ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက်ထိုတွင် ဘုန်းကြီးကျောင်း လက်နက်ကြီးထိပြီး ရဟန်းတစ်ပါးပျံလွန်ပြီး နှစ်ပါးဒဏ်ရာရ

Dawei Watch

March 22, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ရဟန်းတစ်ပါးပျံလွန်တော်မူပြီး နှစ်ပါးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာတွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ခရွဲကျေးရွာဘက်ကို လက်နက်ကြီးဖြင့် မတ် ၂၁ ရက် နံနက် ၉ နာရီခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ လက်နက်ကြီးကျည်များအနက် တစ်လုံးသည် ခရွဲကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ဆွမ်းဘုန်းရန် ပြင်ဆင်နေသည့် သက်တော် ၅၀ အရွယ်ရှိ ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး သက်တော် ၄၀ အရွယ် ရဟန်းနှစ်ပါး ထိမှန်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီးက ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်အပေါ်တည့်တည့်မှာ ကျသွားတယ်။ အချိန်ကလည်း […]

ထားဝယ်မြို့တွင် တရုတ်ဘိုးဘိုး လှည့်လည်ပွဲကျင်းပမည်

Dawei Watch

March 22, 2025

ထားဝယ်မြို့ ၊ ဇရစ်ရပ်ကွက် ၊ ကျန့်တိတ်(ခ)ကျမ်းတိတ် ဗုဒ္ဓဘာသာတရုတ်ဘုရားကျောင်းတွင် တည်ရှိသည့် တွာပေ့ကုန်း(ခ)ထွာပေကုန်း တရုတ်ဘိုးဘိုး လှည့်လည်ပွဲကို မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပမည်ဟု ဘုရားကျောင်း ဂေါပက အဖွဲ့ထံမှသိရသည် ။ ဘုရားကျောင်းပြုပြုင်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် မုခ်ဦးဖွင့်လှစ်ပွဲနှင့်အတူ လှည့်လည်ပူဇော်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည် ။ တွာပေ့ကုန်းဘိုးဘိုး ကို မတ်လ ၂၃ ရက် နံနက် ၈ နာရီတွင် ဘုရားကျောင်းမှ ပင့်ဆောင်ပြီး ညောင်ပင်ကြီးလမ်းဆုံ ၊ တောင်ခွလမ်းဆုံ ၊ ဘုရားရှစ်မြှောင့်လမ်းဆုံ ၊ ဗိုလ်ချုပ်လမ်းဆုံ စသည့် လမ်းကြောင်း အတိုင်း လှည့်လည်ပြီး ဘုရားကျောင်းသို့ ပြန်ပင့်ဆောင်မည်ဖြစ်သည်ဟု ၎င်းကပြောဆိုသည် ။ လှည့်လည်အပူဇော်ခံရာတွင် သစ်သီး ၊ […]

လောင်းလုံးပန်းတင်အင်းရွာတွင် မီးလောင်၊ မီးဘေးသင့်သူ ၁၀၀ နီးပါးအကူအညီလို

Dawei Watch

March 22, 2025

လောင်းလုံးမြို့ နယ် ပန်းတင်အင်းရွာတွင် ယနေ့မီးလောင်နေပြီး မီးဘေးသင့်ပြည်သူ တစ်ရာနီးပါး အရေးပေါ် အကူညီလိုအပ်လျက်ရှိကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရသည်။ ယနေ့ နံနက် ၁၀ နာရီ ခွဲခန့်တွင် ပန်းတင်အင်းကျေးရွာ၊ ၁၂ ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်မှစပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “အိမ်တွေက ဓနိမိုး၊ ထရံကာအိမ်တွေများတယ် နောက်ပြီး အိမ်တစ်ဆောင်နဲ့ တစ်ဆောင်ကလည်း ကပ်နေတော့ အားလုံးကူးသွားတာပေါ့”ဟု ယင်းဒေသခံကပြောသည်။ အဆိုပါမီးလောင်မှုကြောင့် ပန်းတင်အင်း ၁၂ ရပ်ကွက်ရှိ လူနေအိမ် နှစ်ဆယ်နီးပါး မီးလောင်ပျက်စီးသွားပြီး မီးဘေးသင့် လူဦးရေ ၁၀၀ နီးပါးခန့်အရေးပေါ် အကူအညီလိုအပ်နေကြောင်း ဒေသခံများကပြောသည်။ “မီးလောင်တဲ့ ရပ်ကွက်မှာက ကျပန်းလုပ်သား အများဆုံးနေတယ်။ ကလေလေးတွေလည်း တော်တော်ပေါတယ်။ လက်ရှိ အကူအညီလိုနေနေပါတယ်”ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ မီးလောင်မှုကို […]

ပုလော၊ ဆင်ထိုးကြီးရွာက အမျိုးသမီးတစ်ဦး မြေမြှုမိုင်းနင်းမိပြီး ဘယ်ခြေပြတ်တောက်

Dawei Watch

March 22, 2025

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာက အမျိုးသမီးကြီးတစ်ဦး ယနေ့ မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေ ပြတ်တောက်သွားကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၅၆နှစ်အရွယ် ဒေါ်စန်းရီမှာ ယနေ့ နံနက် ၁၁နာရီခန့်တွင် ရွာနှင့် နှစ်ဖာလုံခန့်အကွာ၌ မိုင်းနင်းမိခြင်းဖြစ်ပြီး ဘယ်ခြေ အပြင် ညာဘက်ခြေတွင်လည်း ဒဏ်ရာအပြင်းအထန်ရကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ကဒက်ဥ သွားတူးရင်း မိုင်းနင်းမိတာ။ အခုမှ စစ်ဘေးရှောင်ရာကနေ ရွာမှာပြန်လာနေကြတာဆိုတော့ စားစရာမရှိလို့ ကဒက်ဥလေး ဘာလေး သွားတူးစားကြတာပေါ့။ ဟင်းသီးဟင်းရွက်လေးဘာလေး ခူးစားရအောင် သားမိသားဖသုံးဦး ဝင်သွားကြတာ။ အမျိုးသမီးတစ်ယောက်ပဲ ထိတယ်၊ ကျန်လူတွေ ဘာမှမဖြစ်ဘူး” ဟု ၎င်းက ပြောဆိုသည်။ မတ်လ ၁၅ ရက်ကလည်း ဆင်ထိုးကြီးရွာရှိ နေအိမ်ခြံဝင်းအတွင်း […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

March 21, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ အိုင်အက်စ်ခေါင်းဆောင်တစ်ဦးကို အမေရိကန် ရှင်းလင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် Abu Khadijah ကို အမေရိကန်က အီရတ်အစိုးရနဲ့ ပူးပေါင်းပြီး မတ်လ ၁၃ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ခေါင်းဆောင်တစ်ဦးနဲ့အတူ နောက်ထပ် အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့တာပါ။ အီရတ်ထောက်လှမ်းရေး၊ အီရတ်လုံခြုံရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ် ကွပ်ကဲရေးဌာနချုပ်က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်ရေးလုပ်ငန်း ထောက်ပို့ရေးနဲ့ အစီအစဉ်တွေကို Abu Khadijah က ညွှန်ကြားနေပြီး အဖွဲ့ရဲ့ အရေးကြီးတဲ့ ဘဏ္ဍာရေးအပိုင်းကိုလည်း ကိုင်တွယ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ Ref: BBC ……………………………….. မြောက်ကိုးရီးယားက […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော ကလေးငယ်များအပါအဝင် မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

March 21, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော ကလေးငယ်များအပါအဝင် မြန်မာ ၂၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၂ နာရီအချိန်ခန့်က စန်ခရာဘူရီဒေသတွင် မြန်မာနိုင်ငံသားများ ကားဖြင့် တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့များက ကြိုတင် ဂိတ်ချစစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။ ပစ်ကပ်ကားတစ်စီးက စစ်ဆေးရေးဂိတ်ကို တွေ့သောအခါ လမ်းဘေးတောထဲသို့ မောင်းဆင်းသွားခဲ့ပြီး ကားသမားသည် ကားတံခါးကိုဖွင့်၍ ထွက်ပြေးသွားခဲ့ကြောင်း၊ အာဏာပိုင်များ သွားရောက်စစ်ဆေးသောအခါ မြန်မာအမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၁၇ ဦး ကားအနောက်က ပြည့်ညပ်စွာ လိုက်ပါလာသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ ကားပေါ်တွင် အသက် ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် […]

စစ်ရှောင်များရှိသည့် တနင်္သာရီ ချောင်းလမုရွာကို နှစ်ရက်အတွင်း ဗုံးသုံးကြိမ်ကြဲ၊ ရွာလုံးကျွတ်ထွက်ပြေးရ

Dawei Watch

March 21, 2025

တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာကို စစ်ကောင်စီတပ်က နှစ်ရက်အတွင်း လေယာဉ်ဖြင့် ဗုံးသုံးကြိမ်ကြဲချတိုက်ခိုက်သဖြင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ မတ်လ ၁၇ရက်နှင့် ၁၈ရက်တို့တွင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသက် ၂၈နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ချောင်းလမုကျေးရွာတွင် နေထိုင်သည့် ပြည်သူ နှစ်ထောင် ဝန်းကျင်ရှိကြောင်း ဒေသခံအချို့က ထံမှသိရသည်။ ”ရွာမှာ တိုက်ပွဲမဖြစ်ဘူးဆိုတော့ ရွာထဲနေကြတာ။ လေယာဥ်နဲ့ လာကြဲတော့ တစ်ရွာလုံးပြောင်းကြရတယ်။ ရွာမှာ အခြား (ရွာ)က စစ်ရှောင်တွေလည်း နေနေကြတာ။ သူတို့လည်းနောက်တစ်နေရာ ထပ်ရွှေ့ရပြန်တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲများကြောင့် အနီးဝန်းကျင်ရှိ တားပလပ်၊ ထုံခါ၊ ချောင်းနှစ်ပေါက် စသည့်ကျေးရွာများရှိ ဒေသခံများမှာ ချောင်းလမုရွာတွင် စစ်ဘေးလာရှောင်နေကြခြင်းဖြစ်သည်။ […]

ကော့ကရိတ်တွင် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံး

Dawei Watch

March 21, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တဘလုခို့ခီးကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံအရပ်သားပြည်သူနှစ်ဦး ထိခိုက်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် တစ်စင်းဖြင့် တဘလုခို့ခီးကျေးရွာနှင့် အနီးအနားတဝိုက်ကို လာရောက် ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းတို့က ပြောသည်။ ဗုံးစထိမှန်ကာ တဘလုခို့ခီးကျေးရွာနေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးပြီး နေအိမ်တစ်လုံးနှင့် ဂိုဒေါင်တစ်လုံးလည်း ပျက်စီးကြောင်း ဒေသခံမျာက ဆိုသည်။ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့သည့် မတ်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာသည်။ “အခြေအနေက […]