သရက်ချောင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ ငွေတောင်းယူမှု တစ်နှစ်ခန့်ရှိလာသဖြင့် ဒေသခံများအခက်တွေ့
Dawei Watch
January 29, 2025သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက် ထားဝယ်-မြိတ်ကားလမ်းပေါ် က သံတံတားရှိ ပျူစောထီးဂိတ်နှင့် သရက်နှစ်ရွာ တံတားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တို့သည် ဒေသခံများထံမှ ငွေကြေးတောင်းယူမှု တစ်နှစ်ခန့်ကြာလာပြီဖြစ်ပြီး ဒေသခံများ အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံများက ပြောသည်။ ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းသွားသည့် ခရီးသည်တင်ယာဉ် မှန်လုံကားများ၊ ကုန်တင်ကားများ၊ အိမ်စီးကားများကို စစ်ဆေးပြီး ငွေကြေးတောင်းသည့်အပြင် မြို့နယ်အတွင်းဖြတ်သန်းသွားလာသည့် ဒေသခံများထံမှလည်း ငွေကြေး တောင်းယူ နေကြောင်း စုံစမ်းသိရှိရသည်။ သရက်ချောင်း-ထားဝယ် ခရီးတိုသွားသည့် ခရီးသည်များကို သံတံတားဂိတ်က တစ်ဦးလျှင် ငွေကျပ်နှစ်ထောင်နှုန်း တောင်းပြီး သရက်နှစ်ရွာဂိတ်ကလည်း နှစ်ထောင်ကျပ်နှုန်း တောင်းယူကြောင်း ဒေသခံများက ဆိုသည်။ “ကားသမား ပေးရတာကသပ်သပ်၊ ခရီးသည်တွေဆီမှာ တောင်းတာကသပ်သပ်။ ကားရပ်ရင်မေးတယ်၊ ဘယ်ကလဲ ဘယ်သွားမှာလဲ၊ ဘာကိစ္စလဲဆိုပြီး။ ပိတိုင်ရွာကလို့ပြောတာ တစ်ယောက် ၂၀၀၀ ပေးတဲ့။ ကျွန်တော်တို့လည်း မပေးချင် […]


