ထိုင်းနိုင်ငံမှ သီးပင်စားပင် ပျိုးပင်၊ ပန်းပင်များတင်သွင်းရန်ခက်၍ ပစ္စည်းပြတ်
diz_admin
March 17, 2023လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ထိုင်းနိုင်ငံမှ သီးပင်စားပင် ပျိုးပင်၊ ပန်းပင်များ တင်သွင်းရန် ခက်ခဲနေပြီး စျေးကွက်အတွင်း စ္စည်းပြတ်လပ်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက ပျိုးပင်၊ သီးပင်၊ စားပင်၊ ပန်းပင်ရောင်းသူအချို့က ပြောသည်။ ရော်ဘာ၊ ဒူးရင်းပျိုးပင်၊ အုန်းပင်၊ သရက်၊ ကြက်မောက်၊ မင်းဂွတ်၊ ထိုင်းဘန်ဒါပင်၊ အလှပန်း၊ သစ်ခွပန်း စသည့်ပျိုးပင်၊ ပန်းပင်များကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေကြခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကာလတွင် နှစ်ဖက်တိုက်ပွဲများနှင့် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှု၊ လမ်းကြောင်းပိတ်ဆို့မှု၊ စစ်ဆေးမှုများကြောင့် တင်သွင်းရန် အခက်တွေ့လာကြောင်း ပျိုးပင်၊ ပန်းပင်ရောင်းသူ အချို့က ပြောသည်။ နိုင်ငံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ကော့သောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ တင်သွင်းနေသည့် ဒူးရင်းပျိုးပင်များ တင်သွင်းမှုကို ရပ်နားထားရသည်မှာ ၇ လခန့်ရှိပြီဟု ထားဝယ်မြို့၊ သပြေချောင်းရွာမှ […]


