ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား

အမျိုးသမီး အာရှချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အုပ်စုကျပ်ထဲ ရောက်နေတဲ့ မြန်မာကလပ် ISPE

Dawei Watch

September 12, 2025

အမျိုးသမီး အာရှချန်ပီယံလိဂ်အုပ်စုတွေကို အာရှဘောလုံးအဖွဲ့ချုပ်က မဲခွဲလိုက်ပါပြီ။ ခြေစစ်ပွဲအဆင့်ကို ၃ ပွဲကစား၊ ၃ ပွဲနိုင် မှတ်တမ်းနဲ့ ကျော်ဖြတ်ပြီး အုပ်စုအဆင့်ဆီ တက်လှမ်းရောက်ရှိသွားခဲ့တဲ့ မြန်မာကိုယ်စားပြု အမျိုးသမီးကလပ် ISPE ဟာ အုပ်စုကျပ်ထဲကို ကျရောက်သွားခဲ့ပြီး တောင်ကိုရီးယားကလပ်၊ ဂျပန်ကလပ်နဲ့ မြောက်ကိုရီးယားကလပ်တွေကို ရင်ဆိုင်ရတော့မှာပါ။ မြန်မာကိုယ်စားပြု ISPE ကလပ်ဟာ တောင်ကိုရီးယားကလပ် ဆူဝန်၊ ဂျပန်ကလပ် တိုကျိုဗာဒီ၊ မြောက်ကိုရီးယားကလပ် နာဂိုယန်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်သွားခဲ့တာဖြစ်ပါတယ်။ အမျိုးသမီး အာရှချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အုပ်စု ၃ ခုပါဝင်ပြီး မြန်မာကိုယ်စားပြု ISPE ကလပ်က အုပ်စု©မှာ ပါဝင်သွားခဲ့ပါတယ်။ အုပ်စုပထမနဲ့ ဒုတိယရရှိတဲ့အသင်းတွေက ကွာတားဖိုင်နယ်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်မှာဖြစ်ပြီး အုပ်စုတတိယရရှိတဲ့အသင်း သုံးသင်းအနက်က အကောင်းဆုံးနှစ်သင်းဟာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်မှာပါ။ ISPE […]

သွေးလင်းထက်ကလွဲရင် မြန်မာဖိုက်တာတွေ ရလဒ်ဆိုးထားလို့ အဲမွီ အနိုင်ရဖို့လိုတယ်

Dawei Watch

September 12, 2025

မြန်မာဖိုက်တာတွေဟာ ONE Friday Fights 113 ကနေ ONE Friday Fights 118 အထိ ပွဲတွေ အဆက်ပြတ်တောက်ခဲ့ပါတယ်။ ONE Friday Fights 119 ဆီကိုရောက်မှ ONE ဟာ မြန်မာဖိုက်တာတွေကို ပွဲတွေ ပြန်တည်ပေးခဲ့တာပါ။ ONE Friday Fights 119 မှာဆိုရင် မြန်မာဖိုက်တာတွေထဲက ဆွန်ရတ်ခ်နဲ့ စိန်လုံးချောတို့ ပွဲတွေရရှိခဲ့ပြီး ONE Friday Fights 120 ဆီကိုရောက်တော့‌ အောက်ချင်းလေး၊ စိုးနောင်ဦးနဲ့ သန့်ဇင် တို့ကို ONE က ပွဲတည်ပေးခဲ့ပါတယ်။ ဒီဖိုက်တာ ၅ ယောက်လုံးဟာ ရှုံးပွဲတွေ ကြုံခဲ့ရပြီး ONE Friday Fights 121 မှာ ပွဲရရှိခဲ့တဲ့ […]

“ကြိုးဝိုင်းထဲမှာ နောက်တစ်ကြိမ်ကစားဖို့အတွက် ပြန်လာပါပြီ” လို့ ဒေဝဆို

Dawei Watch

September 9, 2025

မြန်မာလက်ဝှေ့ချန်ပီယံဟောင်း ဒေဝကတော့ “ကြိုးဝိုင်းထဲမှာ နောက်တစ်ကြိမ်ကစားဖို့ ဒေဝ ပြန်လာပြီလို့ အားလုံးကိုပြောလိုက်ပါ”ဆိုပြီး Post ရေးသားလွှင့်တင်လိုက်ပါပြီ။ ပရိသတ်တွေက သူ့ကို “တကယ်ပဲ ပြန်လာတော့မှာလား”လို့ မေးတဲ့မေးခွန်းတွေကိုလည်း ဒေဝက “မကြာခင်မှာ သိရပါလိမ့်မယ်”လို့ ပြန်ဖြေထားပါပြီ။ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ BKFC တို့ ပေါင်းစည်းလိုက်ပြီးတဲ့နောက်မှာ ကြိုးဝိုင်းထဲဆီကို ဒေဝ တစ်ကျော့ပြန်လည်ရောက်ရှိလာမယ့်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ ဒေဝဘက်က အခုလို အသိပေးလိုက်တာကြောင့် ဘယ်ပြိုင်ပွဲရဲ့ခေါင်းစဉ်အောက်မှာ ဒေဝ ပြန်လည်ပွဲထွက်လာလေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ BKFC ဘက်ကလည်း ဒေဝကို သူတို့အတွက် စိန်ခေါ်ပွဲတချို့ ထိုးပေးဖို့ လိုလားနေသလို ဒေဝကည်း BKFC ဘက်ကမှာ ရိုးရာလက်ဝှေ့ခါးပတ်ချန်ပီယံဖြစ်ချင်နေပါတယ်။ ဒေဝဟာ မြန်မာ့ရိုးရာလက်ဝှေ့ဘက်မှာ နာမည်ကောင်းတစ်ခု ရရှိခဲ့သလို ကမ္ဘောဒီးယားနိုင်ငံမှာလည်း ခွန်ခမာဖိုက်တာ ပရွမ်ဆမ်းနန်နဲ့ အထူးစိန်ခေါ်ပွဲ ထိုးခဲ့ဖူးပါတယ်။ ထိုင်းဖိုက်တာတွေနဲ့ […]

မြန်မာဖိုက်တာ ကျော်စွာဝင်းကို Fairtex Gym က ၄ နှစ်သက်တမ်းစာချုပ် ချုပ်လိုက်ပြီ

Dawei Watch

September 9, 2025

မြန်မာဖိုက်တာ ကျော်စွာဝင်းအတွက် တကယ့်ကို ဝမ်းသာစရာပါပဲ။ မန္တလေးသားလေး ကျော်စွာဝင်းရဲ့ စွမ်းဆောင်ရည်ကို သဘောကျနှစ်ခြိုက်တဲ့အတွက် Fairtex Gym ဟာ သူ့ကို စင်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပြောရမယ်ဆိုရင် အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့မြန်မာဖိုက်တာလေးကို Fairtex Gym က မွေးစားလိုက်တာပါပဲ။ Fairtex Gym က သူ့ကို ၄ နှစ်သက်တမ်းစာချုပ် ချုပ်ဆိုလိုက်ပြီဆိုတဲ့အကြောင်း ကျော်စွာဝင်းက သူ့ရဲ့ Facebook Account ကနေ တရားဝင်အသိပေးလာခဲ့ပါတယ်။ “ဆင်ခြေဖုံးရပ်ကွက်လေးထဲက ချာတိတ်လေးကို Fairtex ကလပ်က ၄ နှစ်သက်တမ်းစာချုပ်,ချုပ်ဆိုခဲ့ပါတယ်။ ပညာတွေအများကြီးသင်ယူပြီး ဒီထက်မက ကြိုးစားသွားပါဦးမယ်ခင်ဗျာ”ဆိုတာက Fairtex Gym က သူ့ကို စာချုပ်,ချုပ်လိုက်တာနဲ့ပတ်သက်ပြီး ကျော်စွာဝင်းရဲ့ ရင်ဖွင့်စကားသံတွေပါပဲ။ Fairtex Gym မှာ လေ့ကျင့်နေတဲ့ဖိုက်တာအားလုံးက ကျော်စွာဝင်းကို ညီအစ်ကိုရင်း၊ […]

လာမယ့်သောကြာ ONE ပွဲမှာ မြန်မာဖိုက်တာ အဲမွီကို ဒုခေါင်ပွဲစဉ်တည်ပေး

Dawei Watch

September 8, 2025

ONE Championship က လာမယ့်သောကြာနေ့မှာ ကျင်းပဖို့ရှိတဲ့ ONE Friday Fights 124 ပြိုင်ပွဲကြီးမှာ မြန်မာဖိုက်တာ အဲမွီကို ဒုခေါင်ပွဲအဖြစ် တည်ပေးလိုက်ပါပြီ။ မြန်မာဖိုက်တာ အဲမွီကို ထိုင်းဖိုက်တာ မမ်မို့နဲ့ ပွဲတည်ပေးထားတာပါ။ ဒီပွဲဟာ အဲမွီအတွက် အရမ်းကို အရေးကြီးပါတယ်။ အဲမွီဟာ အခုနောက်ပိုင်း ရလဒ်တွေ သိပ်မကောင်းလှပါဘူး။ နောက်ဆုံးထိုးခဲ့တဲ့ ၄ ပွဲမှာ မူဂါဆီတို ကို ကံကောင်းလို့ အနိုင်ရခဲ့တဲ့တစ်ပွဲကလွဲရင် ကျန်တဲ့ ၃ ပွဲကို အဲမွီ ရှုံးနိမ့်ထားပါတယ်။ အဲမွီ ဟာ Game Plan ပိုင်း အားနည်းလွန်းတာကြောင့် ဒီပွဲဟာ သူ့အတွက် အခက်တွေ့လာစရာ ရှိနေပါတယ်။ မာဂုဏ်ကို အားကိုးပြီး အတင်းဝင်ထိုးတဲ့ပုံစံကို အဲမွီ ဆက်သုံးရင် ရလဒ်ကောင်းဖို့က […]

ပွဲထွက်ကစားခွင့်ရချင်လို့ တူရကီကလပ် ထရက်ဇွန်စပေါဆီကို အိုနာနာ အငှားနဲ့ ပြောင်းပြီ

Dawei Watch

September 8, 2025

မန်ယူဂိုးသမား အိုနာနာ ဟာ တူရကီကလပ် ထရက်ဇွန်စပေါအသင်းဆီကို တစ်နှစ်သက်တမ်း အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါပြီ။ အသင်းနှစ်သင်းအကြားမှာ ပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အိုနာနာ ဟာ ပွဲထွက်ကစားခွင့်ရလိုတဲ့အတွက် အပြောင်းအရွှေ့ကို လက်ခံသဘောတူပေးလိုက်ရပြီဖြစ်ပါတယ်။ မန်ယူနည်းပြ အေမိုရင်ဘက်က အိုနာနာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့ မရှိတော့တဲ့အကြောင်း အတိအလင်း အသိပေးလိုက်အပြီးမှာ အိုနာနာဘက်က အငှားပြောင်းရွှေ့ဖို့ လက်ခံသွားခဲ့တာဖြစ်ပါတယ်။ အိုနာနာ ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ကင်မရွန်းလက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး ကစားခွင့်ရလိုတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ပေးအပ်မယ့် ထရက်ဇွန်စပေါဆီကို အငှားပြောင်းဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။ အိုနာနာဘက်က စာချုပ်တွေ လက်မှတ်ရေးထိုးပြီးစီးသွားခဲ့ပြီဖြစ်လို့ သိပ်မကြာခင်မှာပဲ အသင်းဆီကို အိုနာနာ လာရောက်ပူးပေါင်းတော့မှာဖြစ်ကြောင်း ထရက်ဇွန်စပေါအသင်းဘက်ကလည်း သတင်းထုတ်ပြန်ထားပြီဖြစ်ပါတယ်။ အိုနာနာအတွက် ထရက်ဇွန်စပေါနဲ့ မန်ယူအသင်းတို့အကြားမှာချုပ်ဆိုထားတဲ့စာချုပ်အရ အပြီးသတ်ဝယ်ယူခွင့် ဒါမှမဟုတ် […]

ဂျိုတာအတွက် ၂၁ မိနစ်မှာ ဂိုးသွင်းပေးခွင့်ရချင်တယ်လို့ ပြောပြီးဖြစ်အောင်လုပ်ပြခဲ့တဲ့ စီရော်နယ်ဒိုကို နည်းပြမာတီနက်ဇ် ချီးကျူး

Dawei Watch

September 8, 2025

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တို မာတီနက်ဇ်က စီရော်နယ်ဒိုဟာ ပွဲကစားခင် ဂျိုတာအတွက် အမှတ်တရဖြစ်အောင် ၂၁ မိနစ်မှာ ဂိုးရအောင် သွင်းပေးချင်တယ်လို့ သူ့ကို ပြောသွားခဲ့ပြီး တကယ်လည်းပဲ ဖြစ်အောင်လုပ်ပြသွားတယ်လို့ ချီးကျူးစကားပြောသွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီက အာမေးနီးယားကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းအတွက် ဒုတိယမြောက်ဂိုးကို ပွဲကစားချိန် ၂၁ မိနစ်အရောက်မှာ သွင်းပေးသွားခဲ့တာဖြစ်ပြီး ဒီဂိုးဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကျောနံပါတ် ၂၁ ကို ဝတ်ဆင်ကစားပေးခဲ့သူ ဂျိုတာအတွက် ရည်ညွှန်းတဲ့ဂိုးလို့ စီရော်နယ်ဒိုက ပြောသွားခဲ့ပါတယ်။ ဂျိုတာနဲ့ သူ့ရဲ့ ညီဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၃ ရက်နေ့က စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါပြီး စီရော်နယ်ဒိုကတော့ “ဂျိုတာဟာ အသင်းနဲ့အတူ မခွဲအမြဲ ထာဝရတည်ရှိသွားမယ့်ကစားသမားသာဖြစ်ကြောင်း”ပွဲအပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ […]

ဂိုးသမား အိုနာနာ အငှါးအပြောင်းအရွှေ့အတွက် မန်ယူနဲ့ တူရကီကလပ် သဘောတူညီမှုရပြီ

Dawei Watch

September 6, 2025

မန်ယူအသင်းဟာ အသင်းဂိုးသမား အိုနာနာ ကို ထရက်ဇွန်စပေါဆီ အငှားပြောင်းရွှေ့ကစားဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်ခိုင်းလိုက်ပြီလို့ ESPN က ဖော်ပြထားပါတယ်။ တူရကီကလပ် ထရက်ဇွန်စပေါနဲ့ မန်ယူအသင်းတို့ရဲ့အကြားမှာ အိုနာနာရဲ့အငှားအပြောင်းအရွှေ့အတွက် အပြီးသတ် သဘောတူညီမှုရသွားခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ကာယကံရှင်ကစားသမားဖြစ်သူရဲ့ဆုံးဖြတ်ချက်သာ လိုအပ်ပါတော့တယ်။ မန်ယူဟာ အိုနာနာကို ထရက်ဇွန်စပေါဆီ တစ်ရာသီစာ အငှားချဖို့ သဘောတူညီထားပြီး ဒီအငှားစာချုပ်မှာ အိုနာနာရဲ့ စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျခဲ့ရင် ထရက်ဇွန်စပေါအနေနဲ့ အပြတ်ဝယ်ယူနိုင်တယ်လို့လည်း မန်ယူက အခွင့်အရေးတစ်ရပ် ပေးအပ်ထားပါတယ်။ မန်ယူနည်းပြ အေမိုရင် ဟာ ဂိုးသမား အိုနာနာကို အသင်းမပြောင်းဘဲ မန်ယူဆီမှာပဲ ကစားသမားဘဝ ဆက်လက်ဖြတ်သန်းမယ်ဆိုရင် တတိယဦးစားပေးအဖြစ်ပဲ ပွဲထွက်ရတော့မယ်လို့ အသိပေးထားပြီဖြစ်ပါတယ်။