ကော့ကရိတ်မြို့ထက်ဝက်ကျော်နှင့် အာရှလမ်းမကြီးကို ထိန်းချုပ်ထားကြောင်း KNU နှင့် NUG တို့ပြော
Dawei Watch
February 27, 2024ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် စစ်ကောင်စီယန္တရား လည်ပတ်ရန် အထူးအရေးပါသည့် အာရှလမ်းမကြီးကို ထိန်းချုပ် ထားနိုင်ခဲ့ပြီဖြစ်ပြီး ကော့ကရိတ်မြို့ကို သိမ်းယူထိန်းချုပ်နိုင်ရန် တိုက်ခိုက်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ မြို့တွင်းတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန်နှင့် အုပ်ချုပ်ရေးယန္တရားများ ချမှတ်ထားနိုင်ရန် စနစ်တစ်ကျ စီစဥ်ဆောင်ရွက်ပြီး တိုက်ပွဲများအား နေ့စဥ်နှင့်အမျှ ဆက်လက်ဖော်ဆောင်နေကြောင်း ဖော်ပြသည်။ အမျိုးသားညီညွတ်ရေးအစိုး NUG ကာကွယ်ရေးဝန်ကြီးဌာနကမူ ဘားအံ-မြဝတီလမ်း အာရှလမ်းပိုင်းနှင့် ကော့ရိတ်မြို့ဧရိယာ ၆၀ ရာခိုင်နှုန်းကျော်တို့ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ အာရှလမ်းပိုင်းနှင့် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ အထိုင်စခန်းများ၊ ဂိတ်စခန်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) […]


