BREAKING
November 13, 2025

သတင်း

ထိုင်းနယ်စပ်မှ တနင်္သာရီဘက်ကူးမည့် မြန်မာ ၂ ဦးကို မူးယစ်ဆေးများနှင့်အတူ ထိုင်းရဲဖမ်းမိ

Dawei Watch

January 30, 2024

ထိုင်းနိုင်ငံနယ်စပ်နှင့် ထိစပ်နေသော တနင်္သာရီတိုင်းဘက်သို့ တရားမဝင် ဝင်ရောက်ရန် လုပ်ဆောင်နေသည့် မြန်မာ ၂ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဇန်နဝါရီလ ၂၉ ရက်နေ့က ထိုင်းရဲများက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၊ ပကျွတ်ခီရီခန်ခရိုင် ကောလက်ဒေသရှိ အမျိုးသားဥယျာဉ်ထဲတွင် နယ်ခြားစောင့်တပ်များ တောတွင်း ပြစ်မှုကင်းရှင်းရေးနှင့် တရားမဝင် ဝင်ရောက်မှုများမရှိရေးအတွက် တင်းတင်းကြပ်ကြပ် ကင်းလှည့်စစ်ဆေးနေစဉ် ညနေ ၄ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ဆေးနေစဉ် ခြေသံကြားသဖြင့် သွားရောက်စစ်ဆေးရာမှ ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို တွေ့ရှိရဟုဆိုသည်။ ၎င်းတို့နှစ်ဦးကို ထပ်မံစစ်ဆေးရာ မူးယစ်ဆေးပြား WY အလုံးရေ ၂၇၉ လုံးကိုပါ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ မူးယစ်ဆေးပြားများကို ကူဘူရီအမျိုးသားဥယျာဉ်လမ်းကြောင်းကိုသုံး၍ […]

ပြည်သူ့စစ်ဖွဲ့စည်းရန်ဆိုကာ စစ်ကောင်စီက သထုံခရိုင်တွင် အဓမ္မလူအင်အား စုဆောင်းနေ

Dawei Watch

January 30, 2024

ပြည်သူ့စစ်ဟု နာမည်ပေးထားသော ပျူစောထီးတပ်များ ဖွဲ့စည်းရန်အတွက် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းမှမြို့နယ်အချို့နှင့် ကျေးရွာများတွင် စစ်ကောင်စီက အဓမ္မလူအင်အား စုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ကျေးရွာ၊ ရပ်ကွက်အလိုက် အချိုးကျ အဓမ္မ လူအင်အားစုဆောင်းမှုများ ပြုလုပ်နေကြောင်း ၎င်းတို့ကဆိုသည်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးဘိနှင့်ဇနီးဖြစ်သူ၊ ရှမ်းစုကျေးရွာ ပျူစောထီး ခေါင်းဆောင် ဦးဝင်းမောင်တို့က ဦးဆောင်ပြီး သထုံမြို့နယ်ရှိ စခန်းကြီးကျေးရွာ၊ အနန်းပင်ကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ ဝါးခုတ်တော ကျေးရွာ၊ အင်ဝိုင်းကျေးရွာများမှ တစ်ရွာလျှင် ၁၅ ယောက် နှုန်းဖြင့် အဓမ္မ လူအင်အား စုဆောင်းနေခြင်းဖြစ်ဟု ဒေသခံတစ်ဦးကရှင်းပြသည်။ “တစ်ရွာကို ၁၅ ယောက် မဖြစ်မနေဝင်ရမယ်လို့ ပျူခေါင်းဆောင်ကပြောတယ်။ အကယ်၍ ဝင်မယ့်သူ မရခဲ့ရင် မဲနှိုက်ပြီး ပေါက်တဲ့အိမ်က မဖြစ်မနေ လူထည့်ပေးရတယ်” ဟု ၎င်းကပြောသည်။ […]

တိုက်ပွဲဖြစ်နေသဖြင့် ပုလောတွင် ခရီးသည်ကားများ ပိတ်မိနေ

Dawei Watch

January 30, 2024

မြိတ် – ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ပုလောမြို့တွင် ခရီးသည်ကားများ ပိတ်မိနေကြောင်း မြို့ခံအချို့ကပြောသည်။ ပလမြို့၊ မီးလောင်ချောင်းကျေးရွာအနီးဝန်းကျင်တွင် ယနေ့နံနက်ပိုင်းမှစပြီး တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသည်တင်ကားများ ပိတ်မိနေခြင်းဖြစ်ကြောင်း ပိတ်မိနေသည့် ခရီးသည်တစ်ဦးက ပြောဆိုသည် မီးလောင်ချောင်းရွာသည် ပုလောမြို့နယ် ပလမြို့အလွန် မြိတ်မြို့နယ်နှင့် ပလမြို့နယ်ခွဲအစပ်တွင် ရှိသည့် ကျေးရွာဖြစ်သည်။ “(ပုလောမြို့ပေါ်) ပိတ်မိနေတဲ့ ကားတန်းကြီးကတော့ အရှည်ကြီးပဲ၊ အခုထိတော့ သွားခွင့်မပေးသေးဘူး” ဟု ၎င်းက ယနေ့နံနက် ၁၀ နာရီကျော်အချိန်က ပြောဆိုသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လေကြောင်းသုံးတိုက်ခိုက်နေကြောင်း သတင်းထွက်ပေါ်လျက်ရှိသော်လည်း Dawei Watch အနေဖြင့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။ “လေယာဉ်ပျံနေတာတော့ရှိတယ်။ ဗုံးကျဲလား၊ မကျဲလားတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ အဆက်အသွယ်တွေက ပြတ်နေတာ” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးကဆိုသည်။ တိုက်ပွဲဖြစ်ပွားနေသည်ဟုဆိုသည့် […]

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

Dawei Watch

January 30, 2024

လောင်းလုံးမြို့ပေါ်တွင် ယနေ့ ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်ကစပြီး တိုင်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်တပ်စွဲထားသည့် ရဲစခန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေကြခြင်းဖြစ်ကာ လောင်းလုံးမြို့ပေါ် လမ်းမများတွင် ဖြတ်သန်းသွားလာသူကင်းမဲ့နေကြောင်း ဒေသခံတို့က ဆိုသည်။ နှစ်ဖက်ပစ်ခတ်မှုမှာ ယနေ့ နံက် နက် ၆ နာရီဝန်းကျင်ကနေ ၁၀ နာရီ ဝန်းကျင်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်းဒေသခံတို့က ပြောသည်။ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကရင်တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စင်း ပစ်ချခံရ

Dawei Watch

January 29, 2024

ကရင်ပြည်နယ် မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း ၃၅၅ သို့ လာရောက်သည့် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စင်း ပစ်ခတ်ချခံရကြောင်း ဒေသတွင်းနှင့် ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂၉ရက် မွန်းလွဲ ၂နာရီခန့်တွင် ခမရ ၃၅၅ သို့ လာရောက်သည့် အဆိုပါရဟတ်ယာဉ်ကို တော်လှန်ရေး တပ်ဖွဲ့တို့က ပစ်ခတ်သဖြင့် ပျက်ကျသွားခြင်းဖြစ်ကြောင်း ကရင်သတင်းစဉ် ကေအိုင်စီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ရဟတ်ယာဉ်သည် ခမရ ၃၅၅နှင့် ၃၅၆ တပ်ရင်း နှစ်ခုအကြား တောအုပ်အတွင်း ပျက်ကျပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သင်္ဃန်းညီနောင် ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းသတင်းတွင် ဖော်ပြသည်။ ရဟတ်ယာဉ်ပျက်ကျမှုတွင် တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ […]

ဖူးခက်တွင် မြန်မာလုပ်သား ၁၅ ဦး လုပ်အားခမရသဖြင့်အမှုဖွင့်

Dawei Watch

January 29, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၅ ဦးသည် လုပ်အားခ ဘတ် ၂ သိန်းကျော်ကို သူဌေးက ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အမျိုးသမီးလေးဦးအပါအဝင် မြန်မာအလုပ်သမား ၁၅ဦးမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစတင်ကာ လုပ်ကိုင်နေခြင်းဖြစ်ပြီး နောက်ဆုံး လုပ်ကိုင်ခဲ့သည့် လုပ်အားခ တစ်လစာကို သူဌေးဖြစ်သူက ပိုက်ဆံမရှိဟု ပြောဆိုပြီး ထုတ်မပေးကြောင်း WAG အဖွဲ့ထံမှသိရသည်။ လုပ်အားခမရသည့်အပြင် သူဌေးက ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် ငွေကြေးများ ကောက်ခံထားပြီး စာရွက်စာတမ်းများ တာဝန်ယူလုပ်ဆောင်ပေးခဲ့ခြင်းမရှိသည့်အတွက် ဖူးခက်မြို့ရှိ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ ဇန်နဝါရီလ ၂၈ ရက်နေ့က တိုင်ကြားခဲ့ကြောင်း WAG […]

ထိုင်းတောင်ပိုင်းက မြန်မာပညာရေးစုံညီပွဲ

Dawei Watch

January 29, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ဝပ်ဖိုဝိုင် သူရိယစန္ဒာမြန်မာစာသင်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့ညက ပြုလုပ်ခဲ့သည်။ အဆိုပါကျောင်းတွင် ထားဝယ်ဒေသရွှေ့ပြောင်းကလေးများအပြင် မြန်မာရွှေ့ပြောင်းက‌‌လေးများက KG အတန်းမှ အထက်တန်းအထိ ပညာသင်ယူလျက်ရှိသည်။

မင်းပြားမြို့က စစ်ကောင်စီတပ်ရင်းကို AA သိမ်းယူ၊ ရမ်းဗြဲမြို့တွင် ဓာတုအဆိပ်ငွေ့သုံးတိုက်ခိုက်ဟုဆို

Dawei Watch

January 29, 2024

ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၈၀ ကို ဇန်နဝါရီလ ၂၈ ရက်တွင် သိမ်းယူလိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။ လေကြောင်း၊ ရေကြောင်း ပစ်ကူတို့ဖြင့် စစ်အင်အားဖြည့်တင်းကာ စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း AA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မင်းပြားမြို့ ကျိန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီတပ်ရင်း ၃၇၉၊ ၃၈၀၊ ၅၄၁ တို့ကို AA က ဇန်နဝါရီလ ၁၀ ရက်တွင် စတင်ခိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စတင်တိုက်ခိုက်ပြီး ၁၈ရက်အကြာတွင် ခမရ ၃၈၀ တပ်ရင်းကို စတင် သိမ်းယူ နိုင်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ပေါက်တောမြို့ကို AA သိမ်းယူထားပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ချက်တွင် […]