ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြဝတီတွင် ဖမ်းဆီးပိတ်လှောင်ခံရသော အိန္ဒိယနိုင်ငံသား ၃၈ ဦးကို ထပ်မံကယ်တင်နိုင်ခဲ့

diz_admin

November 21, 2022

မြန်မာနိုင်ငံသို့ လူကုန်ကူးခံရပြီး မြဝတီတွင် ပိတ်လှောင်ခံထားရသည့် အိန္ဒိယနိုင်ငံသား ၃၈ ဦးကို ကယ်တင်ကာ နေရပ်ပြန်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ ဒစ်ဂျင်တယ် ငွေကြေးလိမ်လည်မှုများ စေခိုင်းရန်အတွက် မြဝတီဒေသရှိ အွန်လိုင်းရာဇဝတ်မှုများ ကျူးလွန်နေသော ကုမ္ပဏီများတွင် ပိတ်လှောင်ခံထားရသူများ ဖြစ်သည်။ လူကုန်ကူးခံခဲ့ရသော အိန္ဒိယနိုင်ငံသားများကို ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့သို့ ပို့ဆောင်နိုင်ခဲ့ကြောင်း အိန္ဒိယသံရုံး၏ Twitter စာမျက်နှာတွင် ဖော်ပြသည်။ IT ပညာရှင်လူငယ်များကို ဘန်ကောက်နှင့် ဒူဘိုင်းအခြေစိုက် အွန်လိုင်းအေဂျင်စီအချို့က ထိုင်းနိုင်တွင် လုပ်ကိုင်ရန် လစာအမြောက်အများဖြင့် မက်လုံးပေးကာ လိမ်လည်ခေါ်ယူပြီး မြန်မာနိုင်ငံဘက်သို့ လူကုန်ကူးခဲ့သည့်ကြောင်းကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သော စက်တင်ဘာလက သတိပေးထုတ်ပြန်ထားခဲ့သည်။ ပိတ်လှောင်ခံရသူများ ပြန်လွတ်ရန်အတွက်လည်း crypto-currency ကဲ့သို့သော ဆိုင်ဘာငွေကြေးလုပ်ငန်းများက […]

ထင်ရှားသော အီရန်သရုပ်ဆောင်မင်းသမီးနှစ်ဦး လူထုအုံကြွမှုကို ထောက်ခံသဖြင့် အဖမ်းခံရ

diz_admin

November 21, 2022

အစိုးရဆန့်ကျင်ရေး အုံလိုက်ကျင်းလိုက် ဆန္ဒပြပွဲများကို လူသိထင်ရှား ထောက်ခံခဲ့သဖြင့် အီရန်ရုပ်ရှင်မင်းသမီး နှစ်ဦး အဖမ်းခံထားရကြောင်း BBC သတင်းက ဖော်ပြထားသည်။ ဟန်ဂါမာဂါဇီယာနီ နှင့် ကာတာယွန်ရီရာဟီ တို့ကို အီရန်အာဏာပိုင်အား ဆန့်ကျင်မှု၊ ပူးပေါင်းပါဝင်မှုတို့ဖြင့် အရေးယူထားကြောင်း အီရန်အစိုးရမီဒီယာက လည်း ဖော်ပြထားသည်။ အဆိုပါ အမျိုးသမီးများသည် ဆန္ဒပြသူများနှင့် တစ်သားတည်း ရပ်တည်သည့် အနေဖြင့် ဦးခေါင်းခြုံထည်များ မပါဘဲ အများမြင်ကွင်းရှေ့ကို ထွက်လာခဲ့ကြသည်။ အဖမ်းခံထားရသည့် အမျိုးသမီးတစ်ဦး သေဆုံးသည့်အတွက် မကျေနပ်ရာမှ စက်တင်ဘာလတွင် ဆန္ဒပြပွဲများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြို့တော် တီဟီရန်တွင် အသက် (၂၂) နှစ်အရွယ် အမျိုးသမီး မာရှာအမီနီ သည် တင်းကျပ်စွာ ချမှတ်ထားသော ဦးခေါင်းခြုံထည်ဝတ်ဆင်ရမည့် ဥပဒေသကို ချိုးဖောက်ခဲ့ရမှာ အကျင့်စာရိတ္တကွပ်ကဲရေး ရဲတပ်ဖွဲ့က […]

မြိတ်တွင် ရော်ဘာဈေး ဆက်တိုက်ကျ

diz_admin

November 21, 2022

မြိတ်မြို့ရှိ ရော်ဘာဈေးကွက်တွင် ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်နေသူတို့မှ သိရသည်။ ရော်ဘာ ဈေးစဖွင့်သည့် စက်တင်ဘာလအတွင်းက ရော်ဘာမှိုင်းခံ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်‌ကျော် ရရှိခဲ့ရာမှ အောက်တိုဘာလတွင် ၅၀၀၀ ကျပ်သို့ ဈေးကျဆင်းလာခဲ့ကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့က ပြောသည်။ နိုဝင်ဘာလအစမှစပြီး ၄၅၀၀ ကျပ်သို့ ကျဆင်းလာပြီးနောက် တဖြေးဖြေးကျဆင်းလာရာ လက်ရှိတွင် ၄၂၀၀ ကျပ်သာ ဈေးရှိတော့ကြောင်း ဒေါရွာရှိ ရော်ဘာခြံရှင်တစ်ဦးက ဆိုသည်။ “လေးထောင်ကျော်ဖြစ်‌နေတာ တစ်ပတ်ကျော်လောက်ရှိနေပြီ။ ရော်ဘာဈေးက သူတို့ (အဝယ်ဒိုင်များ) ပဲ ဈေးကစားနေကြတာ” ဟု ၎င်းက ပြောသည်။ ထို့အပြင် ဂေါ်လီချေး၊ ခွက်ကပ် (အခြောက်) တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ကျော်မှ ၂၀၀၀ ကျပ်ဝန်းကျင်ခန့်သာ ဈေးရတော့ကြောင်း ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်နေသူအချို့က ပြောဆိုသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

November 19, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၃ ရက်မှ ၁၉ ရက်အထိ လွတ်ငြိမ်း နိုင်ငံတကာဖိအားကြောင့်လော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သည့် အမျိုးသားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးကာ နိုဝင်ဘာလ ၁၇ရက်က ပြန်လွှတ်ပေးလိုက် သည်။ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုသည့် စာရင်းတွင် ထင်ရှားသူအချို့အပြင် NLD အစိုးရလက်ထက်က အစိုးရအဖွဲ့တွင် တာဝန်ထမ်းခဲ့သူများ၊ စီးပွားရေးအကြံပေးနှင့် ဗြိတိန်သံအမတ်ဟောင်းအပါအဝင် နိုင်ငံခြားသားလေးဦးတို့လည်း ပါဝင်ခဲ့သည်။ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ခုနစ်ရာကျော် ပါဝင်သည်ဟု ဆိုထားသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကမူ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်း […]

ထိုင်းတောင်ပိုင်းတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၄၀ ကျော် ဖမ်းဆီးခံရ

diz_admin

November 19, 2022

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၂ ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်စောစောပိုင်းတွင် ဖမ်းဆီးရမိကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ စူရတ်ဌာနီခရိုင် ဖူးဖင်းဒေသ အမှတ် (၄၁) အမြန်လမ်းတွင် ထိုင်းနိုင်ငံသားနှစ်ဦး မောင်းနှင်လာသော ပစ်ကပ်ကား နှစ်စီးကို ထိုင်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ တရားမဝင် ဝင်ရောက်လာကြသော မြန်မာအလုပ်သမား ၄၂ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နံနက် ၃ နာရီအချိန်ခန့်တွင် ပထမအဖြူရောင်ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ၌ ကား၏ အနောက်ဘက်ကို တာလပတ်များဖြင့် ဖုံးအုပ်ထားပြီး ယင်းအောက်တွင် မြန်မာအလုပ်သမား အမျိုးသား ၁၈ ဦး လိုက်ပါလာခဲ့ကြောင်း ရေးသားထားသည်။ ကားမောင်းသမားကို စစ်ဆေးမေးမြန်းရာတွင် တရားမဝင် မြန်မာအလုပ်သမားကို […]

မော်တုံးရွာမှ စစ်ရှောင်ငါးရာဝန်းကျင် နေရပ်မပြန်ရဲသေး

diz_admin

November 19, 2022

တနင်္သာရီမြို့နယ်၊ အနောက်မော်တုံးကျေးရွာမှ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ၅၀၀ ခန့်မှာ နေရပ်မပြန်ရဲသေးကြောင်း ယနေ့နံနက်ပိုင်းက သိရှိရသည်။ နိုဝင်ဘာလ ၁၄ ရက်က အနောက်မော်တုံးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့တိုက်ပွဲဖြစ်ပြီး ကျေးရွာနေ ဒေသခံပြည်သူ ၅၀၀ နီးပါး တောအတွင်း တိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။ “အမြောက်တပ်က ရွာထဲကို ညတိုင်းလက်နက်ကြီးတွေနဲ့ ထုနေတာ တစ်ယောက်မှ ရွာမပြန်ရဲကြသေးဘူး။ စားရေးသောက်ရေးကလည်း ခက်ခဲ။ကလေးတွေဆို မုန့်မစားရလို့ ငိုသူငိုကြနဲ့” ဟု အနောက်မော်တုံးရွာမှ စစ်ဘေးရှောင် ကလေးနှစ်ယောက်မိခင် ကပြောသည်။ အနောက်မော်တုံးကျေးရွာသည် မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စု လမ်းမကြီးအနီး တစ်မိုင်ခန့်တွင်တည်ရှိပြီး ယင်းရွာအဝင်လမ်းဆုံတွင် စစ်ကောင်စီအမြှောက်တပ်ရင်း ရှိကြောင်း ဒေသခံများ ထံမှသိရသည်။ အနောက်မော်တုံးရွာ တိုက်ပွဲမှာ တစ်ရက်သာဖြစ်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရွာအတွင်း […]

စစ်ကောင်စီလေယာဉ် စက်ချို့ယွင်းပြီး ထားဝယ်က လယ်ကွင်းအတွင်းထိုးဆင်း

diz_admin

November 19, 2022

မြိတ်မြို့မှ မှော်ဘီလေတပ်စစ်ခန်းသို့ အုပ်စုဖွဲ့ ပျံသန်းလာသော လေယာဉ်တစ်စီး ယနေ့ နံနက်ပိုင်းတွင် စက်ချို့ယွင်းကာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ လယ်ကွင်းတစ်ခု အတွင်း ထိုးဆင်းသွားခဲ့သည်။ စုစုပေါင်း လေယာဉ် ၇ စီးဖြင့် သုံးအုပ်စုခွဲ ပျံသန်းလာသော လေယာဉ်အုပ်စုတွင် တစ်စီးမှာ စက်သေသွားခဲ့ပြီး သရက်ချောင်းမြို့နယ် ကျွဲစပ်ရွာအနီး လယ်ကွင်းအတွင်း အရေးပေါ် ထိုးဆင်းသွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် လေယာဉ်မှူးနှင့် နောက်လိုက်တစ်ဦး ပါရှိသည်။ “နှစ်ယောက်စလုံး ဘာမှ မဖြစ်ဘူး၊ လေယာဉ် တောင်ပံ ပဲ့သွားတာလောက်ပဲ လို့ပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လေယာဉ်ထိုးဆင်းချိန်တွင် တစ်အုပ်စုတည်း ပျံသန်းလာသော အခြားလေယာဉ် နှစ်စီးက ဝေဟင်မှ ဝဲပျံစောင့်ကြည့်နေကြောင်း ဒေသခံများထံမှ သိရသည်။ လေယာဉ်မှာ PT6 အမျိုးအစား ပန်ကာတပ် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

November 19, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ လွှတ်တော်ထဲ ဒီမိုကရက်တစ်ခေါင်းဆောင်တာဝန်မှ နန်စီပေလိုစီ နုတ်ထွက်မယ် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ရဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်တော့မယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီဝင်တွေက လွှတ်တော်အတွင်း လူများစုနေရာကို အနိုင်ရခဲ့ပါတယ်။ ပေလိုစီဟာ အောက်လွှတ်တော်မှာ ဆန်ဖရန်စစ္စကို ကိုယ်စားပြုပြီး ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။ ရီပတ်ဘလီကန်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်ရွေးကောက်ပွဲတွေအပြီးမှာ အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းထားကြတာပါ။ ဒီမိုကရက်ပါတီဝင်တွေကတော့ အထက်လွှတ်တော်ကို ဆက်လက်ထိန်းချုပ်ထားပါတယ်။ Ref: BBC ……………………………….. တရုတ်-ကနေဒါ ဆက်ဆံရေး ဆွေးနွေးခဲ့သမျှကို မီဒီယာကို […]