ထားဝယ်တွင် အာစီယံ ဝယ်ယူရလွယ်လာပြီး သုံးစွဲသူများနေဟုဆို
Dawei Watch
June 15, 2023အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ဒေသရှိ လူငယ်များအကြား အာစီယံ(မူးယစ်စေသည့် အရည်တစ်မျိုး) သုံးစွဲမှု မြင့်တက်လာကြောင်း ထားဝယ်မြို့ခံအချို့ထံမှ သိရသည်။ ဘိန်းစာရွက်၊ ကိုကာကိုလာ၊ ကော်ဖီမစ် အစရှိသည့် ပစ္စည်း ၁၀ မျိုးကိုအသုံးပြု ကျိုချက်ထားသဖြင့် အာစီယံဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ အာဏာမသိမ်းမီကမူ သုံးစွဲသူ အနည်းအကျဉ်းသာရှိပြီး လက်ရှိအခြေအနေတွင်မူ ဝယ်ရလွယ်ကူလာသည့်အတွက် လူငယ်အများစု သုံးစွဲနေကြကြောင်း လူလတ်ပိုင်းအရွယ် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။ “အခုက WY ထက် ပိုပြီးများတာက အာစီယံ။ အာစီယံက တော်တော်လေးကို ခေတ်ထနေတယ်။ ကြိုက်သလိုကို လိုသလောက်ဝယ်လို့ရနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။လူငယ်တွေရဲ့ငါးဆယ်ရာခိုင်နှုန်းကျော်ကိုပဲ ဘိန်းစာရွက်ကတော့ အနည်းဆုံးပဲ။ဒုတိယက အာစီယံပေါ့။ အရေးအခင်းဖြစ်ပြီးမှာ ဗုံးပေါလအောကို ဖြစ်လာတာ”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ရေသန့်ဘူးအသေး(ဒဿမ ၆ လီတာ)အတွင်း ထည့်ထားသည့် အာစီယံတစ်ဘူးလျှင် ငွေကျပ်သုံးထောင်မှ ကျပ်တစ်သောင်းအထိ […]

                    
                    
                    
                    
                    
                    
                    
                    
