BREAKING
November 13, 2025

သတင်း

သံဖြူဇရပ် အနင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်

Dawei Watch

January 31, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတို့က ပြောသည်။ ပစ်ခတ်မှု စတင်ဖြစ်ပွားပြီး မကြာမီတွင်ပင် အနင်းကျေးရွာအနီးက ထင်းရူးကျေးရွာဘက်ကလည်း ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုပြင်းထန်နေပြီးနောက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်ဘက်က လေကြောင်း အသုံးပြုကာ စက်သေနတ်ဖြင့် အတွဲလိုက်ပစ်ခတ်ခဲ့သည့်အပြင် ဗုံးကြဲချကာလည်း တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် တစ်လုံး မီးလောင်ပျက်စီးကြောင်း ဒေသခံတို့က ဆိုသည်။ စစ်ကောင်စီ၏ […]

စစ်တပ် နိုင်ငံရေးတွင်ပါဝင်မှုအဆုံးသတ်မှ နိုင်ငံရေးဆွေးနွေးမည်ဟု NUG နှင့် တိုင်းရင်းသားအဖွဲ့များပြော

Dawei Watch

January 31, 2024

မြန်မာစစ်တပ် နိုင်ငံရေးတွင်ပါဝင်မှု အဆုံးသတ်မှ စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုင်းရင်းသားအဖွဲ့များက ယနေ့ဇန်နဝါရီလ ၃၁ရက် နံနက်တွင် ဘုံသဘောတူညီချက် ထုတ်ပြန်ထားသည်။ စစ်တပ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်နိုင်ငံရေးတွင် ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရလက်အောက်တွင် ထားရှိရန် အချက်များကို ထည့်သွင်းထားသည်။ စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ သို့မဟုတ် မြန်မာစစ်တပ် ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းမည်ဖြစ်ကြောင်း ဖော်ပြသည်။ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ […]

၂နှစ်ကျော်ကြာ တပ်စွဲထားသည့် စော်ဖျားစစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့မီးရှို့

Dawei Watch

January 31, 2024

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် စစ်ကောင်စီတပ်က ၂ နှစ်ကျော်ကြာတပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ စော်ဖျားကျေးရွာတောင်ပိုင်း ဘုရားကုန်းတွင် အင်အားဆယ်ဂဏန်းဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ ဇန်နဝါရီလ ၃၁ နံနက်ပိုင်းက စခန်းကို စွန့်ခွာသွားခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီနေ့ မနက် ၇ နာရီလောက်မှာ ‌သူတို့တွေ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) က မြေသယ်ကားတစ်စီးနဲ့ ရွာကထွက်သွားကြတယ်။ ကားပေါ်မှာတော့ အယောက် ၃၀ လောက်ပါတယ်။ ရှိတဲ့ပစ္စည်းတွေပါသယ်ပြီးထွက်သွားကြတာ” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ Dawei Watch က ရရှိထားသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင်လည်း စော်ဖျားစစ်ကောင်စီစခန်းထဲမှ မီးခိုးလုံးများ […]

ထားဝယ်မြို့နယ်၊ ဝကုန်းရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

January 31, 2024

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဝကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဇန်နဝါရီလ ၂၇ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နေ့လယ်မှ ညနေ ၄ နာရီခန့်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်မှုမရှိဘူး။ သူတို့ဘက်ကတော့ ရှိနိုင်တယ်” ဟု တာဝန်ရှိသူက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ဝကုန်းရွာထဲမှ အသက်ကြီးပိုင်း(အသက် ၆၀ ဝန်းကျင်) လင်မယားနှစ်ဦး၏ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သည်ဟု ဝကုန်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် […]

သံဖြူဇရပ်တွင် ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၅ ဦးကို PDF ဖမ်းဆီး

Dawei Watch

January 31, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ကရုပ္ပိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်၊ အဖွဲ့ဝင် ဦးမောင်ကို၊ ရော်ဘာခြံလုပ်သား ဦးမြဝင်း၊ ဦးစိုးမင်းနှင့် ဦးမော်ကွန်းတို့ကို ဦးမောင်စိန်၏ရော်ဘာခြံထဲတွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။ “ဖမ်းခံရတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါ(မည်သည့်အဖွဲ့က) ဖမ်းသွားတာလဲတော့ မသိသေးဘူး။ ဘာသတင်းမှလည်း မကြားသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်ကိုင်ဆောင်သည့် ၃၈ ဗို့ ခြောက်လုံးပြူး သေနတ်တစ်လက်၊ ဦးမောင်ကိုကိုင်ဆောင်သည့် AK 47 သေနတ် တစ်လက်၊ နေအိမ်အတွင်းမှ AK 47 သေနတ် နှစ်လက်၊ M […]

အရှေ့တောဒေသတွင် ဖမ်းဆီးခံရသည့် PDF တစ်ဦးကို စစ်ကောင်စီပစ်သတ်

Dawei Watch

January 31, 2024

အရှေ့တောဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပခပ်ကျေးရွာလမ်းပိုင်း တစ်နေရာ၌ PDF ရဲဘော်တစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး ပစ်သတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသည့် PDF ရဲဘော်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း-T1 မှ ရဲဘော်နွဲ့ဆိုးဖြစ်သည်ဟု ယင်းအဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ကွမ်းသီးလုပ်နေသည့် ပခပ်ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ကျေးရွာလမ်းပိုင်းတစ်နေရာတွင် ဆိုင်ကယ်စီးလာသည့် PDF ရဲဘော်နွဲ့ဆိုးကို ထပ်မံဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ “PDF ရဲဘော်ကိုတော့ ရိုက်နှက်ထိုးကြိတ်ထားတာတွေရှိတယ်၊ ပြီးမှပစ်သတ်လိုက်တာ၊ ရွာခံသားနှစ်ယောက်ကိုတော့ ရိုက်နှက်တာမရှိဘူး၊ ရိက္ခာသယ်ခိုင်းတာတွေတော့ရှိတယ်” ဟု ပခပ်ကျေးရွာက အမျိုးသားတစ်ဦးက ပြောသည်။ ညနေ […]

ဟိုတယ်ထားဝယ်ပိုင်ရှင် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက တရားသေလွှတ်

Dawei Watch

January 30, 2024

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုစသော အမှုများဖြင့် ဖမ်းဆီးခံထားရသော ဟိုတယ်ထားဝယ်ပိုင်ရှင် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက ယနေ့(ဇန်နဝါရီ ၃၀) တရားသေ ပြန်လွှတ်ပေးလိုက်ကြောင်း REUTERS သတင်းဌာနတွင်ဖော်ပြထားသည်။ ထိုင်းမှုခင်းတရားရုံးက လုံလောက်သော သက်သေအထောက်အထားများ မရှိဟုဆိုကာ ဖမ်းဆီးခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် တရားသေ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စီးပွါးဖက်ဖြစ်သော အသက် ၅၄ နှစ်အရွယ် ထွန်းမင်းလတ်ကို ပြီးခဲ့သော၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကက ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုများဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်နက်ပွဲစားလည်းဖြစ်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ကို အနည်းဆုံးထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု နှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတို့ဖြင့် ၂၀၂၂ ဒီဇင်ဘာလ […]

၅ နာရီကြာ ပြင်းထန်ခဲ့သည့် လောင်းလုံးမြို့ပေါ်တိုက်ပွဲ

Dawei Watch

January 30, 2024

လောင်းလုံးမြို့ပေါ်တွင် ယနေ့(ဇန်နဝါရီ ၃၀) နံနက် ၆ နာရီခွဲခန့်မှစ၍ ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲများက စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ဝင်ရောက်တိုက်ခိုက်ရာမှ ၅ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးရုံး(စရဖ)နှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ တိုက်ပွဲအတွင်း စရဖရုံးနှင့် မြို့နယ်စာရင်းစစ်ရုံးရှိ စာရွက်စာတမ်းများ မီးရှို့ခံခဲရကြောင်း မြို့ခံအချို့ကပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ရေတပ်ကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်မှစပြီး လောင်းလုံးမြို့၏ အနောက်ဘက် ပင်လယ်ပြင်မှ ပစ်ကူပေးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “မွန်းတည့် ၁၂ နာရီ ကျော်အထိ ပစ်နေတာ”ဟု သူမကပြောသည်။ တိုက်ပွဲအတွင်း ပစ်ခတ်သည့်လက်နက်ကြီး ကျည်သုံးလုံးသည် အနောက်သဗျာရွာအနီး […]