စစ်အာဏာရှင်တပ် ပစ်သည့်လက်နက်ကြီးကြောင့် တနင်္သာရီ ဖာနီရွာက ကလေးနှစ်ဦးအပါ ဒေသခံခုနစ်ဦးဒဏ်ရာရ
Dawei Watch
October 23, 2025တနင်္သာရီမြို့နယ်၊ ဖာနီကျေးရွာတွင် စစ်အာဏာရှင်တပ်၏ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသဖြင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံ ခုနစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ အောက်တိုဘာလ ၂၂ရက် ည ၇နာရီဝန်းကျင်တွင် ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ က လက်နက်ကြီး နှစ်ကြိမ် ပစ်ခတ်ရာ ဖာနီရွာရှိ လူနေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဒဏ်ရာရသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးတွင် လက်တစ်ဖက်ပြတ်သွားပြီး ဝမ်းဗိုက်တွင်လည်း ကျည်စထိမှန်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးမှာ ပေါင်အရိုးကျိုးကာ စိုးရိမ်ရပြီး […]


