ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထရမ့် ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိဟု ဖိအားပေးခံနေရသည့် ဇလန်းစကီးပြော

Dawei Watch

March 5, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ဖြစ်နေပြီဟု ဖိအားပေးခံနေရသော ယူကရိန်းသမ္မတဗလော်ဒီမာဇလန်းစကီးက အင်္ဂါနေ့က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့်အပတ်က အိမ်ဖြူတော်တွင် အမေရိကန်သမ္မတထရမ့် ၊ ဒုတိယသမ္မတဂျေဒီဗန်းစ်တို့နှင့် အချင်းများခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ဇလန်းစကီးက ပြောဆိုခဲ့သည်။ ယူကရိန်းအချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းရန် အမေရိကန်ပြည်ထောင်စုက ကူညီခဲ့သည်များကို တန်ဖိုးထားအသိအမှတ်ပြုကြောင်းလည်း ၎င်းက ဆိုသည်။ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ပထမဆုံးအဆင့်အနေဖြင့် အကျဉ်းသားများကို လွှတ်ပေးပြီး ဝေဟင်နှင့် ရေပြင်တွင် အပစ်ရပ်ရမည်ဖြစ်ကာ ရုရှားဘက်ကလည်း အလားတူဆောင်ရွက်ပေးရမည်ဟု ဇလန်းစကီးက ဆိုသည်။ အမေရိကန်နှင့် ယူကရိန်းအကြား အနာဂတ်ပူးပေါင်းလုပ်ဆောင်မှုများတွင် အပြုသဘောဆောင်စေလိုပြီး ယူကရိန်း၏ မြေရှားသတ္တုကို အမေရိကန်အား ရေရှည်ထုတ်လုပ်ပိုင်ခွင့်ပေးသည့် သဘောတူညီချက်ကိုလည်း အချိန်မရွေး လက်မှတ်ထိုးရန် အသင့်ဖြစ်နေပြီဟု ၎င်းက ဆိုသည်။ ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတက ယူကရိန်းတွင် ရက် ၃၀ […]

ကွမ်းသီးမှည့်အထွက်နည်း၍ ကွမ်းသီးခြောက်ထုလုပ်သားများ အလုပ်လက်မဲ့ဖြစ်

Dawei Watch

March 5, 2025

မြိတ်၊ ကျွန်းစု၊တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ကွမ်းသီးမှည့်အထွက်နည်းသဖြင့် ကွမ်းသီးခြောက်ထုသည့် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ ကွမ်းသီးရာသီအစက ကွမ်းသီးနုဈေးကောင်းသဖြင့် တောင်သူများက ဆွတ်ခူးရောင်းချရာ ကွမ်းသီးမှည့်ရှားသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထိုသို့ ကွမ်းသီးအမှည့်အထွက်နည်းသဖြင့် ကွမ်းသီးခြံပိုင်ရှင်များက ‌ကွမ်းသီးခြောက်ထုရန် အလုပ်သမား မခေါ်တော့ကြောင်း ‌ဒေသခံများကဆိုသည်။ “ကုန်ဈေးနူန်းတွေ တအားတက်တော့ ကွမ်းသီးခြောက်ထုချင်တဲ့စိတ်တွေဖြစ်တယ်။ အရင်က ကွမ်းသီးခြောက် ထွက်တဲ့လတွေဆို စားဖို့မပူပန်ရဘူး”ဟု ကျွန်းစုမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။ ကွမ်းသီးအမှည့်များကို ခူးဆွတ်ကာ နေပူလှန်းထားပြီး ခြောက်သွေ့လာပါက အခွံနှင့် ကွမ်းသီး(အသား)အလုံး သီးခြားဖြစ်စေရန် သံပုဆိန်ဖြင့်ထုလေ့ရှိသည်။ ကွမ်းသီးခြောက် သံပုံး(ဆီပုံး) တစ်ပုံးရအောင် ထုနိုင်ပါက လုပ်အားခအဖြစ် ငွေကျပ်သုံးထောင်ရပြီး တစ်ဦးလျှင် တစ်ရက်အတွင်း သံပုံးငါးပုံးစာထုနိုင်ကြောင်း ၎င်းက ဆိုသည်။ “ကွမ်းသီးခြောက်ရာသီအစက […]

ထရမ့်ကို ဆန္ဒပြသည့် ဒီမိုကရက်အမတ်၏ ‘ပုံမှန်မဟုတ်ဘူး’ ဆိုသော စာရွက် ဆုတ်ဖြဲခံရ

Dawei Watch

March 5, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကွန်ဂရက်လွှတ်တော်အတွင်း မိန့်ခွန်းမပြောမီ နယူးမက္ကဆီကိုပြည်နယ်မှ ဒီမိုကရက်လွှတ်တော်အမတ်တစ်ဦးက စာရွက်တစ်ခု ကိုင်ဆောင်ကာ သမ္မတထရမ့်အား ဆန့်ကျင်ဆန္ဒပြခဲ့သည်။ ကွန်ဂရက်လွှတ်တော်အတွင်းသို့ သမ္မတထရမ့် လမ်းလျှောက်ဝင်လာပြီး ရီပတ်ဘလင်ကန် အမတ်များကို နှုတ်ဆက်နေစဉ် နယူးမက္ကဆီကိုပြည်နယ် ဒီမိုကရက်လွှတ်တော်အမတ် Melanie Stansbury က ယင်းသို့ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံတွင်ပါရှိသကဲ့သို့ ၎င်းကို ထရမ့်ဘေးတွင် အတူတွေ့လိုက်ရပြီး ၎င်း၏ လက်ထဲတွင် “ပုံမှန်မဟုတ်ဘူး” ဟု အဓိပ္ပါယ်ရသည့် “This is not normal.” စာသားကို လက်ရေးဖြင့် ရေးသားကာ ထရမ့်အား ဆန့်ကျင်ဆန္ဒပြနေသည်ကို တွေ့ခဲ့ရသည်။ ၎င်းဘေးမှ ထရမ့် လမ်းလျှောက်ထွက်ခွာသွားပြီးနောက်တွင် တက္ကဆက်ပြည်နယ် ရီပတ်ဘလင်ကန်အမတ်တစ်ဦးက ၎င်းကိုင်ဆောင်ထားသည့် စာပြားကို လုယူကာ ဆုတ်ဖြဲပစ်လိုက်သည်။ ယင်းသို့ပင် ထရမ့်မိန့်ခွန်းပြောနေစဉ်အတွင်း တက္ကဆက်ပြည်နယ် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

March 4, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

တနင်္သာရီတိုင်းတွင် အပူချိန်မြင့်တက်ပြီး အပူရှပ်နိုင်သဖြင့်သတိပြုရန်လို

Dawei Watch

March 4, 2025

တနင်္သာရီတိုင်းတွင် မတ်လ ပထမ ၁၀ ရက်အတွင်း အပူချိန်မြင့်တက်ပြီး အပူရှပ်ခြင်း (Heat Stroke) ခံစားရနိုင်သော ကြောင့် သတိပြုရန်လိုကြောင်း မိုးလေဝ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ယနေ့ မတ်လ ၄ ရက်တွင် ရေးသားထားသည်။ တနင်္သာရီတိုင်းအပါဝင် တိုင်းနှင့် ပြည်နယ် ရှစ်ခု၌ မတ်လ ပထမ ၁၀ရက်အတွင်း နေ့အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်နှင့်အထက် မြင့်တက်လာနိုင်ကြောင်း ၎င်းက အင်တာနက်လူမှုကွန်ရက်တွင် ရေးသားထားသည်။ ထားဝယ်မြို့နှင့်အနီးတဝိုက်တွင် ယခုမတ်လဆန်းကစပြီး နေ့ခင်းပိုင်း အပူဒဏ်ကို သိသိသာသာ ခံစားရကြောင်း ထားဝယ်ဒေသခံများက ပြောသည်။ “နေ့ခင်းဘက် ပန်ကာ မရှိဘဲနေလို့ မရဘူး။ အပူချိန်သိသိသာသာတက်လာတယ်။ နံနက် ၁၁ နာရီလောက်ကနေ ညနေ ၃ နာရီကျော်အထိက အပူဆုံးအချိန်တွေပါပဲ။ […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ငါးထောင်နီးပါးဖြေမည်

Dawei Watch

March 4, 2025

မတ်လ ၁၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် တနင်္သာရီတိုင်းတွင် လျှောက်ထားသူ ငါးထောင်နီးပါးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ တိုင်းအတွင်း လောင်းလုံးမြို့နယ်မှလွဲပြီး ကျန်သည့်မြို့နယ်တိုင်းတွင် စာစစ်ဌာနဖွင့်လှစ်စစ် ဆေးသွားမည်ဖြစ်ပြီး စုစုပေါင်း စာစစ်ဌာန ၁၆ ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လတ်တလောတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၄၇၅၇ ဦးရှိပြီး ဖြေဆိုခွင့်လက်မှတ်များကိုလည်း ထုတ်ပေးထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒီနှစ်ကတော့ ဖြေမယ့်သူတွေ ပိုများလာတယ်။ နယ်တွေမှာ ကျောင်းမတက်ရတော့ မြို့မှာ လာတက်တဲ့သူတွေ များလာကြ လို့‌ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) ဖြေမယ့်သူတွေ တိုးလာတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ပြောကြားသည်။ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်လျှောက်ထားမှုမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းအမြင့်ဆုံး ဖြစ်သည်။ အာဏာမသိမ်းမီက တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်‌ဖြေဆိုသူ နှစ်စဉ် […]

ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာ ထိတွေ့ပစ်ခတ်မှုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

Dawei Watch

March 4, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။ မတ်လ ၁ရက် နံနက်စောစောတွင် အဆိုပါကျေးရွာအုပ်စုရှိ ကျောက်စိမ်းကုမ္ပဏီအနီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး KTLA တပ်စိတ်တစ်စိတ်မှာ စစ်ကောင်စီတပ်၏ ပစ်ကွင်းအတွင်းရောက်သွားခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တပ်စိတ်မှူး (ဦးစိုးကြီး) အပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးကြောင်း ၎င်းက ဆိုသည်။ သေဆုံးသွားသူများမှာ အသက် ၂၀ မှ ၄၀ နှစ်ကြားအရွယ်ရှိသူများဖြစ်ပြီး သေနတ် ခြောက်လက်အပါအဝင် စစ်သုံးပစ္စည်းအချို့ လည်း ဆုံးရှုံးခဲ့ကြောင်း KTLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ”ဦးစိုးကြီးက ခေါင်းထိပြီး ပွဲချင်းပြီးကျဆုံးသွားခဲ့ရတယ်။ ကျန်တဲ့ရဲဘော်တွေကတော့ ပြန်လည်ခုခံရင်း လွတ်လာသူ လေးဦး ရှိခဲ့ပါတယ်”ဟု အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။ လက်ရှိတွင် အဆိုပါဒေသဝန်းကျင်၌ […]

ပေါင်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် ထွေအုပ်ဒုဦးစီးမှူး ပြန်လွတ်

Dawei Watch

March 4, 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ပေါင်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီမှူးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဒုဦးစီးမှူးတို့ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သည့်ဒေသခံများထံမှ သိရသည်။ မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို၊ ထွေအုပ် ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ လုပ်ငန်းရှင်များဖြစ်သည့် ဦးဇာနည်၊ ဦးမိုးငယ်၊ ဦးဇော်ဝင်းမြင့်နှင့် ဒေါ်ကျော့ကျော့စံတို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် နေအိမ်နှင့် ရုံးများ၌ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ဖမ်းဆီးခေါ်ဆောင်သွားပြီး ခြောက်ရက်အကြာ မတ်လ ၁ ရက်တွင် မီးသတ်ဦးစီးမှူးနှင့် ထွေအုပ်ဒုဦးစီးမှူးတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ကြောင်း နီးသပ်သည့် ဒေသခံများက ပြောသည်။ တော်ဝင်ဘော်ဒါဆောင်ပိုင်ရှင် ဦးဇာနည်နှင့် လုပ်ငန်းရှင်များဖြစ်သည့် ဦးမိုးငယ်၊ ဦးဇော်ဝင်းမြင့်၊ ဒေါ်ကျော့ကျော့စံတို့ကိုမူ စစ်ကောင်စီ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဖမ်းခံရတဲ့ […]