BREAKING
November 10, 2025

သတင်း

မန်ကျည်းပင်ပေါ်တွင် ဓာတ်လိုက်သတိလစ်နေသည့် လူငယ်အား ကရိန်းဖြင့်ကယ်

Dawei Watch

October 17, 2023

မန်ကျည်းပင်ပေါ်တက်၍ မန်ကျည်းသီးခူးရာမှ ဓာတ်လိုက်နေသည့် လူငယ်အမျိုးသားတစ်ဦးကို ကရိန်းယာဉ်ငှား၍ ကယ်တင်ခဲ့ရကြောင်း ကော့သောင်းမြို့ ရွှေအဏ္ဏဝါပရဟိလူငယ်အဖွဲ့ထံမှသိရသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ရွှေမင်းဝံဗဟိုလမ်းပေါ်ရှိ မန်ကျည်းပင်ပေါ်တွင် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး မန်ကျည်းသီးတက်ခူးရာမှ ဓာတ်လိုက်ပြီး သတိလစ်နေခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကောင်လေးက ဒီရပ်ကွက်ကပဲ။ လူက (အပင်) ခွကြားမှာ သတိမေ့နေတာပေါ့ ။ မန်ကျည်းပင်နဲ့ ငြိနေတဲ့ ဓာတ်ကြိုးပေါက်နေတဲ့နေရာ ကိုင်မိတယ်ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းနောက် လူနာကို ကယ်တင်ရန် ရွှေအဏ္ဏဝါပရဟိတအဖွဲ့ဝင်များသည် ကော့သောင်းမြို့ လျှပ်စစ်ဌာနတို့ကို အကြောင်းကြား၍ ယင်းဌာနတို့၏အကူအညီဖြင့် လူနာကို ကရိန်းယာဉ်ဖြင့် သစ်ပင်ပေါ်မှာချခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ယင်းနောက် ၂ […]

ပုလော၊ ကျောက္ကာရွာရှိ ဈေးဆိုင်များ ဆန်ရောင်းချမှု ပိတ်ပင်ခံရ

Dawei Watch

October 17, 2023

ပုလောမြို့နယ်၊ ကျောက္ကာရွာရှိ ဈေးဆိုင်များ ဆန်ရောင်းချခွင့် ပိတ်ပင်ခံရကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၁၂ ရက်နေ့က စတင်ပြီးရပ်မိရပ်ဖများနှင့် ဈေးဆိုင်ပိုင်ရှင်များကို စစ်ကောင်စီ ရေတပ်က အစည်းအဝေးခေါ်ယူခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဆန်ရောင်းချခြင်းမပြုရန် ပြောဆိုခဲ့ပြီး ရောင်းဝယ်နေသည်ကို တွေ့ရှိပါက ငွေဒဏ်အပြင် ထောင်ဒဏ်များပါချမှတ်ခံရမည်ဖြစ်သည်ဟု သတိပေး ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “အရင်တုန်းက သမဝါယမပုံစံမျိုး ဝယ်ချင်ရင် သူတိုဖွဲ့စည်းပေးထား အဖွဲ့ဆီမှာလာဝယ်။ အိမ်ထောင်စုစာရင်းအလိုက် ရောင်းချပေးမယ်။ ခိုးတင်လာတာတွေ့ရင်တော့ အရေးယူမယ် ဆိုပြီးပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီခန့် ရာအိမ်မှူးများ ဦးစီးကာ ဆန်ရောင်းချနေပြီး ရွာပေါ်ရှိဈေးဆိုင်များတွင် ရောင်းချခြင်းမရှိတော့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ “ဈေးဆိုင်တွေကတော့ မရောင်းကြတော့ဘူး။ဝယ်ချင်ရင် ရာအိမ်မှူးဆီမှာ သွားဝယ်ရတယ်။လိုသလောက် ဝယ်လို့တော့မရဘူး။ အိမ်မှာရှိတဲ့လူဦးရေအပေါ်မူတည်ပြီး […]

ရငဲရွာတွင် နေအိမ်၃လုံးမီးရှို့ခံရ

Dawei Watch

October 17, 2023

သရက်ချောင်းမြို့နယ် ၊ ရငဲရွာတွင် ယနေ့ (အောက်တိုဘာ ၁၇) မနက် ၇ နာရီခွဲဝန်းကျင် က နေအိမ် ၃ လုံး မီးရှို့ခံရကြောင်း ဒေသခံများထံကသိရသည်။ “အိမ် ၃ လုံးမီးရှို့ခံနေရပြီး မီးခိုးတွေတက်နေတာမြင်နေရတယ်။ မီးလောင်နေတာက ရွာအလယ်ပိုင်းကအိမ်တွေပါ “ ဟု ရငဲရွာသားတစ်ဦးကပြောသည်။ ယနေ့မနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရပြီးနောက် မီးခိုးများတက်လာသည်ကိုမြင်ရကြောင်း ၎င်းကဆက်ပြောသည်။ ယင်းအသေးစိတ် အခြေအနေကိုမူ Dawei watch က စုံစမ်းနေဆဲဖြစ်သည်။ အောက်တိုဘာလ ၉ ရက်ကလည်း ရငဲကျေးရွာအုပ်စုတွင် နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရသေးသည်။ ယခုနှစ် ဇွန်လကတည်းက စစ်ကောင်စီတပ်သည် ရငဲရွာ နှင့် ကနက်သီရီရွာတို့ကို စစ်ကြောင်းထိုးပြီးနောက် ရငဲရွာမြွေတောင်တွင် အခြေချတပ်စွဲနေထိုင်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီနှင့် ဆွေးနွေးသောကြောင့် ကုလ၏ကမ်းလှမ်းချက်ကို တနင်္သာရီတိုင်းအရပ်ဖက်အဖွဲ့ငြင်း

Dawei Watch

October 16, 2023

လူသားချင်းစာနာထောက်ထားမှုအစီအစဉ်တစ်ခုတွင်ပါဝင်ရန် ကုလသမဂ္ဂ၏ ကမ်းလှမ်းချက်ကို တနင်္သာရီတိုင်း အရပ်ဖက်လူထုအဖွဲ့အစည်းက ငြင်းဆိုလိုက်ကြောင်း အဆိုပါအဖွဲ့အစည်းက ထုတ်ပြန်လိုက်သည်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဦးဆောင်ပြီး လုပ်မည့် AHCT (Area of Humanitarian Country Team) တွင် ကိုယ်စားလှယ်အဖြစ်ပါဝင်ရန် ဖိတ်ခေါ်ချက်ကို တနင်္သာရီတိုင်း အရပ်ဖက် လူထု အဖွဲ့အစည်းများက ပါဝင်မည်မဟုတ်ကြောင်း အောက်တိုဘာလ ၅ ရက်နေ့က သဘောထားပေးပို့ခဲ့ ခြင်းဖြစ်သည်။ ထိုကဲ့သို့ ငြင်းဆိုခြင်းနှင့် ပတ်သက်၍ CNC -Tanintharyi (CSOs Nexus Consortium – Tanintharyi) က အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထား ခြင်းဖြစ်သည်။ UNOCHA က ဆောင်ရွက်မည့် AHCT အခင်းအကျင်းတွင် လူသားချင်းစာနာမှုလုပ်ငန်းများ […]

မြိတ်တွင် အမိုးတပ်ဘေးတွဲဆိုင်ကယ်များ ဖမ်းဆီးခံရ

Dawei Watch

October 16, 2023

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း အမိုးတပ်ဆင်ထားသည့် ဘေးတွဲဆိုင်ကယ်တို့အား နေ့တိုင်းဖမ်းဆီးနေကြောင်း ဘေးတွဲဆိုင်ကယ်မောင်းသူတို့ထံမှ သိရသည်။ အမိုးတပ်ဘေးတွဲဆိုင်ကယ်တို့အား ယာဉ်ထိန်းရဲတို့က လွန်ခဲ့သည့်သုံးရက်ခန့်မှ စတင်ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းမိပါက သိမ်းဆည်းကာ သတ်မှတ်ရက်တွင် ဒဏ်ကြေးငွေဖြင့် ပြန်ထုတ်စေကြောင်း အဖမ်းခံရသူအချို့က ပြောသည်။ “ဖမ်းပြီးသိမ်းသွားတာ။ ထုတ်ပေးမယ့်ရက်မှ ပြန်သွားထုတ်ရမယ်” ဟု ဖမ်းဆီးခံရသည့် ဘေးတွဲဆိုင်ကယ် ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ဖမ်းဆီးခံရပြီး ခုနစ်ရက်အကြာတွင် ဒဏ်ငွေပေးကာ သွားထုတ်ရမည်ဖြစ်ပြီး ဒဏ်ကြေးငွေမည်မျှ ပေးရမည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ ဖမ်းဆီးရာတွင် ယာဉ်ထိန်းရဲအပြင် အရပ်ဝတ်ထားသည့်ရဲများ၊ ရာအိမ်မှူးများ ပါဝင်ကြောင်း ဘေးတွဲမောင်းသူ အချို့ထံမှ သိရသည်။ “အမိုးလိုင်စင် မရှိလို့ ဖမ်းတာလို့ပြောတာပဲ။ အမိုးလိုင်စင်က လုပ်လို့မှမရတာ။ ကြံဖန်ပြီး ဖမ်းတာ။ တကယ်ဆိုရင် ဖမ်းမယ်ဆိုလည်းကြိုတင်သတိပေး ကြေညာပြီးမှ ဖမ်းသင့်တယ်” ဟု […]

အယုဒ္ဓယတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ နီးပါး ဖမ်းဆီးခံရ

Dawei Watch

October 16, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀ နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် အလုပ်သမားခန့်ထားရေးဌာနက ထုတ်ပြန်ခဲ့သည်။ အူထိုင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများနေထိုင်သည့် စခန်းအတွင်း နိုင်ငံခြားသား အလုပ်သမား တစ်ထောင်ကျော်ရှိကြောင်း ရေဆိုးများကို စနစ်တကျစွန့်ပစ်မှုမရှိခြင်း၊ စိုက်ခင်းများအတွင်းမှ သီးနှံများကို မကြာခဏ ခိုးယူခြင်းတို့ လုပ်ဆောင်နေကြာင်း ထိုင်းရွာသားများက ရဲတပ်ဖွဲ့ကို တိုင်ကြားရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းတိုင်ကြားမှုကြောင့် အလုပ်သမားခန့်ထားရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ ၁၂ ရက်နေ့တွင် အလုပ်သမားစခန်းထဲသို့ သွားရောက်ခဲ့ပြီး အလုပ်သမားများ၏ အလုပ်လုပ်ခွင့် အထောက်အထားများနှင့် နိုင်ငံကူးလက်မှတ်များ ကွင်းဆင်းစစ်ဆေးခဲ့ဟု သတင်းများတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၆၉ […]

ရေဖြူ ဝက်ချောင်းရွာအနီး အမျိုးသမီးငယ်အလောင်းတွေ့

Dawei Watch

October 15, 2023

ရေဖြူမြို့နယ် ဝက်ချောင်းရွာတံတားအနီးတွင် အောက်တိုဘာလ ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်က အမျိုးသမီးငယ် တစ်ဦးကို သွေးအိုင်ထဲတွင် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးနေသူမှာ ခမောင်းချောင်းရွာသူ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ မစန္ဒာခိုင်ဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာလ ၂၂ ရက်က ခမောင်းချောင်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်ချိန်တွင် မစန္ဒာခိုင် အပါအဝင် ဒေသခံရှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် ခြောက်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး မစန္ဒာခိုင်နှင့် ကိုသားဂန်း ဆိုသူတို့နှစ်ဦးကို စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။ ၎င်းတို့နှစ်ဦးကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ပြီး ကျေးရွာအချို့တွင် နေအိမ်များကို လိုက်ပြခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ ယင်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၂၂ ရက်အကြာ […]

မြိတ်တွင် ကင်းမွန်ငါးဖမ်းလှေများ လုပ်ငန်းခွင်စဝင်

Dawei Watch

October 15, 2023

မြိတ်အခြေစိုက် ကင်းမွန်ငါးဖမ်းလှေတို့သည် ယခု အောက်တိုဘာလအစမှစပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်အတွင်း စတင်ဝင်ရောက်နေကြပြီဖြစ်ကြောင်း လှေရှင်များက ပြောသည်။ ယခုနှစ် ငါးမဖမ်းရရာသီအဖြစ် ဧပြီ၊ မေ၊ ဇွန် သုံးလအထိ သတ်မှတ်ခဲ့သည်။ ယင်းနောက် ရေလုပ်ငန်းရှင်များ၏ တင်ပြချက်အရ ဇွန်လတွင် ငါးဖမ်းလှေအားလုံး၏ ၃၀ ရာခိုင်နှုန်းနှင့် ကင်းမွန် ငါးဖမ်းလှေတို့အား မေလ ၁ ရက်နေ့မှစပြီး ဖမ်းဆီးခွင့်ပြုခဲ့သည်။ သို့သော် ကင်းမွန်အရများသည့် ပွင့်လင်းရာသီမှသာ လှေအများစု ပင်လယ်ထဲသို့ ထွက်ကြသည်ဟုဆိုသည်။ “ငါးလပိုင်းက စဖမ်းခွင့်ပြုပေးတယ်။ ဒါပေမဲ့ လှေ‌တော်တော်များက ကမ်းရောက်နေပြီ။ ပြန်မထွက်ကြတော့ဘူး။ ကင်းမွန်ရာသီက အခုလို ပွင့်လင်းရာသီမှ ဖမ်းလို့ရတာပါ” ဟု မြိတ်မြို့ရှိ ကင်းမွန်ငါးဖမ်းလှေရှင်တစ်ဦးက ပြောသည်။ မေလမှစပြီး ဖမ်းဆီးခွင့်ပြုသော်လည်း ယင်းအချိန်က လှေအများစုသည် ကမ်းသို့ပြန်လည်ရောက်ရှိနေသဖြင့် ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာခြင်း […]