ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် ကွမ်းသီးသွားခူးသည့်အမျိုးသမီး မိုင်းနင်းမိပြီး ခြေထောက်ပြင်းထန်ဒဏ်ရာရ

Dawei Watch

November 29, 2024

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ရမ်းဖိုရွာတွင် အရပ်သားအမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၇နာရီခွဲဝန်းကျင်တွင် ရမ်းဖိုရွာ ဆီအုန်းကုန်းရှိ ဥယျာဉ်ခြံတွင် ကွမ်းသီးသွားခူးရာက မိုင်းနင်းမိကြောင်း ဒေသခံများက ဆိုသည်။ မြေမြှုပ်မိုင်းပေါက်ကွဲသည့်အတွက် အသက် ၂၇ နှစ်အရွယ် မသန္တာဦး၏ ခြေဖဝါးစုတ်ပြတ်သွားပြီး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။ “ဒဏ်ရာက အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိထားရတယ်။။ အခုမိုင်းက ခြေနင်းမိုင်းပါ။ ဒီလိုမိုင်းမျိုး တော်လှန်ရေးတပ် တွေက မသုံးဘူး” ဟု တနင်္သာရီပကဖ၊ တနင်္သာရီရိုးမ ဇုန် (၃) အဖွဲ့၏ ဇုန်တာဝန်ခံ ရဲဘော်အိုတူးက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ပြန်ဆုတ်သည့်အချိန်တွင် မိုင်းထောင်တတ်သည့်အတွက် […]

ထားဝယ်တွင် ကန်စွန်းမျိုးစေ့ ဝယ်ရခက်

Dawei Watch

November 29, 2024

ထားဝယ်တွင် ယခုလဆန်းပိုင်းကစ၍ ကန်စွန်းမျိုးစေ့များ စျေးကွက်တွင် ပြတ်လပ်လာသဖြင့် ဝယ်ယူရ ခက်ခဲလာကြောင်း ဟင်းရွက်စိုက်တောင်သူများနှင့် စိုက်ပျိုးရေးအရောင်းဆိုင်များထံမှ သိရသည်။ “အခုလဆန်းကတည်းက ကန်စွန်းမျိုးစေ့ ဝယ်ရတော်တော်ခက်လာတယ်။ အခုနည်းနည်းတော့ ပြန်ရနေတယ်။ အရင်လို အများကြီးတော့ ဝယ်လို့မရသေးဘူး” ဟု ထားဝယ်မြို့နယ်မှ ဟင်းရွက်စိုက်တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။ ကီလိုအထုပ်ကြီးများဖြင့် ရောင်းချခြင်းမပြုတော့ဘဲ နို့ဆီဗူးတစ်ဗူးပမာဏ အထုပ်ငယ်များခွဲ၍ ရောင်းချနေကြောင်း ထားဝယ်မြို့က စိုက်ပျိုးရေးအရောင်းဆိုင်တစ်ဆိုင်မှာ အရောင်းတာဝန်ရှိသူက ဆိုသည်။ အခြားအပင်မျိုးစေ့များကို ပုံမှန်အတိုင်းရောင်းချပေးနေပြီး ကန်စွန်းမျိုးစေ့တစ်ခုတည်းသာ စျေးကွက်တွင် ပြတ်လပ် လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ထားဝယ်ဒေသအတွက် ကန်စွန်းမျိုးစေ့ကို ရန်ကုန်မှ တင်သွင်းခြင်းဖြစ်ပြီး ရန်ကုန်ရှိ မျိုးစေ့အရောင်းဆိုင်များထံမှ မှာယူရာတွင် အနည်းငယ်သာ မှာယူ၍ ရရှိတော့ကြောင်း အထက်ပါအရောင်းတာဝန်ရှိသူက ဆိုသည်။ “အရင်လို တစ်သောင်း(ကျပ်)တန် ကီလိုအိတ်နဲ့ မျိုးစေ့ထုတ်တွေ […]

ရုရှားက အဏုမြူလက်နက်ဖြင့် တိုက်ခိုက်နိုင်ဖွယ်မရှိဟု ကန်ထောက်လှမ်းရေးပြော

Dawei Watch

November 29, 2024

ပူတင်ဘက်က ပိုမိုခြိမ်းခြောက်လာနေသော်လည်း ရုရှား၏ အဏုမြူလက်နက်ဖြင့် တိုက်ခိုက်မှုမှာ ဖြစ်နိုင်ခြေမရှိဟု အမေရိကန်ထောက်လှမ်းရေးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် ငါးဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ကြောင်း မနေ့ကဖော်ပြခဲ့သည်။ အမေရိကန်လုပ် ATACMS ဒုံးကျည်များဖြင့် ရုရှားနိုင်ငံထဲသို့ ပစ်ခတ်တိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုပေးလိုက်ခြင်းသည် ရုရှားဘက်က အဏုမြူလက်နက်ဖြင့် တိုက်ခိုက်မည့်အန္တရာယ်ကို ပိုတိုးလာစေမည်မဟုတ်ကြောင်း ယင်းလူပုဂ္ဂိုလ်ငါးဦးက ပြောကြားခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်အပတ်တွင် ရုရှားဘက်က အဏုမြူထိပ်ဖူးသယ်ဆောင်နိုင်သည့် Oreshnik ဒုံးကျည်သစ်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ယင်းတိုက်ခိုက်မှုက အမေရိကန်ထောက်လှမ်းရေး၏ အဆိုပါသုံးသပ်ချက်ကို မပြောင်းလဲစေခဲ့ပေ။ ယူကရိန်းအား ထောက်ခံနေသည့် အနောက်အုပ်စုအား ပိုဖိအားပေးရန် ရုရှားဘက်က ဥရောပတိုက်တွင် တိုက်ခိုက်ဖျက်ဆီးမှုများ ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ခြေရှိကြောင်း အမေရိကန်ထိပ်တန်းအရာရှိနှစ်ဦး ၊ ကွန်ဂရက်လွှတ်တော်ဝန်ထမ်းနှစ်ဦးနှင့် ရွေးကောက်ခံ အမတ်တစ်ဦးက ပြောကြားထားသည်။

မဟာချိုင်က ဆောက်လုပ်ဆဲ မိုးပျံလမ်းပြိုကျမှုတွင် မြန်မာလေးဦးသေဆုံး

Dawei Watch

November 29, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ယနေ့ နံနက်ပိုင်းက ဆောက်လက်စ မိုးပျံအဝေးပြေးလမ်းမကြီးလုပ်ငန်းခွင် ပြိုကျမှုကြောင့် မြန်မာအလုပ်သမားလေးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်နှင့် သေဆုံးသူ၏ မိသားစုဝင်တို့၏ ပြောဆိုချက်များအရ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၄ နာရီခန့်က မဟာချိုင်ဈေးသစ်အနီးရှိ ဖလန်စောင်လမ်းမကြီးပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ ပြိုကျမှုကြောင့် မြန်မာအလုပ်သမားလေးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ကြောင်း စမွတ်စခွန် ပြန်ကြားရေးဌာနက ယနေ့နံနက် ၁၀ နာရီခန့်က ထုတ်ပြန်ထားသည်။ သေဆုံးသူအရေအတွက် ထပ်တိုးရှိနိုင်သေးကြောင်းလည်း ဆိုသည်။ သေဆုံးခဲ့သော မြန်မာနိုင်ငံသားများမှာ ကိုချစ်ကိုကို၊ ကိုဧရာ၊ ကိုဖြိုးကိုကိုနှင့် ကိုအောင်သိန်းဌေးတို့ဖြစ်ကြပြီး ကိုချစ်ကိုကိုနှင့် ကိုဧရာတို့၏ အလောင်းများကို တွေ့ရှိထားပြီးဖြစ်ကြောင်း ဖော်ပြသည်။ ကျန်နှစ်ဦးသည် အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း […]

၁၆ နှစ်အောက်များ လူမှုကွန်ရက်သုံးစွဲမှု ပိတ်ပင်မည့် ကမ္ဘာ့ပထမဆုံးဥပဒေ ဩစတြေးလျ ပြဌာန်း

Dawei Watch

November 29, 2024

အသက် ၁၆ နှစ်အောက် လူငယ်များ လူမှုကွန်ရက် သုံးစွဲခြင်းကို ပိတ်ပင်သွားမည့် ကမ္ဘာ့ပထမဆုံးဥပဒေကို ဩစတြေးလျ ဆီးနိတ်လွှတ်တော်က ကြာသပတေးနေ့တွင် ပြဌာန်းလိုက်သည်။ Tik Tok, Facebook, Snapchat, Reddit, X အစရှိသည့် လူမှုကွန်ရက်ကုမ္ပဏီများအနေဖြင့် ယင်းဥပဒေကို ချိုးဖောက်ပါက ဩစတြေးလျဒေါ်လာ သန်း ၅၀ (ကန်ဒေါ်လာ ၃၂ဒသမ၅ သန်း) ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။ လူမှုကွန်ရက်သုံးစွဲခြင်းနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး ဖြစ်လာသည့် ယင်းဥပဒေသည် လတ်တလော အသက်မဝင်သေးဘဲ တစ်နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။ ငယ်ရွယ်သူများအား လူမှုကွန်ရက် သုံးစွဲခြင်း၏ ဆိုးကျိုးများမှ ကာကွယ်ရန် ယင်းဥပဒေကို ပြဌာန်းရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် Anthony Albanese က ပြောကြားခဲ့သည်။ “ဒါဟာ တကမ္ဘာလုံးမှာ […]

မော်ကင်းဂျာအိ (ဆလုံ) ဆွေမျိုးစုခေါင်းဆောင် နတ်ဆရာ ကာရှား ကွယ်လွန်

Dawei Watch

November 29, 2024

မြိတ်ကျွန်းစု၊ လန်ပိအဏ္ဏဝါကျွန်း အမျိုးသားဥယျာဥ်နယ်မြေရှိ မကြုံဂလက်ရွာက မော်ကင်းဂျာအိ (ဆလုံ) ဆွေမျိုးစု ခေါင်းဆောင် နတ်ဆရာ ကာရှားသည် နိုဝင်ဘာလ ၂၅ ရက်က ကွယ်လွန်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ မော်ကင်းဂျာအိ (ဆလုံ) ဆွေမျိုးစု ခေါင်းဆောင် နတ်ဆရာ ကာရှား ကွယ်လွန်သွားသဖြင့် ဝမ်းနည်းကြောင်း Moken Alive Museum က နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သည်။ ကာရှားသည် မကြုံဂလက်ရွာတွင်ပင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၇နှစ်အရွယ် ရှိပြီဖြစ်ပြီး သားသမီးခုနစ်ဦး ကျန်ရစ်ခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ၎င်း၏ စျာပနကို ဘိုချိုကျွန်း၏မြောက်ဘက် လန်ပိကျွန်းပေါ်ရှိ သုသာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ၁၉၉၀ပြည့်နှစ်မှစ၍ မြိတ်ကျွန်းစုကို ထိခိုက်စေခဲ့သော […]

ဘုတ်ပြင်းရှိ ကျေးရွာများတွင် ရာသီတုပ်ကွေး အဖြစ်များနေပြီး ဆေးကုသရန် အခက်အခဲရှိ

Dawei Watch

November 29, 2024

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီတုပ်ကွေးအဖြစ်များနေပြီး ကျန်းမာရေး ဝန်ထမ်းနည်းပါးမှုကြောင့် ဆေးကုသမှုခံယူရန် အခက်အခဲရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေမတည်ငြိမ်မှုကြောင့် ဘုတ်ပြင်းမြို့နယ်ရှိ‌ ကျေးရွာအချို့တွင် ကျွမ်းကျင်သူနာပြု ဆရာမများမရှိတော့ဘဲ နေရပ်ပြန်သွားကြကြောင်း ဒေသခံအချို့က ဆိုသည်။ ထိုကြောင့် ရာသီတုပ်ကွေးဖြစ်ပွားလာချိန်တွင် အခြားရွာရှိ ကျန်းမာရေးဆရာမကိုခေါ်ပြီး ဆေးကုနေရကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဌိုင်မြို့ မနိုးရုံးကျေးရွာအုပ်စု လမ်းဖိုးကမ်းရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ ရွာမှာ ဆေးထိုးဆရာမ မရှိဘူး။ ရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ရွာက ဆေးထိုးဆရာမကို ခေါ်ထိုးရတယ်။ အရင်ကတော့ ဆေးရောင်းတဲ့ ဆေးဆိုင်ရှိတယ်။ တိုက်ပွဲတွေဘာတွေဖြစ်တော့ ‌ဆေးဆိုင်လည်းမရှိတော့ဘူး”ဟု ၎င်းက ပြောသည်။ မနိုးရုံးကျေးအုပ်စုတွင် ကျေးရွာ ၆ ရွာရှိပြီး ယင်းဒေသဝန်းကျင်ရှိ အခြားကျေးရွာအုပ်စုအချို့တွင်လည်း ရာသီတုပ်ကွေးဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။ ယင်းဒေသရှိ ကျေးရွာအများစုတွင် ကျန်းမာရေးဝန်ထမ်းများမရှိတော့ဘဲ […]

ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူ တစ်သန်းကျော် အအေးဒဏ်ခံနေရ

Dawei Watch

November 29, 2024

ယူကရိန်းနိုင်ငံအတွင်းရှိ အခြေခံအဆောက်အအုံ အမြောက်အများကို ရုရှားဘက်က ဒုံးကျည်အလုံးရေ ၉၀၊ ဒရုန်း ၁၀၀ ဝန်းကျင်ဖြင့် မနေ့က(ကြာသပတေး) ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် အေးခဲနေသည့် ဆောင်းရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြုံရပြီး ယူကရိန်းနိုင်ငံအနှံ့မှ ပြည်သူပေါင်းတစ်သန်းကျော် အအေးဒဏ်ခံနေရကြောင်း သတင်းများတွင် ဖော်ပြသည်။ ယခုတိုက်ခိုက်မှုသည် ရုရှားနိုင်ငံထဲသို့ အမေရိကန်လုပ် ATACMS ဒုံးကျည်များဖြင့် ယူကရိန်းက ပစ်ခတ်ခဲ့သဖြင့် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောခဲ့သည်။ ယူကရိန်းနိုင်ငံ၊ မြို့တော်ကိယက်ဗ်ရှိ အစိုးရအဖွဲ့၏ အဓိကဌာနများကို တိုက်ခိုက်ရန်အတွက်လည်း အသင့်ရှိနေပြီဖြစ်ကြောင်း ၎င်းက သတိပေးထားသည်။ ယင်းအပြင်မည်သည့်လေကြောင်း ကာကွယ်ရေးစနစ်ကမှ မခုခံနိုင်သည့် နျူကလိယထိပ်ဖူးတပ် Oreshnik ဒုံးကျည်သစ်ဖြင့် ကိယက်ဗ်ကို တိုက်ခိုက်သွားမည်ဟုလည်း ပူတင်က ခြိမ်းခြောက်ခဲ့သည်။