BREAKING
November 10, 2025

သတင်း

စစ်ကောင်စီတပ် ဖမ်းသွားသည့် ရငဲရွာသား၏ အလောင်းကို မြေမြှုပ်လျက်ပြန်တွေ့

Dawei Watch

October 26, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရငဲရွာသားတစ်ဦး၏ ရုပ်အလောင်းကို ကျွဲမင်းကုန်းကျေးရွာ ပင်လယ်ကမ်း ခြေတွင် မြေမြှုပ်ဖျောက်ဖျက်ထားသည်ကို ပြန်လည်တူးဖော်တွေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။ အသတ်ခံရသူမှာ ကိုညီညီကို ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်က ကျောက်ခမောက်ရွာတွင် ဖမ်းဆီးခံရကာ ယနေ့ အောက်တိုဘာလ ၂၆ရက် နံနက်တွင် မြေမြှုပ်ထားသည့် ရုပ်အလောင်းကို ရွာသားများက တွေ့ရှိခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ ပစ်သတ်တဲ့ပုံစံမဟုတ်ဘဲ ရိုက်သတ်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ ခေါင်းတစ်လုံးလုံး ကြေနေတယ်။ ကျောက်ခမောက်ကနေ ဖမ်းသွားတာ။ ကျွဲမင်းကုန်း ပင်လယ်ကမ်းစပ်မှာ အလောင်းဖျောက်ထားရစ်တာကို ရွာသားတွေ ပြန်တွေ့တယ်” ဟု ၎င်းက ပြောဆိုသည်။ အလောင်းတွင် လက်နောက်ပြန်ကြိုးတုပ်ထားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ကိုညီညီကိုနှင့်အတူ ဖမ်းဆီးခံရသည့် အမျိုးသားနှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာသည်ဟု […]

ပုလော ဒီရေတောဧကတစ်ထောင်ကျော်ကို ကြိုးပြင်ကာကွယ်တောသတ်မှတ်၊ ဒေသခံများ ရှာဖွေစားသောက်ရန် အခက်တွေ့

Dawei Watch

October 26, 2023

ပုလောမြို့နယ်၊ ပြင်ဘုကြီးကျွန်းရှိ ဒီရေတောဧက တစ်ထောင်ကျော်ကို ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်လိုက် ကြောင်း စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပုလောမြို့နယ်အတွင်းရှိ ဧရိယာ ၁၄၂၄ ဧက ကျယ်ဝန်းသောနယ်မြေကို ‘ပြင်ဘုကြီး (၂) ဒီရေတော ကြိုးပြင် ကာကွယ်တော’ အဖြစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ လှိုင်းဒဏ်လေဒဏ်မုန်တိုင်းဒဏ်ခံစားရမှုများအား ကာကွယ်ရန်၊ အဖိုးတန်သစ်များနှင့် ရေသယံဇာတအပါအဝင် ဇီဝမျိုးစုံမျိုးကွဲ တိရစ္ဆာန်များ ပေါကြွယ်ဝလာစေရန်၊ ဒေသခံ ပြည်သူများ ရေသယံဇာတ စဉ်ဆက်မပြတ်သုံးစွဲနိုင်ရန်နှင့် ဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ သတ်မှတ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သတ်မှတ်လိုက်သည့် ဧရိယာအတွင်း အဖိုးတန်သစ်များဖြစ်သည့် ဗြူးခြေတောက်၊ ဗြူးအုပ်ဆောင်း၊ ဗြူးရွှေဝါ၊ သမဲ့ကြီး၊ ကျန၊ ပင်လယ်အုန်း စသည့်သစ်ပင်များအပြင် လမု၊ လဘ၊ […]

ပုလော စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ၁၅နှစ်အရွယ် ယောင်္ကျားလေးသုံးဦးပြန်လွတ်လာ

Dawei Watch

October 25, 2023

မြိတ်ခရိုင်၊ ပုလောမြို့ရှိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် အသက် ၁၅နှစ်အရွယ် ယောင်္ကျားလေးသုံးဦး ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းရွာတွင်နေထိုင်သည့် အဆိုပါယောင်္ကျားလေးသုံးဦးသည် အောက်တိုဘာလ ၂၂ ရက် နံနက်က နန်းတောင်ရွာစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ယနေ့ အောက်တိုဘာလ ၂၅ရက် နံနက်တွင် ပြန်လွတ်လာကြောင်း ဒေသခံတို့က ဆိုသည်။ “ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးပြီး ခေါက်တုံ့ခေါက်ပြန် သွားနေလို့ ဟိုက ဖမ်းလိုက်တယ်။ အခုပြန်လွတ်လာပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရချိန် လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်စစ်ဆေးခံခဲ့ရသည်ဟု ကြားသိရကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ “ပုလော ၂၈၅ တပ်ရင်းက သွားထုတ်လာတယ်။ ရိုက်နှက်ခံထားရတယ်။ ကြေးပြား (ပိုက်ဆံ) ပေးရသလား မပေးရသလားတော့ သေချာမသိဘူး” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။ […]

ရေဖြူ နဘုလယ်ဒေသ လဲရှောင်ရွာကို စစ်ကြောင်းဝင်၊ နေအိမ်သုံးဆောင်ထက်မနည်း မီးရှို့ခံရ

Dawei Watch

October 25, 2023

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ရှိသည့် နဘုလယ်ဒေသတွင် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းနေသည့် စစ်ကောင်စီတပ်သည် လဲရှောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းကစပြီး နေအိမ်မီးရှို့ခံရပြီး ယနေ့ အောက်တိုဘာလ ၂၅ရက် နေ့လယ်ပိုင်း အထိ နေအိမ်သုံးလုံးထက်မနည်း မီးရှို့ခံထားရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ “အခုအထိတော့ သုံးဆောင်လောက်ပဲ သိရသေးတယ်။ မီးခိုးတွေတော့ တက်နေသေးတယ်။ အရေအတွက် အတိအကျ မသိရသေးဘူး။ မနေ့ကရှို့တဲ့ထဲမှာ ကားတစ်စီးပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ မီးရှို့ခံရရာတွင် လဲရှောင်ရွာက ဝပ်ရှော့ လုပ်ငန်းလုပ်နေသည့် နေအိမ်နှင့် အလုပ်ရုံ ပါဝင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထိုဝပ်ရှော့လုပ်ငန်း၏ ပိုင်ရှင်မှာ ယခင်က စစ်ကောင်စီတပ်၏ တစ်လနီးပါးကြာ ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်မြောက် လာသူလည်းဖြစ်ကြောင်း ဒေသခံတို့ထံမှ […]

နှစ်တစ်ရာကျော်သက်တမ်းရှိ မော်လမြိုင် အထက ၉ ကျောင်း မီးထပ်လောင်၊ ရှို့မီးဟုဆို

Dawei Watch

October 25, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ သက်တမ်းနှစ် ၁၀၀ ကျော်ရှိသည့် အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းဆောင် မီး ထပ်မံလောင်ကျွမ်းကြောင်း မြို့ခံတို့ထံမှ သိရသည်။ ကျောင်းဝင်းအတွင်းရှိ ဦးသာညှင်းဓမ္မာရုံနှင့် နှစ်ထပ်ကွန်ပျူတာ ကျောင်းဆောင်တို့ ယနေ့ အောက်တိုဘာလ ၂၅ရက် နံနက် ၃ နာရီခန့်က မီးစတင်လောင်ကျွမ်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မော်လမြိုင်မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဦးသာညှင်းဓမ္မာရုံနဲ့ နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်ကတော့ မီးထဲပါသွားတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်း ကိုတော့ သေချာမသိရသေးဘူး။ သက်ဆိုင်ရာကတော့ စစ်ဆေးနေကြတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။ ကျောင်းပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအရ အမျိုးသမီးတစ်ဦး ကျောင်းထဲသို့ ဝင်ရောက် မီးရှို့သွားသည်ကို […]

ထားဝယ်သပိတ်မျှောပွဲလုပ်မည့် နေရာအနီး ဗုံးပေါက်

Dawei Watch

October 25, 2023

ထားဝယ်ရိုးရာ သပိတ်မျှောပွဲလုပ်မည့် ထားဝယ်ကမ်းနားလမ်း သဲဆိပ်အနီးတွင် (ယနေ့) အောက်တိုဘာလ ၂၅ ရက် မနက်က ဗုံးပေါက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပေါက်ကွဲမှုမှာ မပြင်းထန်သည့်အတွက် အနီးအနားနေသူအချို့ပင် မသိလိုက်ရကြောင်း ဒေသခံအချို့က ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် သဲဆိပ်အနီးရှိ တံတားထိပ်တွင် ‌စစ်ကောင်စီတပ်သားဆယ်ဦးခန့် ရောက်ရှိနေကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ကျွန်တော်သွားကြည့်တာ Vigo ကားတစ်စီးနဲ့ (စစ်ကောင်စီတပ်သား) ဆယ်ယောက်ကျော်လောက်ရှိနေတယ်။ လက်ထဲမှာလည်း ထွန်ခြစ်လိုဟာမျိုး နှစ်ခုကိုင်ထားတာတွေ့တယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။ အတည်မပြုနိုင်သေးသည့် သတင်းအရ ထားဝယ်ကမ်းနားလမ်းရှိ မြောင်းပုလဲတံတားအောက်တွင် ထောင်ထားသည့် အချိန်ကိုက်ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မပေါက်ကွဲသေးသည့်ဗုံးများလည်း ထပ်တွေ့ရသည်ဟု ဆိုသည်။ ပေါက်ကွဲမှုအခြေအနေ အသေးစိတ်နှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဆိုသည့် အအကြောင်းအရာကိုမူ Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း သီတင်းကျွတ်ကာလအတွင်း စစ်ကောင်စီက […]

အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာ ၄ ဦး နစ်နာကြေး ဘတ် ၂ သိန်းကျော်ရရှိ

Dawei Watch

October 25, 2023

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့ အိတ်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၄ ဦးကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခဲ့မှုအတွက် နစ်နာကြေးငွေ ဘတ် ၂ သိန်းကျော်ရရှိခဲ့ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၇၀ ခန့်လုပ်ကိုင်နေသော မဲဆောက်မြို့ ဝါစကင်းရွာရှိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၄ ဦးကို အလုပ်ရှင်က ကြိုတင်အကြောင်းကြားမှုမရှိဘဲ ဩဂုတ်လ ၂၂ ရက်နေ့တွင် အလုပ်ထုတ်လိုက်ကြောင်း သိရသည်။ လုပ်ငန်းခွင်တွင် အခြေခံလုပ်အားခမရရှိသည့်အပြင် အလုပ်ချိန်အပါအဝင် အလုပ်ခွဲဝေမှုနှင့် ဖိအားပေးခိုင်းစေခံနေရသော အခြေအနေကို အလုပ်ရှင်ထံ ညှိနှိုင်းပြောဆိုရာမှ လက်မခံဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ဩဂုတ်လ ၂၃ ရက်နေ့တွင် ဥပဒေအရ ဆောင်ရွက်ပေးရန် အလုပ်သမားများက ရောင်ခြည်ဦးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ပြီး Labour […]

သရက်ချောင်း မြို့မရဲစခန်း ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

Dawei Watch

October 25, 2023

သရက်ချောင်းမြို့မရဲစခန်း ယနေ့နံနက် ၅ နာရီ၊ မိနစ် ၂၀ ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ‌သိရသည်။ “အစပိုင်းမှာ လက်နက်ငယ်ပစ်သံတွေကြားတယ်၊ နောက်တော့ လက်နက်ကြီးပစ်သံတွေကြားတယ်”ဟု မြို့ပေါ်ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။ အပြန်အလှန် ပစ်ခတ်မှုကြာချိန် မိနစ် ၃၀ ခန့်ရှိပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုအခြေအနေကို မသိရသော်လည်း လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်သဖြင့် သားမိနှစ်ဦး ဒဏ်ရာပြင်းထန်စွာရသွားသည်ဟု ၎င်းက ပြောသည်။ သရက်ချောင်းမြို့မရပ်ကွက်က အရေးပေါ်ကားအသင်းဝင်တစ်ဦးကလည်း ဒဏ်ရာရသည့် သားအမိနှစ်ဦးကို ထားဝယ်ဆေးရုံကို ပို့ဆောင်နေသည်ဟု အတည်ပြုပြောဆိုသည်။ “ကျွန်တော်က လိုက်မသွားဖြစ်ဘူး၊ လူကြီးတစ်ယောက် ကလေးတစ်ယောက်ဆိုပဲပြောတယ်၊ ကားကတော့ ပြန်မလာသေးဘူး၊ ထားဝယ်ဆေးရုံကိုတက်ပို့နေတယ်” ဟု ၎င်းဆိုသည်။ သရက်ချောင်းမြို့မရဲစခန်း တိုက်ခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ရန်ရှိသည်ဟု ဆိုသည်။