ကွမ်းလုံကို အပြည့်အဝသိမ်းပိုက်လိုက်ကြောင်း MNDAA ထုတ်ပြန်
Dawei Watch
November 12, 2023ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဗျူဟာအရ အလွန်အရေးပါသည့် ကွမ်းလုံမြို့ကို လုံးဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ယနေ့ ညပိုင်းတွင်ထုတ်ပြန်သည်။ ကွမ်းလုံကို နိုဝင်ဘာလ ၁ရက်နေ့တွင် MNDAA နှင့် မဟာမိတ်များက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ နံနက်တွင် အပြည့်အဝ သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း MNDAA ထံမှ သိရသည်။ ယနေ့ သိမ်းယူရာတွင် သံချပ်ကာကားလေးစီး၊ ဟောင်ဝစ်ဇာအမြောက် တစ်လက်၊ ၁၂၂မမ အတွက်လိုက်ဒုံးများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများနှင့် အုပ်ချုပ်ရေးဌာနများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းနောက် ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ပြီး မြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ယာဉ်ထိန်းရဲများ နှင့် […]


