တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
November 10, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ နီပေါ ငလျင် လူ ၁၅၀ ဦးထက်မနည်း သေဆုံး ဟိမဝန္တာတောင်တန်းဒေသက နီပေါနိုင်ငံအနောက်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်နေ့ ညသန်းခေါင် မတိုင်ခင်က ငလျင်လှုပ်ခတ်ခဲ့လို့ လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ငလျင်က ခေတ္တမန္တူမြို့တော် အနောက်ဘက် မိုင် ၃၁၀ လောက်အကွာမှာ ပြင်းအား ၅ ဒသမ ၆ နဲ့ လှုပ်ခတ်ခဲ့တာပါ။ ငလျင်ကြောင့် လူ ၃၇၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ငလျင်ကို အိမ်နီးချင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်အထိ ခံစားခဲ့ရပြီး အဆောက်အဦးတွေ လှုပ်ခတ်ခဲ့ပါတယ်။ […]


