BREAKING
November 4, 2025

သတင်း

ဦးထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဖက်သုံးဦးကို ရုံးထုတ်၊ စခန်းမှူးကို သက်သေအဖြစ်စစ်မေး

Dawei Watch

June 16, 2023

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုများဖြင့် ဖမ်းဆီးခံထားရသော ဟိုတယ်ထားဝယ်ပိုင်ရှင် ဦးထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဖက်သုံးဦးကို ဇွန်လ ၁၅ ရက်နေ့က ရာ့ချဒါတရားရုံးတွင် ရုံးထုတ်စစ်ဆေးသည်။ ၎င်းတို့ကို ဖမ်းဆီးခဲ့သော ဖယာထိုင်းရဲစခန်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို တရားရုံးက ပထမဆုံးသက်သေအဖြစ် နံနက်မှ ညနေအထိ ရှစ်နာရီခန့်ကြာအောင် စစ်ဆေးမေးမြန်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာစစ်ကောင်စီ လက်နက်ပွဲစားဟုဆိုသူ ခရိုနီ ဦးထွန်းမင်းလတ်နှင်အတူ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ထိုင်းအထက် လွှတ်တော်အမတ် ဥပကစ်၏ သားမက်ဖြစ်သူနှင့် အတွင်းရေးမှူးနှစ်ဦးတို့ကို တရားရုံးထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက် ၎င်းတို့ကို တရားခွင်တွင် အသေးစိတ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖယာထိုင်းရဲစခန်းမှူးက ၎င်းကိုယ်တိုင်သည် မူးယစ်ဆေးဝါးအမှု ၃၀ မှ ၄၀ ခန့်အထိ ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေး ထုတ်လုပ်သူအများစုမှာ မြန်မာ၊ […]

စစ်ရေးအရှိန်မြင့်လာ၍ ခရီးသွားများ သတိပြုရမည့်အချက်များ ရေးပကဖထုတ်ပြန်

Dawei Watch

June 16, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ရေးအရှိန်မြင့်တက်လာနေသည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် မဖြစ်မနေခရီးသွားရပါက လိုက်နာရမည့် အချက်များကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် မဖြစ်မနေခရီးသွားရပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တားစီးစစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံပေးရန် ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။ အရေးပေါ်လူနာတင်ယာဥ်များ အနေဖြင့်လည်း ညပိုင်းတွင် အရေးပေါ်မှအပ သွားလာခြင်းမပြုရန်နှင့် မော်လမြိုင်သို့ ဆန်တက်ပြီး ညအချိန်မတော် ပြန်ဆင်းလာခြင်းမျိုးမလုပ်ရန်၊ ၁ နာရီ ၈၀ ကီလိုမိုင်ထက် ပိုမမောင်းရန်လည်း မေတ္တာရပ်ခံထားသည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၆) ကလည်း ဇွန်လ ၁၅ ရက်နေ့မှစပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ […]

သရက်ချောင်း ရငဲရွာက နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

June 16, 2023

သရက်ချောင်းမြို့နယ် ရငဲကျေးရွာ အင်းဘူးပိုင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁၆ ရက် နံနက် ၉ နာရီခန့်မှစပြီး မီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ဘေးရှောင်နေရသဖြင့် ရွာထဲလူမရှိတော့ချိန် စစ်ကောင်စီတပ်က ရွာထဲဝင်လာပြီး နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယနေ့ နံနက် ၁၀ နာရီကျော်အထိ ရွာထဲတွင် မီးခိုးလုံးများထွက်ပေါ်နေသည်ကို အဝေးကလှမ်းမြင်နေရကြောင်း ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။ ရငဲရွာအနီး မြွေတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် လက်နက်ကြီးတစ်ချက် ပစ်ပြီးနောက် ရငဲရွာထဲ ဝင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “အင်းဘူးထဲရောက်တော့ အိမ်တွေကို မီးစရှို့တာပဲ။ လောလောဆယ် အဝေးက မီးခိုးလုံးတွေကိုကြည့်ပြီး မှန်းကြည့်တာကတော့ အနည်းဆုံး အိမ်သုံးဆောင်လောက်တော့ ရှို့ခံထားရတယ်လို့ထင်တယ်ဗျ။ မီးခိုးတွေက ဟိုနေရာကထွက်လာ […]

နိုင်ငံတွင်း လုံခြုံရေးစိုးရိမ်မှုကြောင့် AirDrop နှင့် Bluetooth တို့ကို ပိတ်ပင်ရန် တရုတ်ကြိုးပမ်း

Dawei Watch

June 16, 2023

တရုတ်နိုင်ငံ၏ ဆိုက်ဘာဝန်းကျင်ဆိုင်ရာ ထိန်းချုပ်ကွပ်ကဲရေးဌာနသည် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် Bluetooth နည်းပညာ နှင့် Apple ၏ AirDrop ကဲ့သို့သော ဖိုင်မျှဝေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို တားစီးပိတ်ပင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ ဇွန်လ (၆)ရက်နေ့တွင် အဆိုပါ ဆိုက်ဘာဝန်းကျင်ဆိုင်ရာ ထိန်းချုပ်ကွပ်ကဲရေးဌာနသည် တစ်လကြာ အများပြည်သူဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုကို စတင်ခဲ့ပြီး Bluetooth၊ Wi-Fi နှင့် အခြားသော အကွာအဝေးတို ကြိုးမဲ့ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းမူကြမ်းများ ကို ထုတ်ပြန်ခဲ့သည်။ ဤသို့ အဆိုပြုထားသော စည်းမျဉ်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် လူမှုရေးဆိုင်ရာ ပြည်သူ့အကျိုးစီးပွားကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ယင်းဌာနက ဆိုသည်။ ယင်း  စည်းမျဉ်းများနှင့်ပတ်သက်၍ ပြည်သူများအနေနှင့် ဇူလိုင် ၆ ရက်အထိ ၎င်းတို့၏ သဘောထားမှတ်ချက်ကို ပေးနိုင်ကြောင်း သိရသည်။ ဤမူကြမ်းတွင် နည်းပညာဝန်ဆောင်မှုပေးသူများအနေနှင့် ဤသို့သော […]

လောင်းလုံးရဲစခန်းအနီးက ဖုန်းဆိုင် ဖောက်ထွင်းခိုးယူခံရ

Dawei Watch

June 16, 2023

လောင်းလုံးမြို့မရဲစခန်းအနီးက ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဇွန်လ ၁၄ ရက်ညက ဖောက်ထွင်းခိုးယူခံရကြောင်း မြို့ခံအချို့ကပြောသည်။ ဖောက်ထွင်းခိုးယူခံရသောဖုန်းဆိုင်မှာ လောင်းလုံးမြို့မရဲစခန်း၊ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့နှင့် အိမ်လေးဆောင်ခန့်သာခြားသည်ဟုဆိုသည်။ “ရဲစခန်းကိုဆို လှမ်းအော်ရင်တောင် ကြားနေရတဲ့နေရာမှာ ခိုးခံရတာဆိုတော့ တော်တော်ကို ရဲရဲတင်းတင်း လုပ်သွားတာလို့ပြောရမယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ ဖုန်းဆိုင်မှာ နေ့ဘက်တွင်ဖွင့်ပြီး ညဘက်ဆိုပါက လူမနေတော့ကြောင်း မြို့ခံအချို့ကပြောသည်။ ဆိုင်အတွင်းရှိ ဖုန်းအလုံး ၂၀ ခန့်၊ ဈေးကြီးသည့် Power Bank များ၊ ဖုန်းအပိုပစ္စည်းများ စုစုပေါင်း သိန်းရာဂဏန်းခန့်ပါသွားကြောင်း ” ဖုန်းဆိုင်ပိုင်ရှင်နှင့်ရင်းနှီးသူ အခြားမြို့ခံတစ်ဦးကဆိုသည်။ “သော့သုံးလေးတန်ခတ်ထားတာကို သော့အတုနဲ့ဖွင့်သွားတယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။ လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးတင်းကြပ်နေမှုကြောင့် ပြည်သူများ အပြင်မထွက်ရဲကြသည့် ညအချိန်တွင် ရဲစခန်းအနီးရှိဖုန်းဆိုင် ဖောက်ထွင်းခိုးယူ ခံလိုက်ရခြင်းဖြစ်သည်။ ၂၀၂၂ […]

ဝဲရစ်ရွာက အသက် ၈၀ကျော် စစ်ဘေးရှောင်အဘိုးတစ်ဦး အမောဖောက်သေဆုံး

Dawei Watch

June 15, 2023

သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာက အသက် ၈၀ ကျော် အဘိုးတစ်ဦးဟာ စစ်ဘေးရှောင်နေစဉ် ဇွန်လ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရုတ်တရက် အမောဖောက်ကာ သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ အဘိုးဦးဖေသန်းသည် ဝဲရစ်အပါအဝင် ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ကျေးရွာဘုန်းကြီးကျောင်းတွင် သွားရောက်ခိုလုံနေခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ခါတိုင်းဆို သူကသူ့အိမ်မှာပဲနေတယ်။ သားသမီးတွေက ပြေးကြစို့ဆိုပြောလည်း သူက တော်ရုံတန်ရုံ မပြေး တတ်ဘူး။ မနေ့ကတော့ အခြေနေအရမ်းဆိုးနေလို့ သူ့သမီးသွားပြောင်းလာတယ်တဲ့။ ညတုန်းက ရုတ်တရက်ကြီး ထဖြစ်တယ်။ အစ်မတို့နားမှာ ညရေးညတာဆို (ဆေးရုံသွားဖို့) ဘယ်ကားမှ ခေါ်မရဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါအဘိုး အသုဘသွားပို့ရန် ကျေးရွာသို့ နံနက်ပိုင်းတွင် သွားရောက်ခဲ့သော်လည်း […]

ဌာနဆိုင်ရာရုံးများတိုက်ခိုက်ခံရပြီးနောက် သုံးပတ်ကျော်ကြာသည်အထိ လောင်းလုံးမြို့တွင် စစ်ဆေးမှုတင်းကျပ်

Dawei Watch

June 15, 2023

လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရပြီးနောက် သုံးပတ်ကျော်ကြာလာသည်အထိ မြို့ပေါ်တွင် စစ်ဆေးမှုများကို စစ်ကောင်စီက တင်းကျပ်ထားဆဲဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။ လဝကရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး၊ မြို့မရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက မေလ ၂၃ ရက်တွင် တစ်ပြိုက်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်တွင် စစ်ဆေးတင်းကျပ်ထားခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှု သုံးပတ်ကျော်ကြာလာသည်အထိ မြို့ပေါ်ရှိ နေအိမ်များထဲ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်း၊ လမ်းသွား၊ လမ်းလာ ခရီးသည်များ၏ ကား၊ ဆိုင်ကယ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း မြို့ခံတို့က ဆိုသည်။ “လောင်းလုံး တစ်ခါသွားရင် မြို့ထဲမှာကို သုံးနေရာလောက် အစစ်ခံရတယ်” ဟု ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက လောင်းလုံးမြို့ပေါ်သွားခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။ လောင်းလုံးမြို့ အဝင်အထွက် ဂိတ်ပေါက်နှစ်ခုတွင် ပုံမှန်စစ်ဆေးပြီး မြို့ထဲတွင်မူ နေရာအတည်အကျမရှိဘဲ […]

ပလတွင် မိုင်းနင်းမိပြီး လူငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

Dawei Watch

June 15, 2023

ပုလောမြို့နယ်၊ ပလမြို့၊ ဇရပ်ဆိပ်ရွာအနီးတွင် မိုင်းနင်းမိပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အတူတူလိုက်ပါလာသူ နောက်အမျိုးသားတစ်ဦးလည်း မျက်လုံးတွင် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဇရပ်ဆိပ်ရွာအနီး သံသာဥယျာဉ်တောတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပလမြို့ခံ ကိုအောင်ဇော်လတ်မှာ ယင်းနေရာတွင် သေဆုံးခဲ့ရပြီး ၎င်း၏အလုပ်သမားဖြစ်သူ အသက် ၂၀ ကျော်အရွယ် အမျိုးသားမှာ မျက်လုံးတစ်ဖက်တွင် မိုင်းစထိမှန်ဒဏ်ရာရကာ အမြင်အာရုံဆုံးရှုံးသွားကြောင်း ဒေသခံများက ဆိုသည်။ “သူတို့နှစ်ယောက်က သစ်တစေ့ (သစ်ချသီးအစေ့) သွားကောက်မယ်ဆိုပြီး တောထဲဝင်သွားရာမှာ ဖြစ်တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သံသာဆိုသည့်နေရာသည် ဇရပ်ဆိပ်ရွာနှင့် ပလမြို့ကြားတောင်စွယ်ဖြစ်ပြီး ကဒဲရွာနှင့်လည်းနီးကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]