ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်ပင်လယ်ကမ်းနားတွင် ပုပ်ပွနေသည့်အလောင်းတွေ့

Dawei Watch

February 5, 2024

မြိတ်မြို့ကမ်းနားလမ်း ဆိပ်ကမ်းရှိ ပင်လယ်ကမ်းစပ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ပုပ်ပွသေဆုံး‌နေသည့် အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း ချစ်ကြည်ရေးပရဟိတအသင်း(မြိတ်)ထံမှ သိရသည်။ သေဆုံးရသည့် အကြောင်းအရင်းနှင့် မည်သူမည်ဝါ ဖြစ်သည်ဆိုခြင်းကို မသိရသေးပေ။ “ပုပ်ပွနေပြီး အရိုးကျတော့မယ်၊ ရေမြုပ်အလောင်းတော့ ခဏ ခဏ တွေ့ရတတ်တယ်။ လှေသားတွေ လှေပေါ်ကကျတာမျိုးတွေပေါ့ “ဟု ချစ်ကြည်ရေးပရဟိတအသင်း(မြိတ်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အလောင်းကို မြိတ်မြို့ရှိ စစ်ဆေးရုံရင်ခွဲဌာနသို့ ပို့ဆောင်ပေးထားကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း မြိတ်မြို့အနောက်လယ်ရပ်ကွက် အမှတ် ၁ ဘောတံတားအနီး ဂိုဒေါင်ရှေ့တွင်သေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ရသေးသည်။ ယင်းကြောင့်မြိတ်မြို့တွင် ယခုဖေဖော်ဝါရီလဆန်း ၅ ရက်ခန့်အတွင်း ချစ်ကြည်ရေးပရဟိတအသင်းက သယ်ယူပေးရသည့် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်း အထိရှိလာပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကလည်း တနင်္သာရီတိုင်းအတွင်း […]

ကော့သောင်း စူငယ်ဘာလိုင်းရွာတွင် စစ်ကောင်စီ တပ်လာစွဲပြီး ဒေသခံများကို သစ်ဝါးသယ်ခိုင်း

Dawei Watch

February 5, 2024

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဘာလိအော်ရွာရှိ တာဝါတိုင်ရှိသည့် တောင်ပေါ်တွင် စစ်ကောင်စီတပ်သား အများအပြား တပ်လာစွဲထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သား ၇၀ ခန့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကားများဖြင့်ရောက်လာပြီး တာဝါတိုင်ရှိသည့် တောင်ပေါ်တွင် တပ်စခန်းလာဆောက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယခင်ကမူ အဆိုပါတာဝါတိုင်တောင်ပေါ်တွင် စစ်ကောင်စီအစောင့် စစ်သား အနည်းငယ်သာရှိရာမှ လက်ရှိတွင် အင်အားအများအပြားဖြင့် တပ်လာစွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်သားများ ရောက်လာချိန်တွင် ဘာလိအော်ရွာရှိ ဒေသခံများကို တစ်အိမ်တစ်ယောက်နှုန်း မလာမနေရ ဆင့်ခေါ်ပြီးနောက် စခန်းဆောက်မည့် သစ်တိုင်၊ သစ်သားနှင့် ဝါးများကို တောင်ပေါ်သို့ သယ်ခိုင်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “တစ်အိမ်တစ်ယောက် တိုင်တွေ၊ သစ်တွေ၊ ဝါးတွေကို တောင်ပေါ်ကို ထမ်းပို့ခိုင်းတာပေါ့။ တစ်အိမ်တစ်ယောက် လုပ်အားပေးခေါ်တယ်” […]

ကလိန်အောင်အခြေစိုက် ခမရ ၄၁၀ တပ်ရင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

February 5, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၁၀ စစ်ကောင်စီ ခြေမြန်တပ်ရင်း ကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ ၄) က ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Dawei Defense Team DDT တပ်ခွဲ ၃ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြေင်း ဖေဖော်ဝါရီလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုအတွင်း ခမရ ၄၁၀ က အဆောက်အအုံအချို့ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးက ခုနစ်ဦးခန့်ဒဏ်ရာရသည်ဟု မြေပြင်သတင်းရင်းမြစ်များ၏ စုံစမ်းချက်အရသိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ခမရ ၄၁၀ […]

သရက်ချောင်း၊ ကင်းရှေ့ရွာတိုက်ပွဲတွင် အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

February 5, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတိုက်ပွဲတွင် အသက် ၆၀ ခန့်ရှိ အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၁ နာရီခန့်က ကင်းရှေ့ရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့က ကင်းရှေ့ရွာစာသင်ကျောင်းသို့ ဝင်ရောက်လာပြီးနောက် နေအိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးမှုများပြုလုပ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထိုသို့ စစ်ဆေးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်သဖြင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားကြောင်း ကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်ပြီးတော့လည်း လက်နက်ကြီးနဲ့ ပစ်နေသေးတယ်။ မနေ့ညကလည်း ပစ်တယ်။ အခုမနက်လည်း ပစ်တာရှိတယ်။ ရွာထဲပြန်မဝင်ရသေးဘူးဆိုတော့ သတင်းက အားလုံးသေချာ မသိရဘူး။ ကျွန်မတို့လည်းအခုထိ တောထဲမှာပဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။ […]

ကလိန်အောင် ဆံတော်ရှင်တောင်ပေါ်က တိမ်ပင်လယ်

Dawei Watch

February 5, 2024

ရှင်ကိုးရှင် စာရင်းဝင် ကလိန်အောင်မြို့ ဆံတော်ရှင်(ရှင်ဆံတော်) တောင်ပေါ်ရဲ့ မနက် ၈ နာရီခွဲဝန်းကျင် တိမ်ပင်လယ်မြင်ကွင်းကို ဖော်ပြလိုက်ပါတယ်။ ကိုဗစ်မတိုင်မီကာလက ဆောင်းရာသီ မနက်ခင်းတွေမှာ ကလိန်အောင်မြို့အနီးတစ်ဝိုက်က မြို့ခံတွေနဲ့ ထားဝယ်ဒေသခံက ဘုရားဖူးတွေ တိမ်ပင်လယ်ကြည့်ရင်း နေဆာလှုံကြဖို့ ဆံတော်ရှင် ဘုရားတောင်ပေါ်ကို အဖွဲ့လိုက် လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ ကိုဗစ်ကပ်ဘေးအလွန် ပဋိပက္ခအကျပ်အတည်းကာလမှာ ပွင့်လင်းရာသီဖြစ်ပေမယ့်လည်း မြို့ခံအနည်းစုသာ တိမ်ပင်လယ်ရှုခင်းကို လာရောက်ကြည့်ရှုခံစားကြတယ်လို့ ဘုရားစျေးသည်တွေက ပြောပါတယ်။ နေ့ကြီးရက်ကြီးတွေမှာတော့ ရပ်ဝေးဧည့်သည်မရှိပေမယ့် ဒေသခံဘုရားဖူးတွေကြောင့် စည်ကားလေ့ရှိပါတယ်။ ကလိန်အောင်ဆံတော်ရှင်စေတီကို ထားဝယ်မြို့ကနေ မြောက်ဘက် ၄၇ မိုင်အကွာ ကလိန်အောင်မြို့ ၊ ကလိန်အောင်ချောင်းတစ်ဘက်ကမ်းက တောင်ပေါ်မှာ တည်ထားကိုးကွယ်တာဖြစ်ပါတယ်။

အောင်မင်္ဂလာ အဝေးပြေးကားဝင်း မီးလောင်၊ ၃ ဦးသေဆုံး

Dawei Watch

February 5, 2024

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရှိ အောင်မင်္ဂလာအဝေးပြေး ယာဥ်ရပ်နားကွင်းတွင် ယနေ့(ဖေဖော်ဝါရီ ၅) နံနက် ၅ နာရီ ၅ မိနစ်က မီးလောင်ခဲ့ရာ ကားဂိတ်နှင့်ဆိုင်ခန်း ၇ ခန်း မီးလောင်ပျက်စီးပြီး လူသေဆုံးမှုလည်းရှိခဲ့ကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်ခဲ့သည့် မီးသတ်တပ်ဖွဲ့များထံကသိရသည်။ အောင်မင်္ဂလာအဝေးပြေးကွင်း ၊ (ပ) ကွင်း ၊ တနင်္သာရီလမ်းရှိ ရွှေလင်းယုန်ကားဂိတ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းကားဂိတ်တွင် အိပ်နေသည့် အမျိုးသားသုံးဦး မီးလောင်သေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တာဝန်ရှိသူ ဦးထင်လင်းအောင် ကပြောသည်။ “မီးစလောင်တာက လေအေးပေးစက် အပူလွန်ကဲပြီးလောင်တာပါ။ ၊ ဆိုင်ခန်း ၇ ခန်းလောက်ကတော့ မီးလောင်ပျက်စီးသွားတယ် “ ဟု ၎င်းကဆက်ပြောသည်။ မီးလောင်ပျက်စီးသွားသည့် ကားဂိတ်များမှာ ဝင်းကားဂိတ်၊ အောင်ကျော်ဇော်ကားဂိတ် ၊ ရွှေလင်းယုန်ကားဂိတ် ၊ သိန်းသန်းကျော်ကားဂိတ် ၊ […]

ဘင်္ဂလားဒေ့ရှ်နယ်စပ်က စခန်းတစ်ခု AA သိမ်းယူ၊ နယ်ခြားစောင့် ၆၀နီးပါး ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေး

Dawei Watch

February 5, 2024

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ပြီး ယင်းစခန်းက နယ်ခြားစောင့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀နီးပါး လက်နက်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း AA က ထုတ်ပြန်သည်။ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ-လက်ယာ) စခန်းနှစ်ခုကို AA က ဇန်နဝါရီလ ၄ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် တောင်ပြို (လက်ယာ) စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အလောင်းနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိသည့်အပြင် AA ဘက်ကလည်း တပ်ဖွဲ့ဝင်အချို့လည်း သေဆုံးကြောင်း AA က ဆိုသည်။ တောင်ပြို (လက်ဝဲ) စခန်းကို ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းလည် ထုတ်ပြန်ချက်တွင် […]

နွမ်ဗျူးကို ပထမပွဲချီမှာတင် ဗရော်နီကာ အနိုင်ယူပြီး ၁၇ ပွဲဆက်အနိုင်ဖြင့် စံချိန်တင်

Dawei Watch

February 4, 2024

၂၀၂၄ ခုနှစ်အတွက် ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲစဉ်တွင် ကယန်းလက်ဝှေ့မယ် ဗရော်နီကာက ထိုင်းမွေထိုင်းလက်ဝှေ့မယ် နွမ်ဗျူးကို ပထမပွဲချီ၌ပင် အနိုင်ယူကာ ၁၇ ပွဲဆက်တိုက် အနိုင်ရရှိသည့်စံချိန်ကို တင်ရှိသွားနိုင်ခဲ့သည်။ ပြိုင်ပွဲ ၂ ခုတွင် ချန်ပီယံရွှေခါးပတ်ရရှိထားသော နွမ်ဗျူးသည် ဗရော်နီကာကို မည်သို့မျှယှဉ်နိုင်စွမ်း မရှိခဲ့ဘဲ ပထမပွဲချီ စတင်ပြီးနောက် စက္ကန့်အနည်းမျှသာ သူတင်ကိုယ်တင် ယှဉ်နိုင်ခဲ့ကာ ယင်းနောက်တွင်မူ အောက်စည်းသက်သက်ဖြင့်သာ ထိုးသတ်သွားခဲ့ရသည်။ အသာစီးအနေအထားကို ပိုင်ဆိုင်လိုက်ပြီးသည့် ဗရော်နီကာက ဖိအားပေးကာ လက်သီးချက်များ၊ ခြေကန်ချက်များ ဆက်တိုက်ပစ်လွှတ် ထိုးသတ်လိုက်သည့်အတွက် နွမ်ဗျူးသည် ကြိုးဝိုင်းကြမ်းပြင်ထက်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့ပြီး ကြိုးဝိုင်ဒိုင်လူကြီးက အမှတ်စဉ်ရေတွက်ပြီးချိန်တွင် ဆက်လက်ထိုးသတ်ရန် အသင့်အနေအထားဖြင့် မတ်တပ်ပြန်ရပ်လာနိုင်ခဲ့သည့်အတွက် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကို ဆက်လက်ထိုးသတ်ရန် ခွင့်ပြုလိုက်သေးသည်။ သို့သော် ပွဲပြန်လည်ထိုးသတ်ချိန် စက္ကန့်ပိုင်းအတွင်း၌ပင် ဗရော်နီကာ၏လက်သီးချက်များကို […]