ပုလောတွင် စစ်ကောင်စီတပ် ဖမ်းထားသည့် အရပ်သားခြောက်ဦးအနက်တစ်ဦးအသတ်ခံရပြီး နှစ်ဦးပျောက်ဆုံး
Dawei Watch
December 3, 2024ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသော အရပ်သားခြောက်ဦးအနက် တစ်ဦး အသတ်ခံရပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၈ရက်တွင် ဇရပ်ဆိပ်ရွာသား ကိုငွေလှ၊ ကိုမြင့်ဖေ၊ ကိုဝတုတ်တို့ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ထို့နောက် နှစ်ရက်ခန့်အကြာတွင် ကိုချစ်ပုနှင့် အခြားအမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၆ရက် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်ချိန်တွင် ကိုစိုးကြီးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ စစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် နိုဝင်ဘာလ ၂၃ရက်တွင် ဇရပ်ဆိပ်ကျေးရွာဘုန်းကြီးကျောင်းအနီး၌ တွေ့ရှိခဲ့သည့်အလောင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုဝတုတ်ဖြစ်ကြောင်း ဇရပ်ဆိပ်ရွာနေ ဒေသခံတစ်ဦးက ပြောဆိုသည်။ “ပုဆိုးနဲ့ လူပုံသဏ္ဍာန်ကိုကြည့်ပြီး သူ့မိသားစုက ဟုတ်တယ်လို့ ပြောလိုက်တာပါ။ ဒီပုဆိုးက အဖမ်းခံရတဲ့နေ့က […]


