ထားဝယ်ဒေသတွင် ဆားရောင်းအားကျ
Dawei Watch
November 22, 2023ထားဝယ်ဒေသတွင် ဆားရောင်းအားကျ သိသိသာသာလျော့ကျနေကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ဆားအသုံးပြုမှုများသည့် ငါးဆားထိုးလုပ်ငန်း၊ လှေလုပ်ငန်းများနှင့် ငပိ၊ ငါးခြောက်လုပ်ငန်းအချို့ ရပ်နား ထားကြသဖြင့် ဆားအရောင်းအဝယ်ကျဆင်းလာကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ ရွှေပြည်သား ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ဆိုသည်။ မိမိကွင်းက ထွက်သည့် ဆားမှာ ဈေးကွက်လိုအပ်ချက် မလုံလောက်သဖြင့် မွန်ပြည်နယ်၊ ပင ဘက်က ဆားကို ပြန်လည်ဝယ်ယူပြီး ဖောက်သည်များကို နှစ်စဉ်နီးပါး ဖြည့်ပေးခဲ့ရသော်လည်း ယခုနှစ်တွင် မိမိကွင်းက ထွက်သည့် ဆားပင်ရောင်းမကုန်ဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။ “ခါတိုင်းနှစ် ဒီအချိန်ဆို ဆားကုန်သလောက်ဖြစ်နေပြီ။ အခုက ပိဿာချိန် ငါးသိန်းလောက် ကျန်သေး တယ်။ ဟိုတုန်းက အိတ် ၁၀၀ ယူရင် အခု အိတ် ၅၀ လောက်ပဲယူတာမျိုးပေါ့။ မြိတ်ဘက်ကဆို မဝယ်သလောက် ဖြစ်သွားပဲ။ ပုလောဘက်က ဆားမှာတာ တင်ပေးမယ့်ကားမရှိလို့ မတင်ပေးရဘူး” ဟု ဦးသန်းဝင်းက ပြောသည်။ တိုက်ပွဲများကြောင့် လမ်းခရီး […]


