ထားဝယ်ခရိုင်တွင် မနက်ဖြန် လျှပ်စစ်ဓာတ်အား ၅ နာရီကြာ ပြတ်တောက်မည်
Dawei Watch
February 2, 2024ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် မနက်ဖြန် လျှပ်စစ်ဓာတ်အား ၅ နာရီကြာ ပြတ်တောက်မည် ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်း က အသိပေးထားသည်။ ကံပေါက် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ် လျှက်ရှိသည့် ဓာတ်အားတိုင်မှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ပိုက်လိုင်း ဧရိယာနှင့် မလွတ်ကင်းသောကြောင့် ဓာတ်အားတိုင် ပြောင်းရွှေ့ တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြသည်။ ယင်းသို့ ပြောင်းရွှေ့တည်ဆောက်ချိန် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းက ထုတ်ပြန်အသိပေးထားသည်။ ထားဝယ်တွင် ယခုလပိုင်းအတွင်း နှစ်ရက်ခြား၊ သုံးရက်ခြား ညနေပိုင်းတွင် ကြိုတင်အသိမပေးဘဲ အချိန်ပိုင်း မီးပျက်လေ့ရှိနေကြောင်း မြို့ခံများက ပြောသည်။ […]


