BREAKING
November 13, 2025

သတင်း

ဖူးခက်တွင် ဆိုင်ကယ်ခိုးသည်ဟုဆိုကာ မြန်မာလုပ်သားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

February 5, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားမြို့ဖြစ်သော ဖူးခက်မြို့တွင် ဆိုင်ကယ်ခိုးသည်ဟုစွပ်စွဲချက်ဖြင့် မြန်မာအလုပ်သမား တစ်ဦး ဖေဖော်ဝါရီလ ၄ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖူးခက်မြို့ ကရွန်ဒေသ ကတာတောင်ကုန်းပေါ်တွင် အသက် ၃၂ နှစ်အရွယ် ကိုညီညီထွေးအမည်ရှိသော မြန်မာ အလုပ်သမားကို ညဘက်တွင် ဆိုင်ကယ်များ ပတ်ခိုးနေသည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ ဖူးခက်မြို့အတွင်းရှိ ကရွန်ဒေသနှင့် အနီးတဝိုက်နေရာများတွင် ညဘက် ဆိုင်ကယ်များ ပျောက်ဆုံးနေသည်ကို ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက တိုင်ကြားချက်ရရှိထားခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် သံသယရှိသူကို ဖူးခက်တရားရုံးက ဝရမ်းထုတ်၍ ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့များက CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံပြီး အသွင်ယူ၍ ဖမ်းဆီးရာ ကိုညီညီထွေးကို […]

ဒီမော့ဆိုတွင် စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရ၊ ကလေးငယ်လေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရ

Dawei Watch

February 5, 2024

ကရင်နီ (ကယား) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ဒေါဆီအီရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောင်းတက်နေသည့် ကလေးငယ်လေးဦးသေဆုံးကာ ဆရာတစ်ဦးအပါအဝင် ကိုးဦးဒဏ်ရာရကြောင်း ဒေသတွင်းနှင့် ပြည်တွင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၅ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် စက်လက်များဖြင့်လည်း ပစ်ခတ်ကြောင်း ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း အမိုးအကာများ ပြိုပျက်သွားသည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။ အဆိုပါကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်စခန်းလည်း မရှိဘဲ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကို ကိုးကားကာ ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။ အဆိုပါစာသင်ကျောင်းသည် အလယ်တန်းအဆင့် ကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော် ပညာသင်ကြားနေသည့် ကျောင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် ကန္တရဝတီတိုင်း(မ်) သတင်းတစ်ရပ်တွင် […]

မြိတ်ပင်လယ်ကမ်းနားတွင် ပုပ်ပွနေသည့်အလောင်းတွေ့

Dawei Watch

February 5, 2024

မြိတ်မြို့ကမ်းနားလမ်း ဆိပ်ကမ်းရှိ ပင်လယ်ကမ်းစပ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ပုပ်ပွသေဆုံး‌နေသည့် အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း ချစ်ကြည်ရေးပရဟိတအသင်း(မြိတ်)ထံမှ သိရသည်။ သေဆုံးရသည့် အကြောင်းအရင်းနှင့် မည်သူမည်ဝါ ဖြစ်သည်ဆိုခြင်းကို မသိရသေးပေ။ “ပုပ်ပွနေပြီး အရိုးကျတော့မယ်၊ ရေမြုပ်အလောင်းတော့ ခဏ ခဏ တွေ့ရတတ်တယ်။ လှေသားတွေ လှေပေါ်ကကျတာမျိုးတွေပေါ့ “ဟု ချစ်ကြည်ရေးပရဟိတအသင်း(မြိတ်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အလောင်းကို မြိတ်မြို့ရှိ စစ်ဆေးရုံရင်ခွဲဌာနသို့ ပို့ဆောင်ပေးထားကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း မြိတ်မြို့အနောက်လယ်ရပ်ကွက် အမှတ် ၁ ဘောတံတားအနီး ဂိုဒေါင်ရှေ့တွင်သေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ရသေးသည်။ ယင်းကြောင့်မြိတ်မြို့တွင် ယခုဖေဖော်ဝါရီလဆန်း ၅ ရက်ခန့်အတွင်း ချစ်ကြည်ရေးပရဟိတအသင်းက သယ်ယူပေးရသည့် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်း အထိရှိလာပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကလည်း တနင်္သာရီတိုင်းအတွင်း […]

ကော့သောင်း စူငယ်ဘာလိုင်းရွာတွင် စစ်ကောင်စီ တပ်လာစွဲပြီး ဒေသခံများကို သစ်ဝါးသယ်ခိုင်း

Dawei Watch

February 5, 2024

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဘာလိအော်ရွာရှိ တာဝါတိုင်ရှိသည့် တောင်ပေါ်တွင် စစ်ကောင်စီတပ်သား အများအပြား တပ်လာစွဲထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သား ၇၀ ခန့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကားများဖြင့်ရောက်လာပြီး တာဝါတိုင်ရှိသည့် တောင်ပေါ်တွင် တပ်စခန်းလာဆောက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယခင်ကမူ အဆိုပါတာဝါတိုင်တောင်ပေါ်တွင် စစ်ကောင်စီအစောင့် စစ်သား အနည်းငယ်သာရှိရာမှ လက်ရှိတွင် အင်အားအများအပြားဖြင့် တပ်လာစွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်သားများ ရောက်လာချိန်တွင် ဘာလိအော်ရွာရှိ ဒေသခံများကို တစ်အိမ်တစ်ယောက်နှုန်း မလာမနေရ ဆင့်ခေါ်ပြီးနောက် စခန်းဆောက်မည့် သစ်တိုင်၊ သစ်သားနှင့် ဝါးများကို တောင်ပေါ်သို့ သယ်ခိုင်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “တစ်အိမ်တစ်ယောက် တိုင်တွေ၊ သစ်တွေ၊ ဝါးတွေကို တောင်ပေါ်ကို ထမ်းပို့ခိုင်းတာပေါ့။ တစ်အိမ်တစ်ယောက် လုပ်အားပေးခေါ်တယ်” […]

ကလိန်အောင်အခြေစိုက် ခမရ ၄၁၀ တပ်ရင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

February 5, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၁၀ စစ်ကောင်စီ ခြေမြန်တပ်ရင်း ကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ ၄) က ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Dawei Defense Team DDT တပ်ခွဲ ၃ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြေင်း ဖေဖော်ဝါရီလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုအတွင်း ခမရ ၄၁၀ က အဆောက်အအုံအချို့ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးက ခုနစ်ဦးခန့်ဒဏ်ရာရသည်ဟု မြေပြင်သတင်းရင်းမြစ်များ၏ စုံစမ်းချက်အရသိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ခမရ ၄၁၀ […]

သရက်ချောင်း၊ ကင်းရှေ့ရွာတိုက်ပွဲတွင် အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

February 5, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတိုက်ပွဲတွင် အသက် ၆၀ ခန့်ရှိ အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၁ နာရီခန့်က ကင်းရှေ့ရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့က ကင်းရှေ့ရွာစာသင်ကျောင်းသို့ ဝင်ရောက်လာပြီးနောက် နေအိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးမှုများပြုလုပ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထိုသို့ စစ်ဆေးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်သဖြင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားကြောင်း ကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်ပြီးတော့လည်း လက်နက်ကြီးနဲ့ ပစ်နေသေးတယ်။ မနေ့ညကလည်း ပစ်တယ်။ အခုမနက်လည်း ပစ်တာရှိတယ်။ ရွာထဲပြန်မဝင်ရသေးဘူးဆိုတော့ သတင်းက အားလုံးသေချာ မသိရဘူး။ ကျွန်မတို့လည်းအခုထိ တောထဲမှာပဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။ […]

ကလိန်အောင် ဆံတော်ရှင်တောင်ပေါ်က တိမ်ပင်လယ်

Dawei Watch

February 5, 2024

ရှင်ကိုးရှင် စာရင်းဝင် ကလိန်အောင်မြို့ ဆံတော်ရှင်(ရှင်ဆံတော်) တောင်ပေါ်ရဲ့ မနက် ၈ နာရီခွဲဝန်းကျင် တိမ်ပင်လယ်မြင်ကွင်းကို ဖော်ပြလိုက်ပါတယ်။ ကိုဗစ်မတိုင်မီကာလက ဆောင်းရာသီ မနက်ခင်းတွေမှာ ကလိန်အောင်မြို့အနီးတစ်ဝိုက်က မြို့ခံတွေနဲ့ ထားဝယ်ဒေသခံက ဘုရားဖူးတွေ တိမ်ပင်လယ်ကြည့်ရင်း နေဆာလှုံကြဖို့ ဆံတော်ရှင် ဘုရားတောင်ပေါ်ကို အဖွဲ့လိုက် လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ ကိုဗစ်ကပ်ဘေးအလွန် ပဋိပက္ခအကျပ်အတည်းကာလမှာ ပွင့်လင်းရာသီဖြစ်ပေမယ့်လည်း မြို့ခံအနည်းစုသာ တိမ်ပင်လယ်ရှုခင်းကို လာရောက်ကြည့်ရှုခံစားကြတယ်လို့ ဘုရားစျေးသည်တွေက ပြောပါတယ်။ နေ့ကြီးရက်ကြီးတွေမှာတော့ ရပ်ဝေးဧည့်သည်မရှိပေမယ့် ဒေသခံဘုရားဖူးတွေကြောင့် စည်ကားလေ့ရှိပါတယ်။ ကလိန်အောင်ဆံတော်ရှင်စေတီကို ထားဝယ်မြို့ကနေ မြောက်ဘက် ၄၇ မိုင်အကွာ ကလိန်အောင်မြို့ ၊ ကလိန်အောင်ချောင်းတစ်ဘက်ကမ်းက တောင်ပေါ်မှာ တည်ထားကိုးကွယ်တာဖြစ်ပါတယ်။

အောင်မင်္ဂလာ အဝေးပြေးကားဝင်း မီးလောင်၊ ၃ ဦးသေဆုံး

Dawei Watch

February 5, 2024

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရှိ အောင်မင်္ဂလာအဝေးပြေး ယာဥ်ရပ်နားကွင်းတွင် ယနေ့(ဖေဖော်ဝါရီ ၅) နံနက် ၅ နာရီ ၅ မိနစ်က မီးလောင်ခဲ့ရာ ကားဂိတ်နှင့်ဆိုင်ခန်း ၇ ခန်း မီးလောင်ပျက်စီးပြီး လူသေဆုံးမှုလည်းရှိခဲ့ကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်ခဲ့သည့် မီးသတ်တပ်ဖွဲ့များထံကသိရသည်။ အောင်မင်္ဂလာအဝေးပြေးကွင်း ၊ (ပ) ကွင်း ၊ တနင်္သာရီလမ်းရှိ ရွှေလင်းယုန်ကားဂိတ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းကားဂိတ်တွင် အိပ်နေသည့် အမျိုးသားသုံးဦး မီးလောင်သေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တာဝန်ရှိသူ ဦးထင်လင်းအောင် ကပြောသည်။ “မီးစလောင်တာက လေအေးပေးစက် အပူလွန်ကဲပြီးလောင်တာပါ။ ၊ ဆိုင်ခန်း ၇ ခန်းလောက်ကတော့ မီးလောင်ပျက်စီးသွားတယ် “ ဟု ၎င်းကဆက်ပြောသည်။ မီးလောင်ပျက်စီးသွားသည့် ကားဂိတ်များမှာ ဝင်းကားဂိတ်၊ အောင်ကျော်ဇော်ကားဂိတ် ၊ ရွှေလင်းယုန်ကားဂိတ် ၊ သိန်းသန်းကျော်ကားဂိတ် ၊ […]