ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်သိမ်းပိုက်၊ တရုတ်-မြန်မာကုန်သွယ်ရေးပြတ်တောက်
Dawei Watch
October 27, 2023ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ် သုံးဖွဲ့ပေါင်းကာ စစ်ဆင်ရေးပြုလုပ်နေပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိသည့် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ၁၀၂၇ အမည်ရ စစ်ဆင်ရေးဖြင့် ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA ၊ ရခိုင်အဖွဲ့ AA တို့ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၂၇ရက် နံနက် ၄ နာရီတွင် စတင်ခဲ့ပြီး ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် စသည့်မြို့နယ်များရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံစခန်းများကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ချင်းရွှေဟော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ယနေ့နံနက်ပိုင်းတွင်ပင် တရုတ်-မြန်မာကုန်သွယ်လမ်းဖြစ်သည့် လားရှိုး-ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမများကို အရေးပေါ်ပိတ်လိုက်ကြောင်း MNDAA က ကြေညာသည်။ လားရှိုးဘက်မှ စစ်ကူလာနေသည့် စစ်ကောင်စီတပ် မရောက်လာနိုင်အောင် […]


