BREAKING
November 13, 2025

သတင်း

ပေါင်မြို့နယ်တွင် နယ်ထိန်းရဲက အရပ်သား တစ်ဦးကို ပစ်သတ်

Dawei Watch

January 28, 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စု ဇင်းဘာရပ်ကွက်နေ အရပ်သားတစ်ဦးကို ရဲတပ်ဖွဲ့မှ နယ်ထိန်းတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်လိုက်၍ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။ မုတ္တမနယ်မြေရဲစစန်းမှ နယ်ထိန်းနှင့် အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးတို့က ဇင်းဘာရပ်ကွက်နေ အသက် ၃၀ အရွယ် ကိုအောင်နိုင်ဝင်း၏ နေအိမ်ကို ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့ကြောင်း ၎င်းကဆိုသည်။ ယင်းနောက် ထွက်ပြေးရန် ကြိုးပမ်းသည်ဆိုကာ နယ်ထိန်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကိုအောင်နိုင်ဝင်းမှာ လက်မောင်းနှင့်နံရိုးအကြား ကျည်ဆန်ဖောက်ဝင်ခဲ့ပြီး အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။ “သူတို့(ကိုအောင်နိုင်ဝင်း) လင်မယားက ချဲရောင်းတာ၊ လိုင်းကြေးလည်း ပေးထားတယ်၊ သူတို့ အိမ်ကို မပြောမဆိုဘဲ ဝင်လာတာ၊ ပိုက်ဆံလိုချင်လို့ ထင်တယ်၊ လင်မယား နှစ်ယောက်လုံး ထပြေးတာ၊ သူယောင်္ကျားကို […]

ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံခြောက်ဦး ပြန်လွတ်

Dawei Watch

January 28, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ‌အခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်က ဖမ်းဆီးစစ်ဆေးနေသည့် ဒေသခံ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ငါးဦး ဇန်နဝါရီလ ၂‌၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြန်လွတ်လာကြောင်း ၎င်းတို့၏ မိသားစုများဝင်များက ‌ပြောသည်။ ပြန်လွတ်လာသူများမှာ လှည်းကုန်းရပ်ကွက်က မသဲစုမိုး၊ ဒေါ်သန်းသန်းစိုး ၊ မမော်မော်ရှိန်နှင့် မနီနီရှိန်တို့ ညီအမ နှစ်ဦး၊ မိကျောင်းအိုင်ရပ်ကွက်က ဦးကိုကိုဦးနှင့် ဇနီးဖြစ်သူတို့ဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ လှည်းကုန်းရပ်ကွက်က ဖမ်းဆီးစစ်ဆေးခံရသည့် အမျိုးသမီးလေးဦးတို့သည် မောရဝတီ ရေတပ် ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် ဒီဇင်ဘာလ တတိယအပတ်က အဖမ်းခံရပြီး တစ်‌လကျော်ကြာ စစ်ဆေးခံရသည်။ ဇန်နဝါရီလ ၂၄ ရက်က အဖမ်းခံရသည့် ဦးကိုကိုဦးတို့ဇနီးမောင်နှံသည်လည်း ဇန်နဝါရီလ ၂‌‌၆ ရက်တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

January 27, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ NCA ထိုးထားတဲ့ ပအိုဝ်းတပ် စစ်ကောင်စီကို ပြန်တိုက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်မီးတွေဟာ ရှမ်းပြည်တောင်ပိုင်းအထိ ကူးစက်လာတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ကြပေမယ့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA/PNLO) ဟာ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးရေးလမ်းကြောင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ အာမခံချက်ရှိတဲ့ နိုင်ငံရေးရဒ်တစ်စုံတစ်ရာ မရဘူးလို့ PNLO က ဆိုပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ ဟိုပုံးမြို့နယ် စံဖူး (လုံးဟီး) ကျေးရွာမှာ ပအိုဝ်းတပ်ယာဉ်တန်းကို စစ်ကောင်စီ […]

မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗျူဟာကုန်းကို မီးရှို့ပြီးစွန့်ခွာထွက်ပြေးဟု AA ပြော

Dawei Watch

January 27, 2024

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယောချောင်းဗျူဟာကုန်းကို စွန့်ခွာထွက်ပြေးသဖြင့် ရက္ခိုင့် တပ်တော် AA က သိမ်းယူလိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့က ဇန်နဝါရီလ ၂၆ရက်က ပူးတွဲထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၆ ရက်တွင် ယောချောင်းဗျူဟာကုန်းနှင့် အနီးအနားရှိ စခန်းကုန်းများက ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်များ အပါအဝင် လက်နက်ခဲယမ်းများကို မီးရှို့ကာ စစ်သင်္ဘောနှစ်စီးဖြင့် ထွက်ပြေးသွားကြောင်း ဖော်ပြသည်။ AA က လိုက်လံပစ်ခတ်တိုက်ခိုက်သဖြင့် စစ်သင်္ဘောပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးခဲ့သည်ဟုလ်း ဆိုသည်။ အပစ်ရပ်သဘောတူညီချက်ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲ ကြီးကြီးမားမား မရှိတော့သော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ပြင်းသထက်ပြင်းထန်လာကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ထုတ်ပြန်သည်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် တိုက်ပွဲများ […]

NCA လက်မှတ်ထိုးထားသည့် ပအိုဝ်းတပ် စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဟုကြေညာ

Dawei Watch

January 27, 2024

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA/PNLO) သည် ညီနောင်မဟာမိတ်များနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဖြစ်ကြောင်း PNLO က ဇန်နဝါရီလ ၂၆ရက်တွင် ကြေညာသည်။ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးတွင် လက်နက်စွဲကိုင်တော်လှန်ကြသော်လည်း PNLO က ပါဝင်ခြင်း မရှိဘဲ NCA အတိုင်း ရပ်တည်ကာ စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။ သို့သော် အာမခံချက်ရှိသည့် နိုင်ငံရေးရလဒ် တစ်စုံတစ်ရာ မရရှိကြောင်း PNLO က ဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်တွင်မူ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူး(လုံးဟီး) ကျေးရွာတွင် ပအိုဝ်းတပ် ယာဉ်တန်းကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO ပိတ်ဆို့ ဟန့်တားရာမှ တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ဖော်ပြသည်။ စစ်မီးဆက်လက် မကူးစက်စေရန် စစ်ကောင်စီနှင့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

January 26, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဇန်နဝါရီလ ၂၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဟိန္ဒူဘာသာဝင်တွေယုံကြည်ကိုးကွယ်ရာ ရာမဘုရား အတွက်ဆောက်လုပ်တဲ့ ဘုရားကျောင်းပါ။ လာမယ့်ရွေးကောက်ပွဲမှာ ဟိန္ဒူမဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ ဝန်ကြီးချုပ် မိုဒီ ကိုယ်တိုင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်တဲ့ ဒီဘုရားကျောင်းဖွင့်ပွဲကို ဟိန္ဒူဘုန်းတော်ကြီးတွေက ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဘုရားကျောင်းသစ် တည်ဆောက်တဲ့ နေရာမှာ ယခင်က […]

သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်းဖြတ်သွားချိန် ကျေးရွာများကိုပစ်ခတ်

Dawei Watch

January 26, 2024

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ဖြတ်သန်းသွားလာစဉ် ပိတိုင်၊ ပြင်းဖြူကြီး၊ ချောက်ချောင်းရွာများကို ဘက်ကိုလက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်ကားသုံးစီးနှင့် အင်အား ၃၀ ခန့်ပါသည့် ခြေလျင်စစ်ကြောင်းတို့သည် ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် သရက်ချောင်းမြို့မှ မြို့နယ်အောက်ဘက်ပိုင်းသို့ သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ သွားလာချိန် ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ချောက်ချောင်းရွာက နေအိမ်တစ်လုံး လက်နက်ကြီးကျည်စထိမှန်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တိုက်ပွဲဖြစ်သလိုပဲ ပစ်ပြီးဆင်းလာကြတာ။ ပစ်နေတဲ့အချိန် အိမ်အောက်မှာ ပုန်းနေကြရတယ်။ ဘာလို့ပစ်မှန်းတော့မသိဘူး” ဟု ပြင်းဖြူကြီးကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လက်နက်ကြီးကျည်စထိမှန်သည့် နေအိမ်အနည်းငယ်ထိခိုက်မှုရှိပြီး အဝတ်ဗီဒိုမီးစွဲလောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့ပစ်ခံရရင်လည်း […]

ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်

Dawei Watch

January 26, 2024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်တွင် ယနေ့ ဇန်နဝါရီလ ၂၆ ရက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် လာရောက်ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ကရင်တပ် KNDF နှင့် PDF တို့ပူးပေါင်းကာ ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်၊ ရဲစခန်းတို့ကို ဇန်နဝါရီလ ၂၅ ရက်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဘက်က ဆီဆိုင်မြို့နှင့် ကျေးရွာလေးရွာကို ယင်းနေ့တွင် ဂျက်တိုက်လေယာဉ်အပါအဝင် Y12 လေယာဉ်ဖြင့် အကြိမ် ၂၀ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး တစ်ရာကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ယင်းသို့ ဗုံးချတိုက်ခိုက်သဖြင့် ဆီဆိုင်မြို့မစျေးမီးလောင်သွားကြောင်း ဒေသတွင်း သတင်းအချို့တွင် ဖော်ပြသည်။ တော်လှန်ရေးတပ်များက […]