တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
September 14, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်အထိ တိုင်းနဲ့ပြည်နယ်ခြောက်ခုမှာ ရေကြီးလို့ လူရာဂဏန်းသေဆုံး၊ လူသိန်းချီပြောင်းရွှေ့ရ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့ စူပါတိုင်ဖွန်း ယာဂိမုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်ခြောက်ခုမှာ ရေကြီးပြီး လူတစ်ရာကျော်သေဆုံးခဲ့သလို လူသိန်းနဲ့ချီလည်း အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်တာကြောင့် မန္တလေး၊ ပဲခူး၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၃၀ကျော်မှာ စက်တင်ဘာလ ၉ရက်နေ့ကစလို့ ရေကြီးရေလျှံခဲ့တာပါ။ မန္တလေးတိုင်းထဲက ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ဆည် မြို့နယ်တွေအပြင် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်က ပျဉ်းမနား၊ တပ်ကုန်းအပါအဝင် မြို့နယ်တွေမှာ […]


