BREAKING
November 4, 2025

သတင်း

ပုလောကုန်းရွာအနီး စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

Dawei Watch

July 26, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းရွာအနီးတွင် စစ်ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းက ဇူလိုင်လ ၂၃ ရက်က ထုတ်ပြန်ထားသည်။ ပုလော အမှတ် (၂၈၅) တပ်ရင်းက ပုလောကုန်းကျေးရွာသို့ ဇူလိုင် ၂၃ ရက်နေ့က လာသည့် စစ်ကောင်စီတပ်ကား သုံးစီးကို တစ်မိုင်တောင်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားတစ်စီးမှာ မြောင်းထဲ ထိုးကျသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ယင်းနောက် ည ၆ နာရီတွင် ပုလောကုန်းရွာရှိ စစ်ကောင်စီတပ်အပါအဝင် ပျူစောထီးစခန်းအား လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သေးကြောင်းလည်း ရေးသားထားသည်။ ယင်းသို့ ထပ်မံတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးကို မသိရသေးသော်လည်း ပူရိယက္ခညီနောင် စစ်ကြောင်းဘက်ကမူ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။ ပူရိယက္ခညီနောင်စစ်ကြောင်းက စစ်ကောင်စီတပ်အား […]

ဘန်လောရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးနှစ်ဦးဒဏ်ရာရ

Dawei Watch

July 26, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့တပ်ရင်းမှ ဘန်လောကျေးရွာအုပ်စုသို့ ယနေ့မွန်းလွဲ ၁ နာရီဝန်းကျင်မှ ၂ နာရီခွဲအချိန်အထိ လက်နက်ကြီး ဆယ်ချက်ခန့်ပစ်ခတ်ခဲ့ပြီး ဘန်လောအနောက်ကမ်းနှင့် အရှေ့ကမ်းရွာနေ အမျိုးသမီးကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “အိမ်နားလာကျပြီး နှစ်ယောက်စလုံး ခြေတွေမှာထိတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ဒေသခံ အမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်မှ ဘန်လောရွာနှင့်တစ်ဆက်တည်း ဘန်လင်ရွာဘက်သို့လည်း ပစ်ခတ်ခဲ့သေးပြီး လူနှင့်နေအိမ် ထိခိုက်မှုမကြားရဟု ဒေသခံများ ကဆိုသည်။ “ဘာတိုက်ပွဲမှမရှိဘူး။ PDF တွေရှိနေတယ်ထင်ပြီး ပစ်တာဖြစ်မယ်”ဟု ဒေသခံ နောက်တစ်ဦး ကပြောသည်။ ယင်းသို့ပစ်ခတ်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ကလည်း တနင်္သာရီတံတား စစ်ဆေးရေးဂိတ်ကို အဝေးမှသွားရောက် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူဒေသခံအမျိုးသား […]

ရွှေခိုးယူထွက်ပြေးလာသည့် ထိုင်းနိုင်ငံသားကို မြန်မာဘက်က ပြန်လွှဲပေး

Dawei Watch

July 26, 2023

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေခိုးယူပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကို မြန်မာဘက်က ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အဆိုပါထိုင်းနိုင်ငံသားကို ဖမ်းဆီးကာ ထောင်ဒဏ်ခြောက်လ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းချခဲ့သည်။ ယင်းနောက် လွတ်ရက်စေ့ပြီဖြစ်သဖြင့် ဇူလိုင်လ ၂၅ရက်တွင် ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။ အသက် ၃၄ နှစ်အရွယ် အဆိုပါထိုင်းနိုင်ငံသားသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဝယ်သမားဟန်ဆောင်ကာ ဘတ် တစ်သိန်းခွဲတန်ဖိုးရှိ ရွှေကြိုးကို အလစ်သုတ်ခိုးယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့ကာ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်ဘက်ခြမ်းသို့ ရေကူး၍ ထွက်ပြေးသွားခဲ့သည်။ ထွက်ပြေးတိမ်းရှောင်နေသော ၎င်းကို ၂၀၂၃ […]

ဟွန်ဆန်က သားဖြစ်သူကို အာဏာလွှဲပေးမည်

Dawei Watch

July 26, 2023

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည်ဆိုသော ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဝန်ကြီးချုပ်တာဝန် ဆက်မယူတော့ဘဲ သားဖြစ်သူကို လွှဲပေးမည်ဟု ပြောကြားလိုက်သည်။ ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်ကတည်းက အာဏာရယူထားပြီး ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံး အာဏာရှင် များအနက် တစ်ဦးအဖြစ် ကျော်ကြားသူလည်းဖြစ်သည်။ အသက် ၄၅ နှစ် အရွယ်ရှိ သားဖြစ်သူ ဟွန်မာနက်မှာ ကမ္ဘောဒီးယား စစ်တပ်တွင် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးဖြစ်ပြီး အနောက်တိုင်းပညာတတ်အဖြစ် ဖော်ညွှန်းကြသည်။ ကမ္ဘောဒီးယားတွင် အစိုးရက အတိုက်အခံများကို နှိပ်ကွပ်ထောင်ချ၊ မီဒီယာများကို တင်းကျပ်စွာထိန်းချုပ်ပြီး ရွေးကောက်ပွဲ ကျင်းပလေ့ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင်လည်း လက်ရှိ အာဏာရပါတီ ကမ္ဘောဒီးယား ပြည်သူ့ပါတီက သောင်ပြိုကမ်းပြို အနိုင်ရကြောင်း ကြေညာထားသည်။ […]

ရက်ပိုင်းအတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်တော်ပြန်မည်

Dawei Watch

July 26, 2023

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က လာမည့် ဩဂုတ်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံကို ပြန်လာတော့မည်ဖြစ်ကြောင်း သမီးဖြစ်သူ Pheu Thai ပါတီခေါင်းဆောင် ဖယ်ထုတ်တန် ရှင်နာဝပ် ကြေညာခဲ့သည်။ ဖခင်ဖြစ်သူက ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ဩဂုတ်လ ၁၀ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း သမီးဖြစ်သူက ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။ သက်ဆင် ရောက်ရှိလာသည်နှင့် အကျဉ်းထောင်သို့ တိုက်ရိုက်သွား မသွားကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖြုတ်ချခံရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မတရားစွဲဆိုခံထားရသော အကျင့်ဖျက်ချစားမှု စွဲချက်များကို ရှောင်လွှဲနိုင်ရန် ပြည်ပတွင် တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။ မေလရွေးကောက်ပွဲတွင် သမီးဖြစ်သူ၏ Pheu Thai ပါတီသည် ဒုတိယမြောက် အနိုင်ရရှိထားသောပါတီဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့ဝင်ပါတီတစ်ခုလည်းဖြစ်သည်။ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီထာက ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် Pheu […]

လောင်းလုံး အင်းဝန်းတံတားအနီးတွင် ခရီးသွားပြည်သူလေးဦး ဖမ်းဆီးခံရ

Dawei Watch

July 26, 2023

လောင်းလုံးမြို့နယ်ရှိ အင်းဝန်းတံတားအနီး တွင် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်စောစော တွင် ဒေသခံခရီးသွားပြည်သူလေးဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။ လောင်းလုံးမြို့ဘက်မှ ထားဝယ်ဘက်သို့ လာသည့် ခရီးသည်တင်ကား တစ်စီးကို အဆိုပါ အင်းဝန်းတံတားအနီးတွင် စစ်ကောင်စီတပ်ကတားဆီးစစ်ဆေးကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။ ကားပေါ် လိုက်ပါဘာသော လူငယ်အမျိုးသား နှစ်ဦး၏ တယ်လီဖုန်းကို စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။ “ဖုန်းထဲမှာဘာတွေ့လဲတော့ မသိဘူး” ဟု အထက်ပါခရီးသွားက ပြောဆိုသည်။ ယင်းအပြင် မင်းရပ်ကျေးရွာသားဖြစ်သည့် ကိုတင်ဇော်ဦးနှင့် ၎င်း၏ ယာဉ်နောက်လိုက်ဖြစ်သူမှာလည်း ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့သို့ ရေခဲသွားယူစဉ် အဆိုပါတံတားအနီး ဖမ်းဆီးခံရကြောင်း ကိုတင်ဇော်ဦးနှင့်နီးစပ် သူတစ်ဦးက ပြောသည်။ ၎င်းတို့လေးဦးစလုံးကို စစ်ကောင်စီတပ်က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးပေ။ […]

အဖမ်းခံထားရသည့် ကံပေါက်က အမျိုးသမီး ၂ ဦးပြန်လွတ်လာ

Dawei Watch

July 26, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် ဇူလိုင် ၁၆ ရက်က အဖမ်းခံလိုက်ရသည့် အမျိုးသမီးနှစ်ဦး ပြန်လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။ မအေးမြတ်သူနှင့် မသဇင်လွင်တို့ ဇူလိုင်လ ၂၄ ရက်က ပြန်လွတ်လာခြင်းဖြစ်‌သည်။ ၎င်းညီအမနှစ်ဦးသည် ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက် လျှပ်စစ်ပစ္စည်းဆိုင် တစ်ခုတွင် အဖမ်းခံရပြီး မောရဝတီရေတပ်တွင် ၉ ရက်အကြာ စစ်ဆေးခံရပြီးနောက် ပြန်လွတ်လာခြင်းဖြစ်သည်။ ဇူလိုင်လ ၁၅ ရက် ၊ ကံပေါက်သစ်တောရုံးအနီး မိုင်းတွေ့ခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက်ဆက်တိုက် ဒေသခံ ၉ ဦးအဖမ်းခံခဲ့ရပြီး အားလုံးပြန်လွတ်လာကြပြီဖြစ်သည်။ “နှစ်ရက်ဆက်တိုက် အဖမ်းခံရသူတွေ အားလုံးပြန်လွတ်လာကြပြီ “ ဟု ကံပေါက်ဒေသခံတစ်ဦး ကပြောသည်။ သို့သော် ဇူလိုင်လ ၂၃ရက်နှင့် ၂၄ ရက်နေ့တို့က […]

စစ်ကြောင်းထိုးရန် လူစုလေ့ရှိသည့် ရှော်တောမှော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဝင်တိုက်

Dawei Watch

July 26, 2023

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ရှော်တောမှော်ကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့(ဇူလိုင် ၂၆)သတင်း ထုတ်ပြန်လိုက်သည်။ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ယင်းရှော်တောမှော်ရဲစခန်းကို ဇူလိုင် ၂၅ ရက် ည ၇ နာရီခန့်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မိနစ်ပိုင်းအကြာပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှု စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝင်ရောက်တိုက်ခိုက်ခံရသည့် ရဲစခန်းတွင် ရဲတပ်သား ဆယ်ဦးကျော်ရှိပြီး ကျွန်းစုမြို့နယ်ရှိ ရေတပ်၊ရဲနှင့် ပျူစောထီးများက ရှော်တောမှော်ရွာတွင် စုဖွဲ့၍ ဘဒ္ဒနဲကျေးရွာဘက်သို့ မကြာခဏ လာရောက် စစ်ကြောင်း ထိုးလေ့ရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်ကလည်း ဘဒ္ဒနဲကျေးရွာသို့ စစ်ကြောင်းထိုးလာသော ရေတပ်နှင့်ပျူစောထီးတို့ လိုက်ပါလာသည့်လှေတစ်စီးကို   ပြည်သူ့ကာကွယ်ရေးတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။ ကျွန်းစုမြို့နယ်သည် […]