BREAKING
November 10, 2025

သတင်း

တနင်္သာရီတွင် တိုက်ပွဲပြင်းထန်ပြီး ရွာသားများ ထွက်ပြေးနေရ

Dawei Watch

November 7, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုတွင် တိုက်ပွဲပြင်းထန်ပြီး ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၆ နေ့လယ်ပိုင်းက သကျက်ကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၇နာရီအထိ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ “တိုက်ပွဲက ဒီတစ်ခါတော်တော်ကြာတယ်။ ပစ်လိုက်နားလိုက်နဲ့ မိုးချုပ်တဲ့အထိပဲ။ (စစ်ကောင်စီ) သူတို့ဘက်က ထမ်းထုတ်နေတာလည်း အများကြီးတွေ့သလို PDF ဘက်ကလည်း နှစ်ယောက် လက်မောင်းနဲ့ ဗိုက် ရှပ်ထိတယ်။ မစိုးရိမ်ရပါဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်နေစဉ်အတွင်း ညောင်ပင်ကွင်းအခြေစိုက် (၅၆၁) တပ်ရင်းက လက်နက်ကြီးများ ပစ်ကူပေးသည့်အတွက် အနီးအနားရှိ သကျက်ကျေးရွာနှင့် ကဏန်းကွင်းကျေးရွာနေ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောဆိုသည်။ […]

မော်လမြိုင်တွင် CDM သားဖွားဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

Dawei Watch

November 6, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် CDM သားဖွားဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်ကြောင်း ဖမ်းဆီးခံရသူတိုနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး အသတ်ခံရမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည် ဟုဆိုကာ CDM သားဖွားဆရာမ ဒေါ်ခင်ခင်ဝေကို စစ်ကောင်စီက နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ မော်လမြိုင်တွင် နေထိုင်သည့် သားဖွားဆရာမ ဒေါ်ခင်ခင်ဝေသည် ကျိုက်မရောမြို့နယ်၊ ဘာဘူကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သူကြောင်း ၎င်းတို့ထံမှ သိရသည်။ အလားတူ မော်လမြိုင်မြို့ရှိ ဝန်ကြီးများအိမ်ရာရှေ့တွင် ပြုလုပ်ထားသည့် လုံခြုံရေးအကာအကွယ်အတားအဆီးကို ဓာတ်ပုံရိုက်ပြီး […]

ဘီးလင်းတွင် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

November 5, 2023

ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ ဦးပေါင်တိုအရက်ဆိုင်တွင် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်အချိန်ခန့်က ရဲတပ်သား ဇော်ဝင်းနိုင်သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ ဦးပေါင်တိုအရက်ဆိုင်တွင် ရှိနေစဉ် သေနတ်သမားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားသည် လည်ပင်းနှင့်ပေါင်တွင် ကျည်ဖောက်ဝင်သွားပြီး အခင်းဖြစ်ပွားရာအရက်ဆိုင်တွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ “ပစ်သတ်ခံရတဲ့ ရပ်တပ်သားက ပြောင်းလာတာမကြာသေးဘူး။ ရွာပြင်က အရက်ဆိုင်မှာ ရှိနေတဲ့အချိန်မှာ သေနတ်သမားတွေက လာပြီး ပစ်သတ်သွားခဲ့တယ်” ဟု ဝင်းကရွာခံတစ်ဦးက ပြောသည်။ ရဲတပ်သားဇော်နိုင်ဝင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းနောက် ရဲတပ်သား၏ရုပ်အလောင်းကို ဘီးလင်းဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ဘီးလင်းမြို့နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့များအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီဝင်များ၊ စစ်ကောင်စီသတင်းပေးဆိုသူများ ပစ်ခတ်ခံရမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချမှုကြောင့် ပုလောတွင်  PDF နှစ်ဦး ဒဏ်ရာရ

Dawei Watch

November 5, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုလောစစ်ကြောင်း(၁)က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၃ ရက်နေ့ည ၁၀ နာရီကျော်ခန့်က စစ်ကောင်စီတပ်၏ ဒရုန်း ကျောင်းနိမ့်ရွာအတွင်းသို့ ကင်းထောက်ဝင်ရောက်လာပြီး ဗုံးသီး ၆ လုံးချခဲ့ရာ ပုလောစစ်ကြောင်း(၁)မှ ရဲဘော်နှစ်ဦး ထိမှန် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရဲဘော်နှစ်ဦး၏ ဒဏ်ရာရရှိမှု အခြေအနေကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိချေ။ ပြီးခဲ့သည့် အောက်တိုဘာလနှင့် ဧပြီလအတွင်းကလည်း ကျောင်းနိမ့်ရွာအတွင်း စစ်ကောင်စီတပ်မှ ဒရုန်းနှင့် ဗုံးသီးချခဲ့သည့်အတွက် အရပ်သား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။ ယခင်ကတိုက်ပွဲများကြောင့် ကျောင်းနိမ့်ရွာဒေသခံများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လက်ရှိတွင်တော့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။

လိုင်ဇာအနီး တရုတ်နယ်စပ်မြို့သို့ လက်နက်ကြီးကျည်ကျသဖြင့် တစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

Dawei Watch

November 5, 2023

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ကပ်လျက် တရုတ်နယ်စပ်မြို့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် တရုတ်နိုင်ငံသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့က ပူးပေါင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်က နိုဝင်ဘာလ ၄ရက် နံနက် ၁ဝနာရီခန့်တွင် လိုင်ဇာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ တရုတ်နိုင်ငံထဲသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ တရုတ်ဘက်ခြမ်းကို လက်နက်ကြီးကျည် လေးလုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ကချင်သတင်းဌာနတစ်ခုဖြစ်သည့် Kachin News Group သတင်းတစ်ရပ်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်သည် ခယာဘွမ် (Hkaya Bum) ၊ ဖွန်းပျန်ဘွမ် (Hpun hpyen bum) ၊ ခန်းကိုင် (Hkangkai Bum) နှင့် […]

ယ‌နေ့ည ထိုးသတ်မည့် စိန်ခေါ်ပွဲ ဒေဝ၏ဖေ့စ်ဘွတ်ခ်နှင့် YouTube တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်

Dawei Watch

November 5, 2023

ယနေ့ (နိုဝင်ဘာ ၅) မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပမည့် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝနှင့် ကမ္ဘောဒီးယားလက်ဝှေ့ကျော် ပရွမ်းဆမ်းနန်တို့၏ပွဲစဉ်ကို ဒေဝ၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာနှင့် YouTube Channel တို့က တိုက်ရိုက် Live ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ဒေဝနှင့် ပရွမ်းဆမ်းနန်တို့သည် ပွဲချိန် ၉ မိနစ်ကြာမြင့်မည့် ယခုစိန်ခေါ်ပွဲကို အနားတောင်းယူခွင့် မရှိသည့်စနစ်ဖြင့် တစ်ချီတည်း အပြီးသတ် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ယခုပွဲစဉ်မှာ ဒေ့ဗ်လက်ဒက်(ခ)ဒေဝ၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးပွဲစဉ် ဖြစ်လာတော့မည်လည်းဖြစ်သည်။ ယနေ့ည ကျင်းပမည့်ပြိုင်ပွဲတွင် တွဲဆိုင်း ၆ ခု ပါဝင်မည်ဖြစ်ပြီး ကမ္ဘောဒီးယား ကိုယ်ခံပညာစုံတိုက်ခိုက်ရေး လက်ဝှေ့သမား ၆ ဦးက နိုင်ငံခြားသားပြိုင်ဘက် ၆ ယောက်ကို ရင်ဆိုင်ထိုးသတ်လိမ့်မည်ဖြစ်ကြောင်း သတင်းကြားသိရသည်။ ဒေဝနှင့် ပရွမ်းဆမ်းနန် […]

ကံပေါက်ရွာဒေသခံများကို စစ်ကောင်စီဖမ်းဆီး

Dawei Watch

November 5, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ တွင် နိုဝင်ဘာလ ၄ ရက် ညပိုင်းက ရွာအဝင်သစ်တောလမ်းဆုံ စစ်ဆေးရေးဂိတ်အနီးတွင် စစ်ကောင်စီက သေနတ်ပစ်ခတ်မှုများ လုပ်ခဲ့ပြီး ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။ သစ်တောလမ်းဆုံအနီးရှိ မဂ္ဂင်ရပ်ကွက်၊ ရဲရင့်ချောင်း၊ ဆင်ရံတံတားအနီးတွင် အရက်ထိုင်သောက် နေသူတစ်စုကို ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဆင်ရံတံတားအနီးရှိ အရက်ဆိုင်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အမျိုးသား ၃ ဦးကို ဖမ်းခေါ်သွားခဲ့ကြောင်း ဆင်ရံတံတားအနီး နေထိုင်သူများကဆိုသည်။ “ သေနတ်နဲ့လှန့်ပစ်တော့ အရက်သောက်နေတဲ့လူတွေက အရက်ဆိုင်ထဲဝင်ပြေးသွားတာကို စစ်တပ်က ကားတွေနဲ့ အရက်ဆိုင်ကိုလာဝိုင်းပြီး ဖမ်းသွားတယ်။ လာဝိုင်းတာ ကားတွေတော်တော်များများပါတယ် အိမ်စီးကားတွေရော၊ စစ်ကားတွေရောပါတယ်“ ဟု မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။ အဖမ်းခံရသူများ၏ အချက်အလက်အသေးစိတ်ကိုမူ မသိရှိရသေးပေ။ ယင်းဖြစ်စဥ်အပြီးတွင် စစ်ကောင်စီတပ်ကားများ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

November 4, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ရှမ်းမြောက်မှာ မြို့လေးမြို့နဲ့ စခန်းတစ်ရာကျော်ကို သိမ်းထားတယ်လို့ မြောက်ပိုင်းမဟာမိတ်တွေပြော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့လေးမြို့ကို လုံးဝထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကိုလည်း သိမ်းယူထားတယ်လို့ မြောက်ပိုင်းမဟာမိတ်တွေက နိုဝင်ဘာလ ၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ တရုတ်နယ်စပ်ဂိတ်ရှိတဲ့ ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် သုံးမြို့ကို လက်လွှတ် လိုက်ရပြီလို့ နိုဝင်ဘာလ ၁ရက်နေ့မှာ ဝန်ခံထားပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းမြောက်များစွာ သိမ်းဆည်းရမိထားပြီး သံချပ်ကာခြောက်စီးကိုလည်း သိမ်းယူထားနိုင်တယ်လို့ မြောက်ပိုင်းမဟာမိတ်တွေ […]