BREAKING
November 5, 2025

သတင်း

တနင်္သာရီတိုင်း ဝန်ကြီးများအိမ်ရာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ဟု လောင်းလုံးပကဖထုတ်ပြန်

Dawei Watch

June 2, 2023

တနင်္သာရီတိုင်း၏မြို့တော် ထားဝယ်မြို့အတွင်းရှိ ဝန်ကြီးအိမ်ယာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဇွန်လ ၁ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ မေလ ၃၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ၈၁ မမ အမျိုးအစား လက်နက်ကြီးကိုးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင် ကမြောကင်းတံတား အနီးရှိ ကင်းပုန်းဝတ်နေသော စစ်ကောင်စီတပ်သားများထံသို့လည်း လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ဟုပါရှိသည်။ ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များအကြား နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ နှစ်ဖက်ပစ်ခတ်မှုမှ ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည်ဆန်အစအချို့မှာ ထားဝယ်မြစ်ကမ်းနံဘေးရှိ ကျေးရွာအချို့၏ လူနေအိမ်များကြား ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ” အနားမှာ လာကွဲသလိုပဲ ရင်တွေတောင်တုန်တယ်။ သက်ကြီးတွေနဲ့ ကလေးသူငယ်တွေကိုပဲ စိတ်ပူမိတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်၊ဒဏ်ရာရရှိမှုအခြေအနေကိုမူ […]

မြိတ်ဒေသထွက် ဒူးရင်းသီးအစေ့ ယမန်နှစ်ဈေး၏ ထက်ဝက်သာရ

Dawei Watch

June 2, 2023

ထိုင်းသို့ တင်ပို့သည့် မြိတ်‌ဒေသထွက် ဒူးရင်းသီးအစေ့ဈေးမှာ ဇွန်လ ၁ရက်တွင် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်သာ ဈေးရှိသဖြင့် ယမန်နှစ် ပေါက်ဈေး၏ ထက်ဝက်ခန့်သာ ရရှိသေးကြောင်း ယင်းဈေးကွက်တွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ် မေလအတွင်းက ဒူးရင်းသီးအစေ့ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ကျော် ရှိခဲ့ပြီး ဇွန်လအစပိုင်းတွင် ၈၀၀၀ မှ ၈၅၀၀ ကျပ်အထိ ဈေးရှိခဲ့ကြောင်း ဒူးရင်းသီးအစေ့ဈေးကွက်မှ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် ဒူးသီးအစေ့ စဝယ်သည့် ဧပြီလအတွင်းက တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ရှိခဲ့ပြီး မေလအစပိုင်းတွင် ၂၅၀၀ ကျပ်ဖြစ်လာခဲ့ကြောင်း ဒူးရင်းသီးအစေ့ အဝယ်ဒိုင်အချို့ထံမှ သိရသည်။ မေလ ၂ဝရက် နောက်ပိုင်းမှစပြီး တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြစ်လာခဲ့ကြောင်း ဒူးရင်းသီးအစေ့အဝယ်ဒိုင်တစ်ဦးက ပြောသည်။ ယင်းနောက် ဇွန်လဆန်းတွင် ၄၅၀၀ […]

ဗထူးနေ့ အခမ်းအနားပြုလုပ်

Dawei Watch

June 2, 2023

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၈ နှစ်မြောက်အဖြစ် ‘ဗထူးနေ့’ အခမ်းအနားကို ယနေ့ ဇွန်လ ၂ရက်တွင် ကျင်းပကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ထုတ်ပြန်သည်။ ဗိုလ်မှူးကြီးဗထူး၏ မွေးရပ်ဇာတိဖြစ်သည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံတွင် ကျင်းပခြင်းဖြစ်သည်။ အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော လွတ်လပ်ရေးသူရဲကောင်းများနှင့် ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် လွမ်းသူပန်းခွေချဂါရဝပြုခြင်းတို့ ပြုလုပ်ကြကြောင်း ဆိုသည်။   တော်လှန်ရေးအင်အားစုများက ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့သလို တော်လှန်ရေးကဗျာများ ရွတ်ဆိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အခမ်းအနားသို့ လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ အခြေခံပညာကျောင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူအများအပြား ‌တက်ရောက်ကြကြောင်း ဖော်ပြသည်။ အောက်မေ့လွမ်းဆွတ်သည့်အနေဖြင့် လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြသည့်အပြင် […]

အလွန်ပူပြင်းခြောက်သွေ့မည့် အားပြင်းအယ်နီညိုဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်မှုများ မလေးရှားစတင်

Dawei Watch

June 2, 2023

မလေးရှားနိုင်ငံသည် ယခုလအတွင်း ဖြစ်ပေါ်နိုင်ချေရှိသည့် အားပြင်းအယ်နီညို ဖြစ်စဉ်အတွက် ရည်ရွယ်ကာ နိုင်ငံတစ်ဝန်းရှိ ဆည်များ၏ ရေမျက်နှာပြင်ကို အနီးကပ် စောင့်ကြည့်ရန် “သီးသန့် စစ်ဆေးရေးကဏ္ဍ” တစ်ခု ထူထောင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကဏ္ဍ၏ ရည်ရွယ်ချက်မှာ သက်ဆိုင်ရာ ဝန်ထမ်းများအနေနှင့် နိုင်ငံတွင်းရှိ ဆည်တာတမံများတွင်း ရေပမာဏကို ၎င်းတို့၏ ဆိုင်ရာ နေရာများမှ တစ်ဆင့် အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်စေရန် ဖြစ်ကြောင်း National Water Services Commission (Span) ၏ ဥက္ကဋ္ဌ Charles Santiago က ပြောကြားခဲ့သည်။ “ဒီလို စောင့်ကြည့်လေ့လာမှုတွေကို နေ့စဥ် နေ့တိုင်း မှတ်တမ်းတင်ပေးသွားမှာ ဖြစ်ပြီး အများပြည်သူ အနေနဲ့  မေးခွန်းများရှိပါက  အဲ့ဒီကဏ္ဍဆီ ဖုန်းခေါ်ဆိုနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ […]

ထားဝယ်-ရန်ကုန်ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

Dawei Watch

June 1, 2023

ထားဝယ်-ရန်ကုန် ကားလမ်း မိုင် ၃၀ အနီးတွင် မေလ ၃၁ ရက် ညနေ ၅ နာရီခန့်က စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TPLF- ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ထံမှသိရသည်။ ကလိန်အောင်ဘက်မှ ရေဖြူမြို့နယ်ဘက်သို့ ကားငါးစီးဖြင့် ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TPLFနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ “အဖွဲ့တွေက လမ်းကနေစောင့်ပြီးပစ်တာ၊ ထိခိုက်မှုကတော့ များတယ်။ ဟိုက်ဂျက်သုံးစီးနဲ့ အရေးပေါ်ကားနှစ်စီးနဲ့ လာတင်ဆောင်သွားတယ်” ဟု မြင်တွေ့ခဲ့ရသူတစ်ဦးကဆိုသည်။ ယင်းတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် PDF တပ်ဖွဲ့က ပြန်ဆုတ်ခွာခဲ့သည်ဟု ၎င်းက ပြောသည်။ အဆိုပါယာဉ်တန်းမှာ ရှေ့တန်းမှပြန်လာသည့် ရေဖြူမြို့နယ်အခြေစိုက် ခမရ ၄၀၇ တပ်ရင်းက ယာဉ်တန်းဖြစ်သည်ဟု ဆိုသည်။

ထားဝယ်မြို့နယ်၊ ဝကုန်းရွာသားတစ်ဦး ပစ်သတ်ခံရပြီးပြီး သင်္ကန်းတုံးရွာက နေအိမ်ရှစ်လုံးမီးရှို့ခံရ

Dawei Watch

June 1, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဝကုန်းရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး သင်္ကန်းတုံးရွာက နေအိမ်ရှစ်လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ မနေ့(မေ ၃၁)မနက်ပိုင်းက သင်္ကန်းတုံးရွာကို လိုအပ်သည့် ပစ္စည်းများပြန်လာယူသည့် စစ်ဘေးရှောင်မိသားစုမှ မနန်းထွေးတို့ သားအမိနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သဖြင့်ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချိုု့က ပြောသည်။ ယင်းနေ့ မနက်ပိုင်းမှာပင် မနန်းထွေး၏ အမျိုးသားနှင့် တူမဖြစ်သူအပါအဝင် သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာက ဒေသခံခြောက်ဦး အဖမ်းခံခဲ့ရပြီး ဝကုန်းရွာမှ ကိုကျော်မင်းခန့်ကို ဖမ်းဆီးထားသူများရှေ့မှာပင် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ပြန်လွတ်လာသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ “ဝကုန်းက တစ်ယောက်ကိုတော့ ဖမ်းခံထားရသူတွေရှေ့မှာပဲ ပစ်သတ်လိုက်တာလို့ပြောတယ်” ဟု ၎င်းက ပြောသည်။ သင်္ကန်းတုံးရွာမှ ပြန်လည်ထွက်ခွာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာကိုမီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ၈ လုံးခန့်မီးလောင်ပျက်စီးခဲ့သည်ဟု အမည်မဖော်လိုသည့် […]

အယုဒ္ဓယတွင် မြန်မာလုပ်သားများပါသောကား တိမ်းမှောက်မီးလောင်မှုကြောင့် လေးဦးသေဆုံး

Dawei Watch

June 1, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ အာရှလမ်းမကြီးတွင် မြန်မာအလုပ်သမားများကို တင်ဆောင်လာသော ဗန်ကားတစ်စီး တိမ်းမှောက်ကာ မီးလောင်ပေါက်ကွဲသဖြင့် အနည်းဆုံးလေးဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်သည်။ ဘန့်ပအင်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ရဲစစ်ဆေးရေးဂိတ်ကိုတွေ့သဖြင့် အဆိုပါကားမှာ အရှိန်ဖြင့်မောင်းနှင် ထွက်ပြေးရာမှ ယနေ့ ဇွန်လ ၁ရက် နံနက် (မေလ ၃၁ရက် ညသန်းခေါင်ကျော် ၁၂နာရီခွဲခန့်) က ပက်လက်လန်တိမ်းမှောက်ပြီးနောက် မီးလောင်ပေါက်ကွဲကြောင်း ဖော်ပြသည်။ မီးလောင်ပေါက်ကွဲမှုကြောင့် ကားထဲတွင် လေးဦးသေဆုံးနေပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကျန်တစ်ဦးမှာ ကျား/မ မခွဲခြားနိုင်သေးကြောင်း သတင်းများတွင် ရေးသားထားသည်။ ကား၏ အပြင်ဘက်တွင် မြန်မာအလုပ်သမား ခြောက်ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး) ဒဏ်ရာရရှိနေသည်ကို တွေ့ရှိခဲ့ကြရပြီး သုံးဦးကို ဝမ်းနွိုင်းဆေးရုံ၊ ကျန်သုံးဦးကို ဘန့်ပအင်းဆေးရုံသို့ […]

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ လယ်သစ်ရွာထဲ ကျည်ကိုးလုံးကျကွဲပြီး ရွာသားတစ်ဦးဒဏ်ရာရ

Dawei Watch

June 1, 2023

တနင်္သာရီမြို့နယ်၊ လယ်သစ်အပါအဝင် ကျေးရွာသုံးရွာဖက်သို့ စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁ရက် နံနက်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ပြီး လယ်သစ်ရွာသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က စန်းသစ်ရွာဘုန်းကြီးကျောင်းတောင်ပေါ်မှ လယ်သစ်ရွာဘက်သို့ အဓိကထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သလို မော်တုန်းရွာနှင့် တုံးဗျောလသာရွာများဖက်သို့လည်း ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ “လက်နက်ကြီး ပစ်နေသံကြားရတာ အချက်သုံးဆယ်လောက်ရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လယ်သစ်ကျေးရွာတွင် အရှေ့ကမ်းနှင့် အနောက်ကမ်းရှိပြီး လက်နက်ကြီးကျည်မှာ ကမ်းနှစ်ခုစလုံးသို့ ကျရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “စောစော ၇ နာရီလောက်ကပစ်တာ ရွာထဲကို ကိုးလုံးလာကျတယ်။ အိမ် ငါးလုံးထိပြီး လူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်” ဟု လယ်သစ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မေလ ၃၁ ရက်က […]