BREAKING
November 9, 2025

သတင်း

ထိုင်းတွင် ဆေးခြောက်သုံးစွဲမှုကို ထိန်းချုပ်ကန့်သတ်မည်

Dawei Watch

September 24, 2023

ထိုင်းနိုင်ငံတွင် ဆေးခြောက်သုံးစွဲမှုကို ကျန်းမာရေးအရသာ သုံးစွဲဖို့ ခြောက်လအတွင်း ဥပဒေပြင်ဆင် ရေးဆွဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆေထာထဝီဆင်က စက်တင်ဘာ ၂၀ ရက်နေ့က Bloomberg သတင်းဌာန၏ အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဆေးခြောက်ကို ကျန်းမာရေးရည်ရွယ်ချက်ဖြင့်သာ အသုံးပြုရန်နှင့် ဆေးခြောက်ပစ္စည်း ရောင်းချနေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဥပဒေကို ပြန်လည်ရေးသားဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ယခင်နှစ်က ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းထဲမှ ဖယ်ရှားခဲ့ပြီး တရားဝင်သုံးစွဲခွင့် ပြုခဲ့ပြီးနောက် အာရှတွင် ကျန်းမာရေးနှင့် ဖျော်ဖြေရေးအရ ဆေးခြောက်သုံးစွဲခွင့်ရရှိခဲ့သော ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ရလဒ်အရ ဆိုင်ကောင်တာများတွင် ဆေးခြောက်ပစ္စည်းများ ရောင်းချနေမှုလည်း အလျှင်အမြန်တိုးတက်လာနေခဲ့ပြီး နိုင်ငံတစ်ဝန်း ဆေးခြောက်ဆိုင်များ ထောင်ချီ ပေါ်ပေါက်လာနေကြောင်း ၎င်းက ဆိုသည်။ အစိုးရဖွဲ့ထားသော ညွန့်ပေါင်းပါတီ ၁၁ ပါတီကလည်း ဆေးခြောက်ပစ္စည်းများ အသုံးပြုမှုကို […]

သရက်ချောင်းတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

Dawei Watch

September 23, 2023

သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးကျေးရွာတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်အချို့က ပြောသည်။ စက်တင်ဘာလ ၂၂ရက် ညနေပိုင်းတွင် သရက်ချောင်းမြို့ဖက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အောက်သရက်ချောင်းနှင့် ပိတောက်ကြီးကျေးရွာအဝင် မြိတ်-ထားဝယ်ကားလမ်းမှာ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပိတောက်ကြီးရွာတွင်ပင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယနေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု သိရကြောင်း ဒေသခံအချို့က ဆိုသည်။ သရက်ချောင်းမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့ဝင်အချို့ထံ ဆက်သွယ်မေးမြန်းရာတွင်လည်း တိုက်ပွဲဖြစ်ပွား နေသည်ကို အတည်ပြုပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုမူ အသေးစိတ်မသိကြောင်း ပြောဆိုသည်။ ပိတောက်ကြီးရွာအနီး ကျောက်ဆည်ရွာက လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် ဇနီးမောင်နှံ စက်တင်ဘာလ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

September 23, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဖမ်းဆီးစစ်ဆေးခံရပြီး စီးပွားရေးရာထူးတွေကနေ ဖယ်ရှားခံရ စစ်ကောင်စီတပ်ရဲ့ ခြောက်ယောက်မြောက် အကြီးအကဲဖြစ်တဲ့အပြင် ကြည်းတပ်ရဲ့ နံပတ် ၄ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖမ်းဆီးစစ်ဆေးခံနေရပြီး စီးပွားရေးရာထူးတွေက ဖယ်ရှားခံလိုက်ရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာမယ့်သူလို့လည်း ထင်ကြေးပေးခံထားရသူပါ။ လက်ရှိမှာတော့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ထိန်းသိမ်းခံထားရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီ ဥက္ကဋ္ဌ ရာထူးတွေကနေ ဖယ်ရှားခံလိုက်ရပြီး ဒီနေရာတွေကို စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို အစားထိုးလိုက်ပါတယ်။ […]

အယုဒ္ဓယတွင် မြန်မာလုပ်သား ၁၀ ဦး ဖမ်းဆီးခံရ

Dawei Watch

September 23, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် အမြန်လမ်းမပေါ်ရှိ ကားပေါ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၀ ဦး စက်တင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အယုဒ္ဓယမြို့ ဘန့်မိုင်ဒေသရှိ အမှတ် ၃၄၇ အဝေးပြေးလမ်းမပေါ်တွင် အိမ်စီးကားတစ်စီးကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခံရန် အမြန်လမ်းရဲတပ်ဖွဲ့များက မီးနီပြ၊ အသံဖြင့် အချက်ပြခဲ့ကြောင်း ဆိုသည်။ သို့သော်လည်း ကားသည် စစ်ဆေးရေးရဲတပ်ဖွဲ့များကို တွေ့ရှိခဲ့ပြီးနောက် အရှိန်ဖြင့် မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးခဲ့ရကြောင်း ဖော်ပြသည်။ ကားထဲတွင် ထိုင်းနိုင်ငံသား ကားသမားတစ်ဦးနှင့် မြန်မာအလုပ်သမား ၁၀ ဦး ကျပ်ကျပ်တည်းတည်း လိုက်ပါလာသည်ကို တွေ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။   မြန်မာအလုပ်သမာများတွင် နိုင်ငံကူးလက်မှတ်နှင့် တရားဝင် စာရွက်စာတမ်းများ မတွေ့ရှိရကြောင်း […]

ထားဝယ်အရှေ့တောတွင် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်

Dawei Watch

September 23, 2023

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်ဖက်နှင့် မေတ္တာကျေးရွာဖက်တို့က လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်း သင်္ကန်းတုံးရွာတွင် လာပေါင်းစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။ “ကျွန်တော်တို့ နှစ်ဖက်ညှပ်ပစ်ကြတာပေါ့” ဟု တာဝန်ရှိသူက ပြောဆိုသည်။ သင်္ကန်းတုံးရွာဖက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ပုန်းအောင်းနေသည့် နေရာက ကြားရကြောင်း လိပ်ကြယ်ပြောင်၊ ရမ္မဇူ၊ ပခပ်ရွာကဒေသခံများကို မေးမြန်းချက်အရ သိရသည်။ “ပစ်ခတ်သံတွေ ကျွန်တော်ကြားရတာ မိနစ် ၂၀ လောက်ရှိမယ်။ ပစ်ခတ်နေတာကို သွားလည်းကြည့်မရဘဲ။ စစ်ကြောင်းဝင်ကတည်းက […]

ရေဖြူတွင် စစ်ရှောင်ပြည်သူများ ဖမ်းဆီးခံထားရ

Dawei Watch

September 23, 2023

ရေဖြူမြို့နယ် ခမောင်းချောင်းရွာက စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှသိရသည်။ ရွာအတွင်း စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ဥယျာဉ်ခြံတွင် ပြောင်းရွှေနေထိုင်သည့် ခမောင်းချောင်းဒေသခံ မိသားစုလေးစုမှ စုစုပေါင်းလူဆယ်ဦးကို စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်သည်။ အဆိုပါမိသားစုဝင်များ ထွက်ပြေးတိမ်းရှောင်နေသည့်နေရာသည် စစ်ကြောင်းဝင်‌ ရောက်သည့် လမ်းကြောင်းပေါ်တွင် ရှိနေခြင်းကြောင့် ဖမ်းဆီးထိန်သိမ်း ခံထားရခြင်းဖြစ်ကြောင်းသိရသည်။ “အမျိုးသမီးတွေ ရော ဖမ်းထားတယ်။ စစ်ကြောင်းက တောထဲကလာတယ်ဆိုတော့ ဘယ်နေရာ ဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ဘူး”ဟု ခမောင်းချောင်းရွာသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ထားဝယ်ရေနက်ဆိပ်ကမ်းဒေသတွင် စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းကတည်းကစပြီး စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဝက်ချောင်း၊ခမောင်းချောင်း၊ဧကနိ၊ ဝဇွမ်းတော၊ရငဲ စသည့် ကျေးရွာများမှ ဒေသခံများမှာလည်း နီးစပ်ရာထွက်ပြေးနေကြရသည်။ “ရွာထဲမှာတော့ တစ်ယောက်မှမရှိတော့ဘူး အကုန်ထွက်ပြေးကုန်ပြီ”ဟု ဧကနိရွာသားတစ်ဦးက ပြောသည်။ […]

ပလတွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

Dawei Watch

September 23, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင်နေထိုင်သည့် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၂၂ ရက် ညဦးပိုင်းက ၎င်းတို့၏ နေအိမ်အသီးသီးတွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ဘာကြောင့်လာဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။ အဖမ်းခံရသူတွေက သာမန်အရပ်သားတွေချည်းပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသူများတွင် အသက် ၅၀ အရွယ် ဦးနောင်မဲ၊ အသက် ၅၅နှစ်အရွယ် ဦးထွေးသိမ်း၊ အသက် ၂၀ ကျော်အရွယ် ကိုနိုင်မင်းနှင့် ကိုလတ် အပြင် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။ လက္ကူးကျေးရွာအုပ်စုကို စစ်ကြောင်းထိုးချိန် စက်တင်ဘာလ ၁၅ရက်နေ့က ပိတပ်ရွာသား ကိုးဦးကို ဖမ်းဆီးကာ တစ်ဦးလျှင် ငွေငါးသိန်းတောင်းယူပြီး လွှတ်ပေးခဲ့ရာတွင် အဓိက […]

လောင်းလုံးတွင် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

Dawei Watch

September 23, 2023

လောင်းလုံးမြို့တွင် အစစ်ဆေးကြမ်းသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် အသက်၂၀ ကျော်အရွယ် မြို့ခံလူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့ (ဂ) ရပ်ကွက်တွင် နေထေိုင်သော ကိုအောင်ကိုဝင်းနှင့် ကိုကျော်စိုးနိုင်တို့နှစ်ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် နေအိမ်များကို စီးနင်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ လူငယ်တစ်ဦးကို စရဖ ရုံးတွင် စစ်ဆေးနေသည်ဟု ကြားသိရပြီး ကျန်တစ်ဦးကို ရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါလူငယ်အမျိုးသားနှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လောင်းလုံးမြို့ (ဃ) ရပ်ကွက် အခြေခံပညာအတန်းကျောင်းရှေ့တွင်ရှိသော စစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၂၁ ရက်နေ့က PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့သည်။ […]