BREAKING
November 2, 2025

သတင်း

စစ်အာဏာရှင်တပ်က အမျိုသားနှစ်ဦးကို ၁၅ ရက်ကြာဖမ်းထားပြီး ပြန်မလွှတ်သေး

Dawei Watch

August 14, 2025

ရေဖြူမြိုနယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် ဩဂုတ်လ ပထမပတ်မှစ၍ စစ်အာဏာရှင်တပ်က ဖမ်းဆီးထားသည့် ဆယ်ကျော်သက်အရွယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့မှာ ယနေ့(ဩဂုတ် ၁၄)နံနက်ပိုင်းအထိ ပြန်မလွတ်သေးကြောင်း ဒေသခံတစ်ဦးကပြောသည်။ စစ်အာဏာရှင်စစ်ကြောင်းက အသက် ၁၇ နှစ်အရွယ်ရှိ ပရဒတ်ရွာသား မောင်အောင်ဖြိုးဝေဆိုသူကို ဩဂုတ်လ ၂ ရက် နေ့က နေအိမ်တွင်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ထိန်ကြီးရွာသား ဦးမျိုးပိုင်ဆိုသူကိုလည်း ယင်းစစ်ကြောင်းကပင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ “အောင်ဖြိုးဝေကိုစစ်တပ်က အိပ်နေတုန်း အိမ်ပေါ်ထိတက်ပြီး ဖမ်းသွားတာ အဖမ်းခံရတုန်းက ဖုန်းပါသွားတော့ သူ့ဖုန်းထဲကြည့်ပြီး စစ်ဆေးနေတယ်လို့ ပြန်လွတ်လာသူတွေပြောလို့ သိရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ မောင်အောင်ဖြိုးဝေကို ရေနက်ဆိပ်ကမ်းရှိ ယာယီစစ်စခန်း၌ပင် ယနေ့အထိ ဖမ်းဆီးထားပြီး စစ်ဆေး နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိန်ကြီးရွာသား ဦးမျိုးပိုင်ကိုမူ ဩဂုတ်လ ၁၁ ရက်နေ့ ၌ ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းမှာ […]

ထိုင်းတွင် မြန်မာပထွေး၏ ရိုက်နှက်မှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးသေဆုံး

Dawei Watch

August 14, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက အသက် ၃ နှစ်အရွယ် မယားပါသား အမွှာကလေးနှစ်ဦး ရိုက်နှက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပထုံဌာနီခရိုင် လာလုကာဒေသတွင် အသက် ၂၃ နှစ်အရွယ် ကိုနေစိုင်းဦးသည် အသက် ၃၆ နှစ်အရွယ် မနွေးနွေးဦးနှင့် နောက်အိမ်ထောင်ပြုထားပြီး အမျိုးသမီး၏ အသက် ၃ နှစ်ရွယ် အမွှာကလေးငယ် မောင်နှမနှစ်ဦးနှင့်အတူ နေထိုင်သည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း သတင်းအရသိရသည်။ ဩဂုတ်လ ၉ ရက်နေ့ညက ကိုနေစိုင်းဦးသည် အလုပ်မှပြန်လာစဉ် အမွှာကလေးငယ်နှစ်ဦးသည် ငိုနေသဖြင့် ရိုက်နှက်ခဲ့ရာ ယောက်ျားလေးမှာ နံရံနှင့် ထိခိုက်မိခဲ့ဟုဆိုသည်။ ထို့နောက် ယောက်ျားလေးသည် တက်သွားပြီး ခန္ဓာကိုယ် တောင့်တင်းလာသဖြင့် ကိုနေစိုင်းဦးသည် အရေးပေါ် အသက်ကယ်နည်း […]

ကျွန်းစု ပဲ့တိုင်ရွာရှိ ပျူစောထီးအထိုင်စခန်းကို တော်လှန်ရေးတပ် ဒုတိယအကြိမ်ဝင်တိုက်

Dawei Watch

August 14, 2025

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျွေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာရှိ သိမ်တောင်ကုန်းပေါ်တွင် အထိုင်ချထားသည့် ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ‌) က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၃ရက် ညနေ ၃ နာရီခန့်တွင် အဆိုပါစခန်းကို ကျွန်းစု ပကဖ က ဝင်ရောက်တိုက်ခိုက်ရာ ပဲ့တိုင်ကျေးရွာ အရှေ့ဘက် ပင်လယ်ပြင်ရှိ စစ်အာဏာရှင်တပ်၏ စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါစခန်းအား ယခုဝင်ရောက်တိုက်ခိုက်မှုက ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၁၃ ရက်ကလည်း ပထမအကြိမ်‌ အလစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစု ပကဖ ထံမှ သိရသည်။ “အရင်တစ်ခါ သွားပစ်တုန်းကလည်း အထိအခိုက်ပဲရှိတယ်။ ပျူစောထီးတွေ ကျ (သေ)ဆုံးတာမျိုးတော့ မရှိဘူး။ ဘန်ကာက သူတို့အတွက် နည်းနည်းလုံခြုံစိတ်ချရတယ်ထင်တယ်။ ဒီတစ်ကြိမ်လည်း အထိအခိုက်ရှိနိုင်တယ်ဗျ။ […]

ထားဝယ်တွင် ကိုယ်ဝန်ဆောင်တစ်ဦး အရေးပေါ်လူနာတင်ယာဉ်ပေါ် ကလေးမွေးဖွား

Dawei Watch

August 13, 2025

ထားဝယ်မြို့ခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီဝန်းကျင်ခန့်တွင် အရေးပေါ် လူနာတင်ယာဉ်ပေါ်၌ ကလေးမွေးဖွားကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီခန့်တွင် ဗိုက်နာလာသဖြင့် အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ရာ ယာဉ်ပေါ်တွင် မွေးဖွားခြင်းဖြစ်ကြောင်း အထက်ပါ အဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။ “အရေးပေါ်ကားနဲ့တင်လာချိန် မီးသတ်လမ်းဆုံနားရောက်တော့ ကလေးက ဦးခေါင်းထွက်လာတယ်။ အဲဒီမှာ ဇမ္ဗူသီရိ စေတနာ့ဝန်ထမ်း ကိုကောင်းမြတ်စိုးက ကလေးထွက်လာဖို့ကနဦးဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံကို ပို့လိုက်တယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ဆိုသည်။ ကလေးငယ်မှာ ယောင်္ကျားလေးဖြစ်ပြီး ထားဝယ်ဆေးရုံကြီးသို့ရောက်ရှိချိန်တွင် မိခင်နှင့် ကလေးတို့မှာ ကျန်းမာရေး […]

တနင်္သာရီ ကျေးရွာလေးရွာက စစ်ရှောင် ၃၀၀၀ ကျော် အမိုးအကာနှင့် ရိက္ခာလိုအပ်

Dawei Watch

August 13, 2025

တနင်္သာရီမြို့နယ် ရမ်းဖိုရွာအနီးဝန်းကျင်နှင့် သစ်ပင်ခြောက်ရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင် တပ်သားတို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် အနီးအနားရှိကျေးရွာ ၄ ရွာမှ ပြည်သူများ ‌စစ်‌ဘေးရှောင်နေရပြီး အမိုးအကာနှင့် ရိက္ခာလိုအပ်နေကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။ ဇူလိုင်လ ၂၈ ရက်နေ့ကစကာ သစ်ပင်ခြောက်ရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲရက်ဆက်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါတိုက်ပွဲကြောင့် လယ်တောင်ယာရွာနှင့် တမုတ်ချုံးရွာရှိ ပြည်သူများ တိုက်ပွဲဖြစ်ချိန်မှ လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့က ပြောသည်။ လယ်တောင်ယာရွာမှ ပြည်သူ ၁၉၀၀ နီးပါးနှင့် တမုတ်ချုံးရွာမှ ၉၀၀ နီးပါး စစ်ရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့၏ စာရင်းအရ သိရသည်။ ဩဂုတ်လ ၄ ရက်နေ့တွင်မူ စစ်အာဏာရှင်တပ်သားများက ရမ်းဖိုရွာနှင့် အနီးဝန်းကျင်ကို […]

စစ်အာဏာရှင်တပ်က စစ်ကြောင်းထပ်ထိုး၍ တနင်္သာရီ သိန်ခွန်းရွာတွင် လေးရက်ဆက် တိုက်ပွဲပြင်းထန်

Dawei Watch

August 13, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့ သိန်ခွန်းရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်ရင်း လေးခုပေါင်းပြီး စစ်ကြောင်းထပ်ထိုးလာသဖြင့် လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်‌ရေး တပ်ဖွဲ့ဝင်များ ထံမှသိရသည်။ သိန်ခွန်းရွာဝန်းကျင်တွင် သြဂုတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်‌‌ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်သားများ အထိနာခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ဆိုသည်။ စစ်အာဏာရှင်တပ်၏ ခြေလျင်တပ်ရင်းများဖြစ်သည့် ၂၆၂ ၊ ၂၆၇၊ ၂၈၀၊ ၁၀၃ တပ်တို့ ပူးပေါင်းပြီး သိန်ခွန်းရွာ ဝန်းကျင်ကို စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ပြောသည်။ တိုက်ပွဲအတွင်းစစ်အာဏာရှင်တပ်က ထိခိုက်မှုများသဖြင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် သိန်ခွန်းရွာကို ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သိန်ခွန်းရွာ၏ အရှေ့ဘက် မောတောင်ဘက်ခြမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး […]

ထိုင်းတွင် လုပ်ငန်းခွင်ထဲ လက်ချောင်းများဆုံးရှုံးသော မြန်မာလုပ်သား တစ်နှစ်နီးပါးတရားရင်ဆိုင်ပြီးနောက် နစ်နာကြေး ဘတ်ငါးသိန်းရ

Dawei Watch

August 13, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သစ်သားစက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုဖြစ်ပြီး လက်ချောင်းများ ပြတ်သွားသော မြန်မာအလုပ်သမားတစ်ဦးသည် နစ်နာကြေး ဘတ် ငါးသိန်း ရရှိကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ သိရသည်။ ကိုမြတ်သူအောင်သည် ပြီးခဲ့သောနှစ် ဇူလိုင်လခန့်က ဘော်ထော်ဒေသရှိ သစ်သားစက်ရုံတွင် သစ်ခွဲနေစဉ် စက်ချို့ယွင်းမှု ကြောင့် သစ်ကိုင်ထားသော ဘယ်ဘက်လက်ကို ထိခိုက်မိပြီး လက်ချောင်း ငါးချောင်းစလုံး ဆုံးရှုံးခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။ လုပ်ငန်းခွင်ထဲ မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသော်လည်း အလုပ်ရှင်ဖြစ်သူက ကိုမြတ်သူအောင်၏ ဥပဒေအရ ရသင့်သော နစ်နာကြေးများကို တာဝန်ယူပေးခဲ့ခြင်းမရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် နစ်နာကြေးများ ရရှိရန် WAG အဖွဲ့ထံ အကူအညီတောင်းခံလာသဖြင့် ကိုမြတ်သူအောင်နှင့်အတူ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ချွန်ဘူရီခရိုင် […]

မြိတ်-ပုလောလမ်းပိုင်းရှိ ပလမြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

Dawei Watch

August 13, 2025

မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ်ရှိ ပလမြို့ကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း မြို့ခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် ပလမြို့ပေါ်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ “လေယာဉ်က ပတ်သွားတာက သုံးခေါက်။ လေယာဉ်က တော်တော်မြင့်တယ်။ ဦးဆုံး(ပထမ)တစ်ခေါက်က ဗုံး လေးလုံး ချသွားတယ်။ နောက်တစ်ခေါက် သေနတ်နဲ့ပစ်တယ်။ နောက်တစ်ခေါက်ရောပေါ့။ မြို့ပေါ်နေရာတချို့ကို ကြဲသွားတယ်” ဟု ပလ မြို့ခံတစ်ဦးက ပြောသည်။ ထိုသို့ ဗုံးမကြဲမီက နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ စစ်အာဏာရှင်တပ်သားများဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ပလမြို့နှင့် အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ ရက်မှစတင်ကာ […]