစဉ်တုန်းက ခရစ္စတယ်လ်ပဲလေ့စ်ကို ဂိုးမရှိသရေကျခဲ့ပေမယ့် အခုတော့ လန်ဒန်မြို့ခံပြိုင်ဘက်နှစ်သင်းကို ဆက်တိုက်အနိုင်ယူပြီး ရမှတ် ၇ မှတ်အထိ ရရှိပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဒီပွဲကို မန်ယူကနေ ချယ်လ်ဆီးဆီကို ပြောင်းလာခဲ့တဲ့ တိုက်စစ်တောင်ပံကစားသမား ဂါနာချိုက ပွဲကြည့်စင်ထက်ကနေ လာရောက်ကြည့်ရှုအားပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က မန်ယူအနေနဲ့ ပင်နယ်တီလွဲပြီး တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့တဲ့ ဖူလ်ဟမ်ကို ဒီနေ့မှာ ချယ်လ်ဆီးက နှစ်ဂိုးပြတ် အနိုင်ယူပြသွားခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ မာရက်စ်ကာ ဟာ ၄-၂-၃-၁ ကစားကွက်နဲ့ အသင်းကို အထိုင်ချခဲ့ပြီး လီယန် ဒီလပ်က အထောင်တိုက်စစ်မှူးအဖြစ် ကစားသွားခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ချယ်လ်ဆီးကို ၄-၂-၃-၁ ကစားကွက်နဲ့ တန်ပြန်ခဲ့ပေမယ့် သိပ်ပြီး ထိရောက်မှု မရှိခဲ့ပါဘူး။ ချယ်လ်ဆီးဟာ ပထမပိုင်း ၄၅ မိနစ်အတွင်း အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် […]

သန့်ဇင်ကို အလဲထိုးထားတဲ့ ဂင်ဆန်လက်က သွေးလင်းထက်ကို စိန်ခေါ်၊ ဝိတ်ချပြီးထိုးပေးမယ်လို့ဆို

Dawei Watch

August 27, 2025

မြန်မာဖိုက်တာ သန့်ဇင်ကို ပထမပွဲချီမှာတင် အလဲထိုးနဲ့ အနိုင်ရခဲ့တဲ့ PK ဆန်ချိုင်း Gym ကလပ်ရဲ့ထိုင်းဖိုက်တာ ဂင်ဆန်လက်က သူ့ကို သွေးလင်းထက်နဲ့ ပေးတွေ့ဖို့ တောင်းဆိုလိုက်ပါတယ်။ ဂင်ဆန်လက်က သွေးလင်းထက်သာ ပွဲထိုးဖို့ လက်ခံပေးမယ်ဆိုရင် သူ့ဘက်က ဝိတ်ကို ၁၀ ပေါင်လောက်လျှော့ပြီး သွေးလင်းထက် အဆင်ပြေမယ့် Straweight တန်းမှာ ပွဲကို ထိုးပေးမယ်လို့လည်း စိန်ခေါ်စကားဆိုထားပါတယ်။ ဂင်ဆန်လက် ဟာ ဖလိုင်းဝိတ်တန်းဖိုက်တာတစ်ယောက်ဖြစ်ပြီး သွေးလင်းထက် ကစားနေတဲ့ Straweight တန်းထက် ဖလိုင်းဝိတ်တန်းက ၁၀ ပေါင် ပိုမြင့်ပါတယ်။ သွေးလင်းထက်ကတော့ သူနဲ့ ဝိတ်တန်းတူမယ်ဆိုရင် ONE က စီစဉ်ပေးတဲ့ ဘယ်ဖိုက်တာနဲ့မဆို ပွဲထိုးဖို့ အသင့်ပါပဲလို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ PK ဆန်ချိုင်း Gym ကလပ်ပိုင်ရှင်ဟာလည်း […]

ကမ္ဘာ့သွင်းဂိုးအများဆုံး အမျိုးသမီးဘောလုံးသမားစာရင်းမှာ ဝင်းသိင်္ဂီထွန်း အဆင့် ၁၄ ဖြစ်သွားပြီ

Dawei Watch

August 20, 2025

အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းသူ ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့တဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ဟာ ကမ္ဘာ့သွင်းဂိုးအများဆုံး အမျိုးသမီးဘောလုံးသမားစာရင်းမှာ အဆင့် ၁၄ နေရာဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ အာဆီယံချန်ပီယံရှစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်း သွင်းယူရရှိခဲ့တဲ့ သွင်းဂိုး ၈ ဂိုးအနက် ၇ ဂိုးကို တစ်ဦးတည်းဒိုင်ခံ သွင်းယူပေးခဲ့သူပါ။ လက်ရှိမှာ ဝင်းသိင်္ဂီထွန်းရဲ့ စုစုပေါင်း နိုင်ငံတကာ သွင်းဂိုးအရေအတွက်က ၈၄ ဂိုး ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ မတိုင်ခင်က သွင်းဂိုးစုစုပေါင်း ၇၇ ဂိုးနဲ့ ကမ္ဘာ့သွင်းဂိုးအများဆုံး အမျိုးသမီးဘောလုံးသမားစာရင်းမှာ အဆင့် ၁၉ အဖြစ် ရှိနေခဲ့တာပါ။ အခုတော့ သွင်းဂိုး ၇ ဂိုး ထပ်မံရရှိသွားခဲ့ပြီဖြစ်လို့ ဝင်းသိင်္ဂီထွန်းဟာ […]

အိန္ဒိယကို ပွဲကစားဖို့သွားမယ့် စီရော်နယ်ဒို

Dawei Watch

August 20, 2025

စီရော်နယ်ဒို ဟာ လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့ရောက်ရင် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ပွဲကစားဖို့ ရှိနေပြီဖြစ်ပါတယ်။ ပွဲကစားဖို့အတွက် ခရီးဆိုက်ရောက်တာ၊ လေ့ကျင့်ပြင်ဆင်တာတွေကို ထည့်သွင်းတွက်ချက်လိုက်ရင် အောက်တိုဘာလ ၂၀ ရက်နေ့မှာ အိန္ဒိယနိုင်င်ငံဆီကို စီရော်နယ်ဒို ရောက်ရှိလာလိမ့်မယ်လို့ ESPN သတင်းဌာနက ရေးသားထားပါတယ်။ ပြိုင်ပွဲကစားဖို့အတွက် အိန္ဒိယနိုင်ငံဆီကို စီရော်နယ်ဒို ရောက်ရှိလာမယ့်အခွင့်အရေးဟာ သမိုင်းတလျှောက် တစ်ကြိမ်တစ်ခါပဲ ရနိုင်လောက်တဲ့အခွင့်အရေးဖြစ်တယ်လို့ အိန္ဒိယဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ စီရော်နယ်ဒို ဟာ အယ်လ်နတ်စ်ဆာအသင်းကို ကိုယ်စားပြုပြီး အာရှချန်ပီယံလိဂ်-၂ အုပ်စုပွဲကို ကစားဖို့အတွက် အိန္ဒိယနိုင်ငံဆီကို ရောက်ရှိလာမှာပါ။ အာရှချန်ပီယံလိဂ်-၂ ရဲ့အုပ်စု(ဃ)မှာ စီရော်နယ်ဒို ပါဝင်ကစားနေတဲ့ ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာအသင်းက အိန္ဒိယ စူပါလိဂ်ကလပ် အက်ဖ်စီ ဂိုအာ၊ တာဂျစ်ကစ္စတန်ကလပ် အစ္စတစ်ခ်လိုလ်၊ အီရတ်ကလပ် […]