BREAKING
November 5, 2025

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

April 28, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ နှစ် ၇၀ မဟာမိတ်အဖြစ် တောင်ကိုရီးယားသမ္မတ အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြော နှစ်နိုင်ငံ မဟာမိတ်ဖြစ်တည်တဲ့ အနှစ် ၇၀ မြောက် အထိမ်းအမှတ်ကာလကို ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကင် ပါတီဝင်တွေကိုပါ ကျေးဇူးတင်တယ်လို့ ဧပြီလ ၂၇ ရက်နေ့ အမေရိကန်လွှတ်တော်မှာ တောင်ကိုရီးယားသမ္မတ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။   တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား မိတ်ဆွေဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သက်တမ်း အနှစ် ၇၀ ရှိလာတာအတွက် အမေရိကန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ချီးကျူးဂုဏ်ပြုလိုက်တာပါ။ […]

မြိတ်တွင် အမျိုးသားနှစ်ဦး ဓာတ်လိုက်

diz_admin

April 28, 2023

မြိတ်မြို့ နောက်လယ်ရပ်ရှိ ပထမအမျိုးသားအာမခံရုံးတွင် ယနေ့ ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းက အမျိုးသားနှစ်ဦး ဓာတ်လိုက်ပြီး ဒဏ်ရာရကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးသည် ပထမအမျိုးသားအာမခံရုံးအပေါ်ထပ်ရှိ ဆိုင်းဘုတ်အား တက်ဖြုတ်ရာမှ ဓာတ်လိုက်ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ “ဆိုင်းဘုတ်တက်ဖြုတ်တော့ လမ်းပေါ်က ဓာတ်ကြိုးနဲ့သွားထိပြီး ဓာတ်လိုက်ခဲ့တာပါ” ၎င်းက ပြောဆိုသည်။ ဓာတ်လိုက်သည့်အမျိုးသားနှစ်ဦးအား မြိတ်ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ၎င်းတို့သည် စကားပြောနိုင်သည့်အနေအထားရှိနေသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ မရှိနိုင်ကြောင်း နာရေးကူညီမှု အသင်းဝင်တစ်ဦးက ပြောဆိုသည်။ “တစ်ယောက်က ခါးညွတ်သွားတယ်။ ပြန်တည့်လို့တောင်မရဘူး။ တစ်ယောက်က ရင်ဘက်နဲ့ လက်တွေမှာ (မီးလောင်ဒဏ်ရာလို) ဒဏ်ရာရသွားတယ်။ နှစ်ယောက်လုံး ညှော်နံ့ရနေတာ” ဟု အခြားနာရေးကူညီမှုအသင်းအသင်းတစ်သင်းမှ […]

တနင်္သာရီတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်နေ

diz_admin

April 28, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဧပြီ ၂၆ ရက်နေ့မှ ယနေ့အထိ ၃ ရက်ဆက် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုအတွင်း ယနေ့ နေ့လယ် ၃ နာရီကျော်ဝန်းကျင်မှစတင်ပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွါးနေသည်ဟု ဒေသခံများကပြောသည်။ “ပစ်နေတာ ၂ ချီရှိပြီ ဟိုဘက်(စစ်ကောင်စီ)က လက်နက်ကြီးနဲ့ ချည်းထုနေတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဘန်လော ၅ မိုင်၊၆ မိုင်ရွာနေ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ထံမှသိရသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုကို မသိရှိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်သည်ဟုကြားရကြောင်း၊  သို့သော် အခြေအနေမစိုးရိမ်ရဟု သိရကြောင်း PDF တပ်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။ မနေ့ ဧပြီလ ၂၇ ရက်ကလည်း တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနှင့် […]

ကံပေါက်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

April 28, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦး ဧပြီလ ၂၇ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့ကပြောသည်။ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမျိုးဆိုသူသည် ကံပေါက်ဆီအုန်းခြံအနီးရှိ ၎င်း၏မွေးမြူရေးခြံအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ခြံနားနီးချင်းတစ်ယောက် မနက်ခြံသွားလို့ မြင်ပြီးလာပြောပြလို့၊ သူတို့အိမ်က သိတာကတော့ ဒီနေ့မနက် (ဧပြီ ၂၈) မှ သိကြတာ။ အလောင်းကိုက ရေတပ်က လာကောက် (ယူ) သွားတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောဆိုသည်။ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် နယ်ခံမဟုတ်ဘဲ ကံပေါက်ရွာသူနှင့် အိမ်ထောင်ပြုပြီးအခြေချနေထိုင်ကာ ဥယျာဉ်ခြံနှင့် နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အာဏာသိမ်းပြီးနောက် ၎င်း၏ နေအိမ်အနီးရှိ CB ဘဏ် (ကံပေါက်ဘဏ်ခွဲ) တွင် […]

လေးလအတွင်း စစ်ဘေးရှောင် ခုနစ်သိန်းနီးပါးထပ်တိုး၊ စစ်ဘေးရှောင် ၂ ဒသမ ၆ သန်းကျော်အထိရောက်ရှိ

diz_admin

April 28, 2023

မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပိုမိုတင်းမာလာပြီး ယခုနှစ်တွင် ဧပြီလ ၂ဝရက်အထိ လေးလအတွင်း စစ်ဘေးရှောင် ဒုက္ခသည် ခုနစ်သိန်းနီးပါးတိုးလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က ယနေ့ ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ လေးလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၆၈၂,၃၄၄ ဦး တိုးလာခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကာလအတွင်း ကာလတိုတစ်ခုတွင် စံချိန်တင်တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းပမာဏသည် အာဏာသိမ်းကာလ ၂နှစ်ကျော်တွင် ရှိသည့် စစ်ဘေးရှောင်အရေအတွက်၏ လေးပုံတစ်ပုံ ၂၅ ရာခိုင်နှုန်း ရှိကြောင်း ISP Myanmar ထံမှ သိရသည်။ ၂နှစ်ကျော်ကာလတွင် လက်နက်ပဋိပက္ခဖြစ်စဉ်များကြောင့် စစ်ဘေးရှောင်းဒုက္ခသည် ၂ဒသမ ၆ သန်းကျော်ရှိလာပြီး အာဏာမသိမ်းခင်က စစ်ဘေးရှောင် ငါးသိန်းနီးပါးရှိသဖြင့် စုစုပေါင်း သုံးသန်းကျော်ရှိလာကြောင်းလည်း ထုတ်ပြန်ထားသည်။ ယင်းအပြင် ရိုဟင်ဂျာများအပါအဝင် တစ်သန်းထက်မနည်းမှာလည်း […]

ကျိုက်ထီးရိုးတောင်ခြေက ကင်မွန်းချောင်းရဲစခန်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

diz_admin

April 28, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး စခန်းမီးလောင်ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကင်းမွန်ချောင်းနယ်မြေရဲစခန်းကို ဧပြီလ ၂၇ ရက် ညနေ ၄ နာရီကျော်က ကျိုက်ထိုမြို့နယ် တော်လှန်ရေး အင်အားစုတို့က ဒရုန်းဖြင့် လေးကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က ထုတ်ပြန်ထားသည်။ ကင်မွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲစခန်း မီးလောင်ပြာကျသွားသည်ဟု တော်လှန်ရေး အင်အားစုတို့ဘက်က ထုတ်ပြန်ထားသော်လည်း အသေးစိတ်အခြေအနေကိုမူ Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “သေနတ်သံကြားရပြီးတော့ ရဲစခန်းဘက်မှာ မီးခိုးလုံးတွေ ထွက်လာတာတော့ တွေ့ရတယ်။ အသေးစိတ်တော့ မသိရဘူး” ဟု ကင်းမွန်ချောင်းဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်ခြင်း […]

အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေး စစ်ကောင်စီဘက်က အရင်ဆုံး စတင်သင့်‌ဟု ဘန်ကီမွန်းပြော

diz_admin

April 28, 2023

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်တပ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ပေးရန် တောင်းဆိုခဲ့သည်။ ဤသို့ အဆုံးသတ်နိုင်ဖို့ရာ “မြန်မာစစ်တပ်ဘက်က အရင်ဆုံး စတင်သင့်တယ်” ဟု ဧပြီ ၂၅ရက်နေ့တွင် ၎င်းကပြောကြားခဲ့သည်။ ဘန်ကီမွန်းသည် မြန်မာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယခင်စစ်အုပ်ချုပ်ရေးမှ အသွင်ပြောင်း အရပ်ဘက်အစိုးရအဖြစ် ပြောင်းလဲဖော်ဆောင်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို ယခု သီတင်းပတ်အတွင်း သွားရောက်တွေ့ဆုံခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအရပ်သားအစိုးရကို တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြုတ်ချပြီးကတည်းက စစ်ဗိုလ်ချုပ်ကြီးများမှာ အာဏာရှင်တွန်းလှန်စစ်များဖြင့် ရင်ဆိုင်နေရသည်။ “အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်နိုင်ဖို့ စစ်တပ်ကို တိုက်တွန်းဖို့နဲ့ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာနိုင်ငံကို […]

ရိုးရာလက်ဝှေ့ ပထမတန်းချန်ပီယံ တူးတူး ကွယ်လွန်ကြောင်း သတင်းများထွက်ပေါ်

diz_admin

April 28, 2023

ရိုးရာလက်ဝှေ့ ပထမတန်းချန်ပီယံ တူးတူး(နဂါးမာန်)မှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ကာလအတွင်း၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ရိုးရာလက်ဝှေ့ အသိုင်းအဝိုင်းတွင် သတင်းများပျံ့နေပြီး တူးတူးနှင့် နီးစပ်သူများကလည်း သတင်းမှန်ကြောင်း အတည်ပြုပြောဆိုနေကြသည်။ မည်သည့်အကြောင်းကြောင့် ကွယ်လွန်သွားသည်ဆိုခြင်းကိုမူ မသိရသေးသလို ယင်းသတင်းအပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ တူးတူးသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရှေ့ဆုံးမှနေ၍ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ မန်းချောင်းမြောက်ဘက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရိုးရာလက်ဝှေ့ ပထမတန်းချန်ပီယံ တူးတူး(နဂါးမာန်) ကွယ်လွယ်သည့်သတင်းကို ကြားသိရသည့်အတွက် […]