ကံပေါက်တွင် အမျိုးသားသုံးဦးကို မောရဝတီရေတပ် ဖမ်းဆီး၊ တစ်ဦးပြန်လွတ်လာ
Dawei Watch
November 14, 2024ရေဖြူမြို့နယ်၊ ကံပေါက်ရွာ၊ လှည်းကုန်းရပ်ကွက်တွင် အမျိုးသားသုံးဦးကို စစ်ကောင်စီ၏ မောရဝတီရေတပ်က နိုဝင်ဘာလ ၁၁ ရက်ညတွင် နေအိမ်အသီးသီး၌ ဖမ်းဆီးခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။ လှည်းကုန်းရပ်ကွက်တွင် အအေးနှင့် ရေသန့်လက်လီလက်ကားရောင်းနေသည့် ကိုပြည့်ဖြိုးပိုင်၊ ကွမ်းယာရောင်းနေသည့် ကိုထက်ဝေလင်းနှင့် ကွမ်းယာဆိုင်နံဘေးရှိ ဖုန်းပြုပြုင်ဆိုင်က အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေ သူများက ပြောသည်။ ၎င်းတို့သုံးဦးအနက် ဖုန်းပြုပြင်ဆိုင်က အမျိုးသားတစ်ဦးသာ နိုဝင်ဘာလ ၁၃ ရက်တွင် ပြန်ဘည်လွတ်မြောက်လာပြီး ကျန်နှစ်ဦးမှာ မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်ကြောင်း ရပ်ကွက်နေသူများက ဆိုသည်။ “ညပိုင်း အိမ်မှာ လာဖမ်းသွားကြတယ်။ ဘာအကြောင်းအရင်းလို့လည်း မပြောခဲ့ဘူး” ဟု ကိုပြည့်ဖြိုးပိုင်နှင့် ဆွေမျိုးနီးစပ်သူ တစ်ဦးက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက် ကံပေါက်ဒေသတွင် မောရဝတီ ရေတပ်က ညဘက်တွင် နေအိမ်များကိုဝင်စစ်ဆေး၍ ဒေသခံများကို […]


