တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
October 12, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ မြန်မာ့ရေးရာ စစ်အုပ်စုပြုတ်ကျမှာကို မလိုလားဘူးလို့ တရုတ်ပြော မြန်မာစစ်ကောင်စီတပ် ပြုတ်ကျပြီး အနောက်နိုင်ငံတွေနဲ့နီးစပ်တဲ့ NUG နဲ့ PDF တွေ အနိုင်ရသွားမှာကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံအာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းပြောဆိုတဲ့ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းပေါက်ကြားလာပါတယ်။ မစ္စတာတိန့်ရှီကျွင်းဟာ ဩဂုတ်လကုန်ပိုင်းက တရုတ်နိုင်ငံမှာ ‘ဝ’ တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ တယ်ဆိုတဲ့ မှတ်တမ်းပေါက်ကြားလာတာပါ။ ဒီမှတ်တမ်းဟာ မှန်ကန်ကြောင်း ယတိပြတ် မပြောဆိုနိုင်သေးသလို တရုတ်ဘက်ကလည်း မှန်ကန်မှု မရှိဘူးလို့ ငြင်းဆိုတာမျိုး မတွေ့ရသေးပါဘူး။ စစ်တပ်ရဲ့နေရာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NUG တို့က အစားထိုးဝင်ရောက်လို့ […]


