ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ခရိုင်တွင် လျှပ်စစ်မီးထပ်မံဖြတ်တောက်မည်ဟုထုတ်ပြန်သည့်အပေါ်ဝေဖန်မှုမြင့်တက်

Dawei Watch

December 27, 2024

ထားဝယ်ခရိုင်တွင် လျှပ်စစ်မီးအလှည့်ကျပေးမည်ဟု ထုတ်ပြန်ထားသည့်အချိန်အတိုင်း မီးမလာသည့်အပြင် နောက်ထပ် ရှစ်ရက်ကြာ အလှည့်ကျမီးပေးမည်ဟု ထပ်မံထုတ်ပြန်သဖြင့် ဒေသခံများကြား ဝေဖန်မှုမြင့်တက်နေသည်။ ခရိုင်အတွင်း အုပ်စုသုံးစုခွဲကာ ဒီဇင်ဘာလ ၂၅ရက် နံနက် ၆နာရီမှ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၆နာရီအထိ လျှပ်စစ်ဓာတ်အား အလှည့်ကျဖြန့်ဖြူးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီ Petro & Trans က ထုတ်ပြန် ခဲ့သည်။ ထုတ်ပြန်ထားသည့် အချိန်ဇယားအတိုင်း မြို့ပေါ်ရပ်ကွက်အချို့နှင့် မြို့နယ်အချို့တွင် လျှစ်စစ်ဓာတ်အား အမှန်တကယ် ရရှိခြင်း မရှိသောကြောင့် အလုပ်အကိုင်ပျက်ဖြစ်ပြီး ကုန်ကျစရိတ်များခဲ့ကြောင်း ထားဝယ်မြို့ခံ အလှပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ခရစ္စမတ်နေ့ကဆို ကျွန်မတို့ရပ်ကွက်မှာ အချိန်ပိုင်းလာမယ်ပြောပြီး ၂၄ နာရီလုံးလုံး မီးပျက်တာက အဆင်မပြေဘူး။ မီးစက်နှိုးရတော့ အကုန်အကျ ပိုများတယ်။ မကိုက်ဘူး” […]

နယ်မြေမအေးချမ်း၍ သံတိုသံစဝယ်သူများ အလုပ်ရပ်နားမှုများလာ

Dawei Watch

December 27, 2024

ထားဝယ်ခရိုင်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် နယ်မြေမအေးချမ်းသဖြင့် သံတိုသံစ ဝယ်ယူရောင်းချသူများ အလုပ်ရပ်နားရမှုများလာပြီး စားဝတ်နေရေး ခက်ခဲနေကြကြောင်း သိရသည်။ ယခုနှစ် ဧပြီလလောက်မှစပြီး လုပ်ငန်းရပ်နားထားရသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်လာကြောင်း သံတိုသံစ ရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးသူများကပြောသည်။ သရက်ချောင်း၊လောင်းလုံး၊ရေဖြူ စသည့်မြို့နယ်များတွင် ယခုနှစ်ဧပြီလကစပြီး စစ်ရေးတင်းမာကာ တိုက်ပွဲများများ ခပ်စိပ်စိပ်ဖြစ်လာခြင်းကြောင့် နယ်ဒေသများသို့ သွားရောက်ကာ သံတိုသံစဝယ်ရန် ခက်ခဲလာသည်ဟု ထားဝယ်မြို့ပေါ်မှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိသည့် နယ်လှည့်သံတိုသံစ အရောင်းဝယ်ပြုလုပ်သူ တစ်ဦးကပြောသည်။ “ပစ္စည်းက နယ်မှာပဲရှိတယ်။ သံ ၊ဘီယာဘူးခွံ အစရှိသဖြင့်ပေါ့။ အခု နောက်ပိုင်း ကြောက်နေရတယ်။ ကိုယ်ကသံပစ္စည်းဝယ်ဖို့လာတာပဲ ဒါပေမဲ့ ရွာတွေ ရောက်ရင် မျက်နှာစိမ်းတွေဆို ကွက်ကြည့် ကွက်ကြည့်၊ စေ့စေ့ကြည့် အဲလိုမျိုးတွေ ဖြစ်လာတော့ ကျွန်တော်တို့လည်းသွားရတာ […]

အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးမှု အချိန်မီမပြီးနိုင်ဟု ထိုင်းလွှတ်တော်တွင် ဆွေးနွေး

Dawei Watch

December 27, 2024

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် ရွှေ့ပြောင်းအလုပ်သမားများ Work Permit သက်တမ်းတိုးရန် အချိန်တစ်လကျော်သာ ကျန်ရှိနေပြီး အချိန်မီမပြီးနိုင်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သော ထိုင်းလွှတ်တော်အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ လက်ရှိအချိန်အထိ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုး လုပ်ငန်းစဉ်ကို မစတင်နိုင်သေးသည့်အပေါ် လွှတ်တော်အမတ်တစ်ဦးက မေးခွန်းထုတ် မေးမြန်းခဲ့မှုကို ဆွေးနွေးရာတွင် ယင်းအချက်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ အတိုက်အခံပါတီဖြစ်သော People Party ပါတီ၏ လွှတ်တော်အမတ်တစ်ဦးက ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် MoU လုပ်ငန်းစဉ်ဖြင့် သတ်မှတ်ခြင်းသည် ပုံမှန်လုပ်ငန်းစဉ်များထက် အချိန်ပိုကုန်ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။ မြန်မာအလုပ်သမားများအနေဖြင့် သက်တမ်းတိုးလုပ်ဆောင်ရမည့် အဆင့် ၉ ဆင့်အထိ ရှိနေသဖြင့် သတ်မှတ်အချိန် တစ်လကျော်ထဲ အချိန်မီမပြီးနိုင်ခြင်းကြောင့် […]

လူငယ်များ ထဲထဲဝင်ဝင် တိုက်ပွဲဝင်ကြရန် မွန်လူငယ်များဖြင့်ဖွဲ့ထားသည့် NRFF တိုက်တွန်း

Dawei Watch

December 27, 2024

လူငယ်များအားလုံး မွန်ပြည်လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်ကောင်စီကို တွန်းလှန်နေသည့် မွန်တော်လှန်ရေးအင်အားစုများတွင် တတ်စွမ်းရာကဏ္ဍမှ ထဲထဲဝင်ဝင် တိုက်ပွဲဝင်သွားကြရန် မွန်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က တိုက်တွန်းလိုက်သည်။ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၃ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ်အနေဖြင့် NRFF က မွန်လူငယ်များကို ယခုလို တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်နိုင်ငံရေးအတွင်း ဝိဝါဒကွဲမှုများကြောင့် တော်လှန်လူငယ်များသည့် မတူညီသည့် တော်လှန်ရေးနယ်မြေများထံ ပြန့်ကျဲရောက်ရှိခဲ့ပြီး မွန်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် မွန်ပြည်လွတ်မြောက်ရေးတိုက်ပွဲများသည် ရေဆန်လှော်ရသကဲ့သို့ ခရီးမတွင်ဖြစ်နေသည်ဟု NRFF က ဆိုထားသည်။ စစ်အုပ်စုက ၎င်းတို့ရှင်သန်ရေးအတွက် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် လုပ်ဆောင်နေပြီး စစ်အုပ်စု ဆက်လက်ရှန်သန်စေမည့် ရွေးကောက်ပွဲအပါအဝင် လုပ်ဆောင်မှုများအားလုံးကို မွန်လူငယ်များ […]

ကံပေါက်တိုက်နယ်အတွင်းရှိ လမ်းပိုင်းများကို စစ်ကောင်စီတပ်က ထပ်မံဖျက်ဆီး

Dawei Watch

December 27, 2024

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အတွင်းရှိ လမ်းပိုင်းနှစ်ခုကို ဒီဇင်ဘာလ ၂၆ ရက်ညတွင် စစ်ကောင်စီတပ်က ထပ်မံဖြတ်တောက်ကာ ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှသိရသည် ။ ဂန့်ဂေါ်တောင်ရွာနှင့် တောင်ရင်းအင်းရွာ အကြားရှိ ဆယ်အိမ်စုရွာလမ်းပိုင်းက ကွန်ကရစ်ကားလမ်းမကို လည်းကောင်း ၊ ဂန့်ဂေါ်တောင်ရွာနှင့် ဘုရားမဲရွာအကြားရှိ မြေသားလမ်း ကိုလည်းကောင်း မြေတူးစက်များဖြင့် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည် ။ ဆယ်အိမ်စုရွာလမ်းပိုင်းရှိ ကွန်ကရစ်ကားလမ်းမ၏ လမ်းအသားများကို စက်ဖြင့်တူး၍ ကား၊ဆိုင်ကယ်များ သွားမရအောင်ဖျက်ဆီးလိုက်ပြီး ဘုရားမဲလမ်းပိုင်းတွင်မူ မြေသားလမ်းကို ကန့်လန့်ဖြတ် မြောင်းတစ်ခုတူး၍ ဖျက်ဆီးခဲ့ခြင်းဖြစ်သည် ။ ” ညက ၇ နာရီလောက်က စက်ကြီးက အရှေ့က ၊ ရေတပ်က စစ်တပ်ကားက နောက်ကလိုက်ပြီး သွားဖျက်ကြတာ ၊ ည ၉ နာရီလောက်မှ ပြန်လာကြတယ် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 27, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

သရက်ချောင်း ရိုးရာနတ်ပွဲတွင် လောင်းကစားဝိုင်းများပါနေ၍ ဒေသခံများဝေဖန်

Dawei Watch

December 27, 2024

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် ရိုးရာနတ်ပွဲများကျင်းပနေပြီး လောင်းကစားဝိုင်းများလည်း နတ်ပွဲအကြောင်းပြ၍ ကျင်းပနေကြသဖြင့် ဒေသခံများအကြား ဝေဖန်မှုများရှိနေသည်။ ဒီဇင်ဘာလအတွင်း ကျွဲမင်းကုန်း၊ ပြင်းဖြူသား၊ ကနက်သီရိ စသည့် ကျေးရွာများတွင် ရိုးရာနတ်ပွဲကျင်းပခဲ့ကြရာတွင် ကြက်ဝိုင်း၊ အန်ဂလုံဝိုင်း၊ ဖဲဝိုင်း၊ အနီထောင် လောင်းကစားဝိုင်းများ ထည့်သွင်းပြုလုပ်နေကြကြောင်း ဒေသခံအချို့နှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ စစ်ကောင်စီနှင့် ပျူစောထီးတို့အတွက် အခကြေးငွေရှာဖွေပေးနေသည်ဟုဆိုကာ လောင်းကစားဝိုင်းများကို တော်လှန်ရေး တပ်ဖွဲ့များက မကြာခဏ ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေသော်လည်း တော်လှန်ရေးတပ်များ စိုးမိုးထားသည့် နယ်မြေများတွင် နတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းများ ကျင်းပနေသည်မှာ မဖြစ်သင့်ကြောင်း ၎င်းတို့ကဆိုသည်။ အထက်ပါလောင်းကစားဝိုင်းများကို ဒေသရှိတော်လှန်ရေး အဖွဲ့များက တားမြစ်ရန်လိုအပ်ကြောင်း ထောက်ပြကြသည်။ “သူများရွာမှာကျတော့ အသည်းအသန်လိုက်ဖမ်းပြီး သူတို့ (ပကဖ) စိုးမိုးနယ်မြေမှာကျတော့ ဒီဟာတွေကို သူတို့က ခွင့်ပြုထားတယ်ဆိုတာကတော့ ပုံရိပ်တစ်ခုက […]

စစ်ကောင်စီတပ်ဖမ်းထားသည့် ခွေးမဖောရွာသား ကိုဝေဠုကျော် ပြန်လွတ်

Dawei Watch

December 26, 2024

ရေဖြူမြို့နယ် ၊ ဇာဒီရွာဘက်ကို စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွားသော ဇာဒီကျေးရွာအုပ်စု ခွေးမဖောရွာသား ကိုဝေဠုကျော်သည် ပြန်လွတ်လာကြောင်း နီးစပ်သူများထံမှသိရသည်။ ဒီဇင်ဘာလ ၂၅ ရက်နံနက်ပိုင်းက အသက် ၁၈ နှစ်အရွယ် ကိုဝေဠုကျော်ကို စစ်ကောင်စီတပ်က ပြန်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ အဆိုပါဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းစဝင်သည့် ဒီဇင်ဘာ ၁၈ ရက်က ၎င်းနှင့်အတူ အဖမ်းခံရသည့် ခွေးမဖောရွာက ကိုအောင်ကြည်သိန်းမှာ အသတ်ခံလိုက်ရပြီး ဒီဇင်ဘာ ၂၃ ရက်က အလောင်းပြန် တွေ့ခဲ့သည် ။ ထိုအချိန်က စစ်ကြောင်းဝင်လာစဥ် ရွာအတွင်းပိတ်မိနေသဖြင့် ဖမ်းဆီးခံရသည့် ဇာဒီရွာသား နှစ်ဆယ်ခန့်လည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ယင်းစစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၅ ရက်တွင် ဇာဒီရွာမှ ပြန်လည်ထွက်ခွာသွားသော်လည်း […]