BREAKING
November 13, 2025

သတင်း

ပုလော PDF ဒုတပ်ရင်းမှူးကို အရေးယူရန် MOD က ညွှန်ကြားထားပြီဟုဆို

Dawei Watch

January 24, 2024

မြိတ်ခရိုင် PDF တပ်ရင်း(၁) ပုလော PDF ဒုတပ်ရင်းမှူးကို အရေးယူရန်အတွက် MOD (အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန)က ညွှန်ကြားထားပြီဖြစ်ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ်(၃)၊ ဒု-စစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာက ပြောသည်။ “MOD ကနေပြီးတော့ အရေးယူမယ်လို့ပြောတဲ့ကိစ္စကို ကျွန်တော်တို့စာလည်းထုတ်ပြီးပါပြီ သက်ဆိုင်တဲ့ပုဂ္ဂိုလ်ကိုလည်း ကျွန်တော်တို့ခေါ်ယူထားတဲ့ အနေအထားရှိပါတယ်နော်” ဟု ရဲဘော်ဂျူပီတာက ဆိုသည်။ မွမ်းမံသင်တန်းမတက်သည့် ရဲဘော်ရောင်နီကို ဒီဇင်ဘာ ၂၃ ရက်တွင် ဒုတပ်ရင်းမှူး ကျော်ထင်အောင်က သေနတ်ဒင်ဖြင့် ခေါင်းကိုရိုက်ခြင်း၊ သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ခြင်း၊ အချုပ်ချထားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းအပြင် အောက်လက်ငယ်သားအပေါ် ယင်းသို့လုပ်ခွင့်ရှိသလောဟု မေးခွန်းထုတ်ခဲ့သည့် ပုလော PDF တပ်ရင်း(၁)မှ ဒုဘဏ္ဍာရေးမှူးလည်းဖြစ် CDM ကျောင်းဆရာလည်းဖြစ်သူ ကိုစံမျိုးအောင်ကိုလည်း ဒုတပ်ရင်းမှူးက ပါးရိုက်ခဲ့သည်။ ယင်းသို့ လုပ်ထုံးလုပ်နည်းနှင့် […]

ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် နှစ်ဖက်ပစ်ခတ်မှုများဆက်တိုက်ဖြစ်

Dawei Watch

January 23, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၂ရက် မွန်းလွဲပိုင်းက ညောင်ပင်ကွင်းကျေးရွာအုပ်စု ပျို့အိုင်ရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂၃ရက် နံနက် ၇ နာရီခန့်တွင်လည်း နှစ်ဖက် ပစ်ခတ်မှုထပ်မံဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “(နှစ်ဖက်ပစ်ခတ်တာ) တောက်လျှောက်ဖြစ်နေတာ။ တပ်ရင်းနားမှာ ကပ်ပြီး ကျွန်တော်တို့ ပစ်နေတာ။ မနေ့ကလည်း တစ်နေ့လုံး ဖြစ်နေတယ်။ ဒီနေ့လည်း တစ်နေ့လုံးဖြစ်နေတယ်” ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ပြန်ကြားရေး တာဝန်ခံ ကိုဟိန်းက ပြောဆိုသည်။ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သလို စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကိုလည်း […]

ထားဝယ်တွင် ကွမ်းသီးခြောက် တစ်ပိဿာ လေးထောင်ကျော် အထိစျေးမြင့်

Dawei Watch

January 23, 2024

ထားဝယ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ်လေးထောင်ကျော်အထိ ဖြစ်လာကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းများထံမှသိရသည်။ ဇန်နဝါရီ ပထမပတ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ် ၂၇၀၀ ခန့်သာရှိရာမှ ယခု ဇန်နဝါရီလ တတိယအပတ်တွင် ကျပ် ၄၀၀၀ ကျော်အထိ တဖြည်းဖြည်း ဈေးတက်လာသည်။ “အရင်ပတ်က ပြောသလိုပါပဲ ပြည်တွင်းသိုလှောင်မှု ဝယ်လိုအားကြောင့်ပါ ကုန်သည်တွေကလည်း အဲဒီအပေါ်မှာလိုက်ဝယ်ကြတဲ့ သဘောရှိတယ် “ဟု ထားဝယ်မြို့ရှိ ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ သို့သော် တောင်သူအများစုမှ ယခုနှစ် ကွမ်းသီးဈေး စတက်ချိန်တွင် ရောင်းချထားပြီး ဖြစ်သောကြောင့် တောင်သူများ၏ လက်ဝယ်တွင် ကွမ်းသီးလက်ကျန် နည်းပါးနေပြီဖြစ်ကြောင်း ရေဖြူမြို့နယ်ရှိ ကွမ်းသီးစိုက်တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “မနှစ်က တစ်ပိဿာ ၁၅၀၀ လောက်ပဲရှိတာ မရောင်းဘူး ထားထားတယ်။ အခုနှစ် ၁၁ လပိုင်းကုန်လောက်က […]

မွန်ဝါရင့်နိုင်ငံရေးသမား နိုင်ငွေသိန်း ကွယ်လွန်

Dawei Watch

January 23, 2024

မွန်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် နိုင်ငွေသိန်း (ခေါ်)နိုင်ဂျနူမွန်သည် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က ရန်ကုန်မြို့ တွင် ကွယ်လွန်သွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ အသက် ၈၉ နှစ်အရွယ် နိုင်ငွေသိန်းသည် ရန်ကုန်မြို့ အာရှတော်၀င်ဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း နီးစပ်သူတို့က ပြောသည်။ နိုင်ငွေသိန်းသည် ကရင်ပြည်နယ်၊ ထုံးအိုင်ရွာဇာတိဖြစ်ပြီး ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်။ နိုင်ငွေသိန်း၏ ရုပ်အလောင်းကို မော်လမြိုင်သို့ သယ်ဆောင်လာမည်ဖြစ်ပြီး စျာပနအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ နိုင်ငွေသိန်းသည် ဘုန်းကြီးကျောင်းတွၚ် အကြီးတန်းအထိ ပညာသင်ကြားခဲ့ကာ ကိုရင်ဘဝဖြင့်ပင် ၁၀ တန်းအောင်ခဲ့ပြီး တက္ကသိုလ်ပညာများကို ဘွဲ့ရသည်အထိ သၚ်ကြားခဲ့သည်။ […]

မြိတ်မြို့ ရှမ်းချောင်းဝန်ထမ်းရပ်ကွက်တွင် နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး

Dawei Watch

January 23, 2024

မြိတ်မြို့၊ ရှမ်းချောင်းဝန်ထမ်းရပ်ကွက်၊ (၈) လမ်းနှင့် (၉) လမ်းကြားတွင် ယနေ့ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၂၀မိနစ်တွင် နေအိမ်မီးလောင်ကြောင်း မြို့ခံများက ပြောသည်။ ၈ လမ်းက စတင်မီးလောင်ကျွမ်းကာ ၉လမ်းသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ “(နေအိမ်) သုံးလုံးပြာကျသွားတယ်။ တစ်လုံးက အုတ်ခံအိမ်။ကျန်တာကတော့ ရိုးရိုးသစ်အိမ်တွေပဲ” ဟု မီးလောင်မှုအနီး ရောက်ရှိနေခဲ့သည့် မြို့ခံတစ်ဦးက ပြောဆိုသည်။ မီးလောင်မှုဖြစ်ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း လူနေအိမ် သုံးလုံးမီးလောင်ကျွမ်းသွားကြောင်း မြို့ခံတို့က ဆိုသည်။ မီးလောင်မှုအတွင်း အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး မီးခိုးမွှန်သဖြင့် အောက်ဆီဂျင်ပေးခဲ့ရကြောင်း ပရဟိတအသင်းများထံက သိရသည်။ ဝါယာရှော့ခ်မှ စတင်မီးလောင်ကျွမ်းသည်ဟု ပြောဆိုနေသော်လည်း အကြောင်းအရင်း အတိအကျကိုမူ […]

အိန္ဒိယသို့ထွက်ပြေးသည့် တပ်သားများကိုလာယူသည့် စစ်ကောင်စီလေယာဉ်ပြေးလမ်းချော်

Dawei Watch

January 23, 2024

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို လာရောက်ယူဆောင်သည့် စစ်ကောင်စီတပ် လေယာဉ်တစ်စင်းပြေးလမ်းချော်ပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရကြောင်း အိန္ဒိယသတင်းအချို့တွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီခန့်တွင် မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ လေယာဉ်ပေါ်တွင် လေယာဉ်မှူးအပါအဝင် လူ ၁၄ဦးလိုက်ပါလာပြီး ယင်းအနက် ခြောက်ဦးထက်မနည်း ဒဏ်ရာရပြီး Lengpui ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းများက ဆိုသည်။ ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်တွင်မူ လေယာဉ်မှူးအပါအဝင် ရှစ်ဦးဒဏ်ရာရကြောင်း ဖော်ပြသည်။ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းပြည်နယ် ပလက်ဝမြို့နယ်က မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ကောင်စီတပ်သား ၂၇၀ ကျော် ထွက်ပြေးခဲ့သည်။ ယင်းအနက် ၁၈၄ ဦးကို […]

တိတ်ဆိတ်နေသော မောင်းမကန်

Dawei Watch

January 23, 2024

ခရီးသွား​တွေအကြား လူသိများထင်ရှားတဲ့ ထားဝယ်ဒေသက နာမည်ကျော် မောင်းမကန်ကမ်းခြေ ရဲ့ မြင်ကွင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပွင့်လင်းရာသီ ဖြစ်ပေမဲ့ ကိုဗစ်ကပ်ဘေးကာလ မတိုင်မီကလို ခရီးသွားတွေအများအပြား လာရောက်တာမရှိတော့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ အခါကြီးရက်ကြီး​တွေရောက်မှသာ ထားဝယ်ဒေသအတွင်းက လာရောက်လည်ပတ်သူအချို့နဲ့ အနည်းငယ်စည်ကားတယ်လို့လည်း သူတို့က ဆက်ပြောပါတယ်။ မောင်းမကန် ကမ်းခြေတည်ရှိတဲ့ မောင်းမကန်စံပြရွာအပါအဝင် လောင်းလုံးမြို့နယ်က ကျေးရွာအများစုဟာ မကြာခဏ စစ်ကြောင်းထိုးခံရလေ့ရှိပြီး ရွာသားတွေ မကြာခဏ ထွက်ပြေးတိမ်းရှောင်​နေရပါတယ်။

ချင်းမိုင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ကို တရားစွဲထားမှု ပြည်သူများအနိုင်ရရှိ

Dawei Watch

January 23, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် အနီးခရိုင်များတွင် ကြုံတွေ့ခဲ့ရသော လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ကို တရားစွဲဆိုထားသော အမှုတွင် ပြည်သူများက အနိုင်ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်ပြည်သူများက အမှုကို ခရိုင်တရားရုံးတွင် ၂၀၂၃ ဧပြီလက တရားစွဲဆိုခဲ့ပြီးနောက် ကိုးလအကြာ ၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခံရသူများသည် အမျိုးသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအခွင့်အာဏာကို ထိထိရောက်ရောက် အသုံးပြု၍ အရေးပေါ် အစီအစဥ်တစ်ရပ်ကို ရက် ၉၀အတွင်း အမြန်ဆုံး ပြင်ဆင်ပေးရန် တရာရုံးက အမိန့်ချမှတ်လိုက်ကြောင်း ဖော်ပြထားသည်။ အ‌ရေးပေါ် အစီအစဥ်တွင် လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ရန်နှင့် သက်ရောက်မှုလျော့ပါးလာစေရန် ရေရှည်အရေးပေါ်အစီအစဉ်ကို သတ်မှတ်ရက်များအတွင်း ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ်နှင့် အမျိုးသားပတ်ဝန်းကျင် ဘုတ်အဖွဲ့များသည် ထိုင်းနိုင်ငံမြောက်ပိုင်း ခရိုင်များတွင် […]