ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေး-ထားဝယ် ကားလမ်း လော့သိုင်းရွာအနီး နှစ်ဖက်ထိတွေ့ပစ်ခတ်

Dawei Watch

October 8, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ နှင့် မလွှဲတောင်ကြားရှိ လော့သိုင်းရွာဝန်းကျင်တွင် ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။ လော့သိုင်းရွာသည် ရေး-ထားဝယ် ကားလမ်းမပေါ်တွင် တည်ရှိသည် ကျေးရွာဖြစ်သည်။ မိနစ် ၃၀ ခန့်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် အခြေအနေပြန်ငြိမ်နေကာ လမ်းပိုင်းတွင်လည်း ပုံမှန်သွားလာ၍ ရနေဆဲဖြစ်ကြောင်း လမ်းပိုင်းရှိ ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦးက ပြောသည် ။ ယင်းလမ်းပိုင်း၌ စစ်ရေးလှုပ်ရှားမှု ပြုလုပ်သည့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုမှ ဒေါနစစ်ကြောင်း ၃ စစ်ကြောင်းမှူးအား မေးမြန်းရာ ထိတွေ့မှု ရှိခဲ့သည်ကို အတည်ပြုနိုင်ပြီး နှစ်ဖက်ထိခိုက်မှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ဆိုသည်။ စစ်အာဏာရှင်တပ်သား တစ်ရာကျော်သည် လတ်တလောတွင် ရေး-ထားဝယ်ကားလမ်းပိုင်း […]

သစ်ပင်ခုတ်ရင်း ပုရွက်ဆိတ်အကိုက်ခံရ၍ ထိုင်းနိုင်ငံသားတစ်ဦး သေဆုံး

Dawei Watch

October 8, 2025

ဘန်ကောက်မြို့အနီး စမွတ်ပရာကန်ပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးခြံတစ်ခုတွင် သစ်ပင်ခုတ်နေသည့် ထိုင်းလူမျိုး အလုပ်သမားတစ်ဦး ပုရွက်ဆိတ်အကိုက်ခံရ၍ သေဆုံးမှု အောက်တိုဘာ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားသည့် နေရာမှာ စမွတ်ပရာကန်ခရိုင်၊ ဘန်းဘိုဝါနယ်မြေ၊ ခလောဒန်ဒေသ ရှိ ဆွိုင်ဆာဝမ်အာရုံဘုရားကျောင်းအနီးမှ စိုက်ပျိုးမွေးဖြူရေးခြံတစ်ခု ဖြစ်သည်။ သေဆုံးသူမှာ အသက် ၃၉ နှစ်အရွယ် အဲကဖန် ထီးယန်ဖန်ထောင် ဆိုသူ ထိုင်းလူမျိုး ခြံအလုပ်သမားတစ်ဦး ဖြစ်သည်။ အခင်းဖြစ်ပွားနေသည့်နေ့တွင် အဲကဖန်နှင့် နောက်ထပ်အလုပ်သမားတစ်ဦးအား ခြံအတွင်း ငါးမွေးကန်ဘေးမှ သစ်ပင်များကို ခုတ်ပေးရန် အလုပ်ရှင်က ညွှန်ကြားခဲ့သည်။ အဲကဖန်သည် သစ်ပင်ပေါ် တက်သွားခဲ့ပြီးနောက် မကြာမီ ၎င်းအား ပုရွက်ကိုက်ခံနေရကြောင်း နာကျင်စွာ အော်ဟစ်ပြောဆိုခဲ့သည်။ ယင်းနောက် သစ်ပင်ပေါ်မှ ၎င်း ပြန်ဆင်းဖို့ လုပ်ချိန်တွင် သစ်ပင်ပေါ်မှ မြေကြီးပေါ်သို့ […]

ထီးခီးရွာကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးအလုံး ၄၀ ကျော်ကြဲချ

Dawei Watch

October 8, 2025

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) ထိန်းချုပ်ထားသည့် ထီးခီးရွာကို စစ်အာဏာရှင်လေတပ်က Y-12 လေယာဉ်ဖြင့် ယနေ့ (အောက်တိုဘာ ၈) မနက်အစောပိုင်းတွင် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။ ယနေ့ မနက် ၈ နာရီကျော်မှစကာ Y-12 လေယာဉ်ဖြင့် ၁၀ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်ကြိမ်တွင် ဗုံးအလုံးရေ ၄ လုံး ၅ လုံးခန့်ဖြင့် ဗုံးသီးအလုံးရေ ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “သူကရွာထဲမှာလိုက်ချတာပေါ့နော်၊ ရွာသားတွေလည်းကြောက်တယ်၊ အဆောက်အအုံတချို့တော့ ထိခိုက်မှုရှိတာပေါ့နော်၊ လူကတော့ အဆင်ပြေပါတယ်” ဟု ပဒိုစောအယ်နားက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးခီးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုတွင် […]

ဒိန်းမတ်တွင် အသက် ၁၅ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှု ပိတ်ပင်မည်

Dawei Watch

October 8, 2025

နိုင်ငံအတွင်း အသက် ၁၅ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှုကို ပိတ်ပင်ရန် စီစဉ်နေကြောင်း ဒိန်းမတ်အစိုးရက အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ဖော်အသိပေးလိုက်သည်။ သို့သော် အသက် ၁၅ နှစ်အောက် ကလေးများအတွက် မည်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ဒိန်းမတ်အစိုးရက ပိတ်ပင်သွားမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မည်သည့်နည်းလမ်းများဖြင့် လက်တွေ့ပိတ်ပင်သွားမည်ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ အင်္ဂါနေ့က လွှတ်တော်တွင် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က “ကျွန်မတို့ မကောင်းဆိုးဝါးတစ်ကောင် လွှတ်ပေးလိုက်မိပြီ” ဟု ပြောဆိုခဲ့သည်။ “ဆဲလ်ဖုန်းနဲ့ ဆိုရှယ်မီဒီယာက ကျွန်မတို့ ကလေးတွေရဲ့ ကလေးဘဝကို လုယူနေတယ်” ဟု သူမက ပြောသည်။ အသက် ၁၁ မှ ၁၉ […]

ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စာအုပ် ထုတ်ပေးရေးစခန်းအသစ် ဖွင့်မည်

Dawei Watch

October 8, 2025

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးရေးစခန်းအသစ်တစ်ခုကို လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်တွင် တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။ CI စာအုပ်သက်တမ်းတိုးစခန်းများကို စမွတ်စခွန် မဟာချိုင်၊ စမွတ်ပရကန် ဖပဲဒင်၊ ချင်းမိုင် မဲရင်းနှင့် စူရတ်ဌာနီ ဖုဖိန်းဒေသများတွင် ဩဂုတ်လ ၆ ရက်နေ့မှစ၍ ဖွင့်လှစ်ပေးထားပြီးဖြစ်သည်။ ယင်းစခန်းလေးခုအနက် ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် CI စာအုပ်ထုတ်ပေးရေး စခန်းတစ်ခုသာ ဖွင့်လှစ်ထားသဖြင့် တောင်ပိုင်းရှိ မြန်မာအလုပ်သမားများအတွက် လုံလောက်မှု မရှိပေ။ ယင်းကြောင့်ထိုင်းတောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများမှာ စမွတ်စခွန်၊ စမွတ်ပရကန်ခရိုင်များအထိ လာရောက်ပြီး CI စာအုပ်သက်တမ်းတိုး လုပ်ဆောင်နေသည်ကို တွေ့ရသဖြင့် ယင်းစခန်းများတွင် […]

တနင်္သာရီ ကမ်းတိုရွာဟောင်းတွင် စစ်အာဏာရှင်တပ်က မြေမြှုပ်မိုင်းများထောင်ပြီး ပြန်ဆုတ်

Dawei Watch

October 7, 2025

တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာဟောင်းမှ ပြန်ဆုတ်သွားသည့် စစ်အာဏာရှင်တပ်က ဥယျာဉ်ခြံများအတွင်း မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အောက်တိုဘာ ၃ ရက်နေ့က ကမ်းတိုရွာဟောင်းဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်ဖြစ်သည့် အောက်တိုဘာလ ၄ ရက်နေ့တွင် စစ်အာဏာရှင်တပ်က ရမ်းဖိုရွာဘက်ကို ဆုတ်ခွာသွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ထိုသို့စစ်အာဏာရှင်တပ် ပြန်ဆုတ်သွားပြီးနောက် တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းစဥ် ဆုတ်သွားသည့် လမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။ စစ်အာဏာရှင်တပ်နှင့် တိုက်ပွဲဖြစ်သည့် ကမ်းတိုရွာဟောင်းဝန်းကျင်ရှိ ဥယျာဥ်ခြံများအတွင်း မြေမြုပ်မိုင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ခြေနင်းမိုင်းတွေက တော်လှန်ရေးတပ်ဖွဲ့က ဖော်ပေးနေတယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။ မြေမြှုပ်မိုင်းများကို တော်လှန်ရေးတပ်များ သွားလာနိုင်သည့် လူသွားလမ်းတစ်လျှောက်နှင့် […]

စစ်အာဏာရှင်တပ်က ဖမ်းထားသည့် တနင်္သာရီဒေသခံ ၂၇ ဦးတွင် ၂၂ ဦးပြန်လွတ်

Dawei Watch

October 7, 2025

တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာဟောင်းမှနေ၍ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ဖမ်းဆီးထားသည့် ပြည်သူ ၂၇ ဦးအနက် ၂၂ ဦး ပြန်လွတ်လာကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးထားသူများအနက် ၂၂ ဦးကို အောက်တိုဘာလ ၆ ရက်ညနေပိုင်းတွင် စစ်အာဏာရှင်၏ အမှတ် ၅၅၇ တပ် ‌ခြေမြန်တပ်ရင်းမှ ဘန်းလမွတ်ကျေးရွာသို့ ကားဖြင့်တင်ဆောင်၍ ပြန်လွှတ်ပေးလိုက်ကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ကျန်သည့် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးမှာ ပြန်မလွတ်သေးဘဲ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ၎င်းကပြောသည်။ “လှေထဲကနေ ဖမ်းသွားသူတွေလောက်ပဲ ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်လိုက်တဲ့အထဲမှာ ကလေးနဲ့ မိန်းမတွေ များတယ်။ တိုက်ပွဲဖြစ်ပြီးနောက် ခြံထဲက ဖမ်းသွားသူတွေ ပြန်မလွတ်သေးဘူး”ဟု အထက်ပါ‌နီးစပ်သူက ဆိုသည်။ စက်တင်ဘာ ၃ ရက်‌နေ့က […]

ရွာလုံးကျွတ် စစ်ဘေးရှောင်နေရသည့် ရေဖြူ၊ ဇာဒီရွာတွင် အစဥ်အလာမပျက် ဗုဒ္ဓကျမ်းစာများ ရွတ်ဖတ်ပူဇော်

Dawei Watch

October 7, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီရွာတွင် ယခုနှစ် သီတင်းကျွတ်ကာလ၌ ဗုဒ္ဓဝင်၊ ရှင်မာလဲဝတ္ထု၊ ဝေဿန္တရာဇာတ်တော်နှင့် အဘိဓမ္မာရွတ်ဖတ်ပူဇော်ပွဲကို အစဥ်အလာမပျက် ကျင်းပခဲ့ကြောင်း ရွာသားများထံမှသိရသည်။ အောက်တိုဘာလ ၄ ရက်မှ ၇ ရက်အထိ ယခင်အစဥ်အလာအတိုင်း ကျမ်းစာအုပ်များကို လာရောက်ပူဇော် ရွတ်ဖတ်သူ နှစ်ဆယ်ဦးခန့်က ဘုန်းကြီးကျောင်းတွင် ညအိပ်၍ လာရောက်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ ယခင်က သုံးရက်ဆက်တိုက် ညလုံးပေါက် ရွတ်ဖတ်ပူဇော်ကြသော်လည်း ယခုနှစ်တွင်မူ ရွတ်ဖတ်မည့်သူများက စစ်ဘေးရှောင်နေရာမှ လာရောက်ရွတ်ဖတ်ရသည့်အပြင် လျှပ်စစ်မီးလည်း ဖြတ်တောက်ခံထားရသဖြင့် ည ၈ နာရီဝန်းကျင်အထိသာ ညစဥ်ရွတ်ဖတ်ခဲ့ရကြောင်း ရွတ်ဖတ်ပူဇော်ခဲ့သူတစ်ဦးက ပြောသည်။ “စာအုပ်တွေ ကျော်ဖတ်ရတာပေါ့။ အစနဲ့အဆုံးကို အဓိကထားဖတ်ရတယ်။ ကြားကစာအုပ်အများစု ကျော်လိုက်ရတယ်။ မီးစက်နှိုးပြီးဖတ်ရတာရော၊ လုံခြုံရေး စိတ်မချတာရောပေါ့။ ပထမစဖတ်တဲ့ ရက်မှာတောင် စစ်သားတွေ လာကြည့်လို့ […]