ကမ္ဘာ့ပထမဆုံး အနမ်းသည် လွန်ခဲ့သည့် နှစ်သန်း ၂၀ ခန့်က စတင်ပေါ်ပေါက်ခဲ့ကြောင်းတွေ့ရှိ
Dawei Watch
November 19, 2025ကမ္ဘာပေါ်တွင် သက်ရှိသတ္တဝါများ အနမ်းပေးသည့် အပြုအမူသည် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၂၀ ခန့်ကတည်းက စတင်ပေါ်ပေါက်ခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် လေ့လာမှုတစ်ရပ်က ဆိုသည်။ အနမ်းပေးခြင်းသည် လူသားချစ်သူများထံမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် နှစ်သန်း ၂၀ ခန့်က မျောက်ဝံကြီးများ၏ ရှေးဦးဘိုးဘွားများထံမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတွေ့ရှိချက်က ဆိုသည်။ အနမ်းပေးခြင်းသည် ဆင့်ကဲဖြစ်စဉ်အရ ရှင်သန်မှုအတွက် သိသာထင်ရှားသည့် အကျိုးကျေးဇူး မရှိသည့်အပြင် ရောဂါ ပျံ့နှံ့မှုပါ ဖြစ်စေနိုင်သော်လည်း အနမ်းပေးခြင်း မည်သည့်အချိန်က စတင်ခဲ့သည်ကို အောက်စဖို့ဒ်တက္ကသိုလ်နှင့် ဖလော်ရီဒါနည်းပညာအင်စတီကျု(Florida Institute of Technology)မှ သုတေသီများက လေ့လာခဲ့ကြသည်။ လူသားများ၊ ချင်ပန်ဇီများ၊ ဘိုနိုဘိုများ၊ အော်ရန်ဂူတန်များနှင့် ဂေါ်ရီလာများအားလုံးသည် အနမ်းပေးလေ့ရှိကြပြီး အနမ်းပေးသည့် အလေ့အထသည် […]


