BREAKING
November 5, 2025

သတင်း

ဖြူထိုင်းပါတီကို ဖျက်သိမ်းရန် အဆိုပြုချက် ထိုင်းရွေးကော် စုံစမ်းစစ်ဆေးမည်

Dawei Watch

October 20, 2024

ထိုင်းနိုင်ငံ၏ အာဏာရဖြူထိုင်းပါတီကို ဖျက်သိမ်းဖို့ တရားဝင်အဆိုပြုချက်ကို စုံစမ်းစစ်ဆေးရန် ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် သဘောတူလိုက်သည်။ ဖြူထိုင်းပါတီအပေါ် လက်ရှိပါတီဝင်မဟုတ်သူ သက်ဆင်၏ လွှမ်းမိုးချုပ်ကိုင်နေမှုကြောင့် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သိရသည်။ ဖြူထိုင်းပါတီသည် ပါတီရေးရာ ကိစ္စရပ်အချို့တွင် ပါတီဝင်မဟုတ်သူတစ်ဦးအား စီမံညွှန်ကြားခွင့်ပြုနေ၍ ပါတီကို ဖျက်သိမ်းပေးရန် ယခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် အမည်မဖော်လိုသူ ပုဂ္ဂိလ်တစ်ဦးက ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ချက်ဖွင့်ခဲ့သည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတော့မည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အထွေထွေအတွင်းရေးမှူး Sawaeng Boonmee အသိပေးလိုက်သည်။ စုံစမ်းစစ်ဆေးမှုကို ရက် ၃၀ အတွင်း အပြီးသတ်ဆောင်ရွက်ရန် စီစဉ်ထားပြီး အချိန်မီမပြီးစီးနိုင်ပါက နောက်ထပ် ရက် ၃၀ ထပ်တိုးဆောင်ရွက်နိုင်ကြောင်း သိရသည်။ […]

တိုက်ပွဲကြောင့် မြိတ်-ပုလော ကားလမ်းပိတ်နေသဖြင့် စပိဘုတ်ဖြင့် သွားလာနေရ

Dawei Watch

October 20, 2024

တိုက်ပွဲကြောင့် မြိတ်-ပုလောလမ်းတွင် ကားများဖြတ်သန်းသွားလာ၍မရဘဲ ပိတ်မိနေသည့်အတွက် ခရီးသွားများက ရေကြောင်းမှ သွားလာနေကြကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။ ပုလော-မြိတ်လမ်းရှိ မီးလောင်ချောင်းရွာနှင့် ကြဲရွာတစ်ဝိုက်တွင် အောက်တိုဘာလ ၁၄ရက်နေ့မှစကာ စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လမ်းကြောင်းပြတ်တောက်နေခဲ့ သည်။ ထိုအခြေအနေကြောင့် စပိဘုတ် (အမြန်ရေယာဉ်) များဖြင့် ရေကြောင်းမှ သွားလာနေကြခြင်းဖြစ်သည်။ ထားဝယ်ဘက်မှ မြိတ်ဘက်သို့လာသည့် ခရီးသည်များက အကူအညီတောင်းခံရာက အမြန်ရေယာဉ်ဖြင့် ပြေးဆွဲဖြစ်ခဲ့ ကြောင်း အမြန်ရေယာဉ်ပြေးဆွဲနေသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ထိုသို့ စပိဘုတ်ဖြင့် ပြေးဆွဲရာတွင် ပုလောမှ မြိတ်မြို့သို့သွားသည့်ခရီးစဉ်အတွက် စပိဘုတ် စင်းလုံးငှားပါက ၁၆ ယောက်ကို ၁၈သိန်းဝန်းကျင် ဈေးပေါက်နေပြီး လူတစ်ဦးချင်းသွားလာပါက တစ်ဦးကို တစ်သိန်းနှစ်သောင်းကျပ်ဝန်းကျင် ပေးရ ကြောင်း စုံစမ်းသိရသည်။ “ပုလောလမ်းက ပိတ်နေတော့ တချို့က […]

ထိုင်းတွင် မြန်မာအချင်းချင်း ဓားဖြင့်ထိုးပြီး လမ်းဘေးတွင်ပစ်ထားသော အလောင်းတွေ့

Dawei Watch

October 20, 2024

ထိုင်းနိုင်ငံ ဖေ့ချ်ဘွန်ခရိုင် လွမ်စက်ဒေသ ဘုန်းကြီးကျောင်းအနီး လမ်းဘေးတွင် အသတ်ခံထားရသော မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကို အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၄၈ အရွယ် ကိုအောင်မင်းဌေးအမည်ရှိ မြန်မာအမျိုးသားဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မှုအရ မြန်မာအချင်းချင်း သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ တရားခံဟု ယူဆရသူကို ဖမ်းဆီးမိထားပြီး သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ သေဆုံးသွားသော အမျိုးသားသည် ဗုဒ္ဓကောလိပ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး အနီးရှိ အလုပ်သမားတန်းလျားတွင် အခြားမြန်မာအလုပ်သမားများနှင့်အတူ နေထိုင်သူဖြစ်ကြောင်း နီးစပ်သူတစ်ဦး၏ ဖြေကြားချက်ကို ဖော်ပြထားသည်။ သူမသေဆုံးမီညက ဝိုင်းဖွဲ့အရက်သောက်နေကြစဉ် အခြားသူငယ်ချင်းတစ်ဦးနှင့်အတူ အရက်ထပ်ဝယ်ရန် ထွက်သွားရာမှာ ပြန်မရောက်လာပဲ အလောင်းကို ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ရေးသားထားသည်။ သူနှင့်အတူ ထွက်သွားသော သူငယ်ချင်းဖြစ်သူမှာ […]

ထားဝယ်တွင် မသန်စွမ်းတစ်ဦးပျောက်နေ

Dawei Watch

October 19, 2024

ထားဝယ်မြို့၊ ဝဲကျွန်းထိန်ဟောင်းရပ်ကွက် မင်္ဂလာလမ်းတွင် နေထိုင်သူ မသန်စွမ်း အမျိုးသားတစ်ဦး အောက်တိုဘာလ ၁၈ ရက်ညက ပျောက်နေကြောင်း မိသားစုထံမှ သိရသည်။ ပျောက်ဆုံးသူသည် အသက် ၃၁ နှစ်အရွယ် ကိုစိုးမင်းပိုင် (ခေါ်) ကိုပိုင်ပိုင်ဖြစ်ပြီး ၎င်းသည် မွေးရာပါ စကားပြောနိုင်ခြင်း မရှိဘဲ စိတ်ကျန်းမာရေးချို့ယွင်းနေသူဖြစ်သဖြင့် ပို၍ စိုးရိမ်ကြောင်း မိသားစုက ဆိုသည်။ ကိုစိုးမင်းပိုင် ပျောက်ဆုံးမှုကို ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး မိသားစုကလည်း အိမ်ပတ်ဝန်းကျင်ရှိ ၎င်းသွားလာတတ်သည့် နေရာများအပြင် ဝဲကျွန်းရပ်ကွက် ၅ ရပ်ကွက်အတွင်း ရှာဖွေသော်လည်း ယနေ့ အောက်တိုဘာလ ၁၉ ရက်ညအထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ “ညပိုင်းဆို ကွမ်းယာ၊ ဆေးလိပ်ဝယ်ဖို့ ပုံမှန်အပြင်သွားနေတဲ့အတိုင်းပဲ အဲဒီည (အောက်တိုဘာ ၁၈ ရက်) […]

ရေးမြို့နယ် စံပြရွာရှိ စစ်ကောင်စီစခန်းကုန်းကို ဝင်တိုက်၊ နှစ်ဘက်ထိခိုက်သေဆုံး

Dawei Watch

October 19, 2024

ရေး – ထားဝယ်ကားလမ်းမပေါ်ရှိ ရေးမြို့နယ် ၊ စံပြရွာအနီးမှ စစ်ကောင်စီ၏ အထိုင်စခန်းကုန်းကို ဒေါနစစ်ကြောင်းနှင့် မွန်တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ယင်းမဟာမိတ်အင်အားစုများက ယနေ့ အောက်တိုဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၁၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ် တွင် စခန်းကုန်းမှ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေး မဟာမိတ်အင်အားစုများ တိုက်ပွဲစတင်ဖြစ်ပွားပြီး တစ်နာရီကျော်အကြာ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်သည့် ဒေါနစစ်ကြောင်း ရဲဘော်များထံကသိရသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၅၈၈ တပ်ရင်းမှ ဗိုလ်ကြီး လှိုင်ဝင်းထွဋ် အပါအဝင် ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရကာ လူနာတင်ယာဥ် လေးစီးဖြင့် ရေးမြို့ဆေးရုံသို့ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

October 19, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အထိ အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေအဖြစ် မြန်မာနဲ့ တရုတ်ပူးတွဲရပ်တည် ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေအဖြစ် မြန်မာနဲ့ တရုတ်နိုင်ငံတို့ ပူးတွဲရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Freedom House ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြပါတယ်။ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တော်လှန်ရေးလုပ်နေတဲ့၊ တော်လှန်ရေးအားကောင်းတဲ့ မြို့နယ်တွေကို စစ်ကောင်စီဟာ အင်တာနက် ဖြတ်တောက်ထားတယ်လို့ ထောက်ပြပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်ထားတာတွေကို ကျော်လွှားပြီးအသုံးပြုတဲ့ ကွန်ရက်အတု VPN ကိုလည်း ပြီးခဲ့တဲ့ မေလမှာ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကို အွန်လိုင်းပေါ်ကနေ ဝေဖန်သူတွေ၊ ဆန့်ကျင်သူတွေ၊ ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်သူတွေကိုလည်း […]

တနင်္သာရီတိုင်းတွင် ခြောက်ရက်ဆက် မိုးရွာနိုင်

Dawei Watch

October 19, 2024

တနင်္သာရီတိုင်းတွင် ယနေ့အောက်တိုဘာလ ၁၉ ရက်မှ အောက်တိုဘာလ ၂၄ ရက်အတွင်း တိုင်းအတွင်းရှိ ဒေသအချို့တွင် မိုးရွာသွန်းနိုင်ပြီး အချို့နေရာတို့တွင် မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းပင်လယ်ကွေ့မှ ရွေ့လျားလာနိုင်သော လေပွေလှိုင်းများအခြေအနေ၊ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအခြေအနေ၊ အပူပျံတက်တိမ်အားကောင်နေခြင်း စသည်တို့ကြောင့် တိုင်းအတွင်း မိုးရွာ၊ မိုးကြီးနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပွားနိုင်ကြောင်းလည်း မိုးလေဝသ အထူးသတင်းအနေဖြင့် ဖော်ပြထားသည်။ စပါးစိုက်တောင်သူတို့နှင့် ရော်ဘာတောင်သူတို့မှာမူ မိုးရွာသွန်းလျှင် ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း ဆိုသည်။ “ဒီအချိန်မိုးရွာရင် စပါးဆိုလည်း အပင်ကျိုးကုန်တော့ စပါးရိတ်တဲ့အခါကျ ဆုံးရှုံးများတယ်။ ပြီးတော့ စပါးအဖျင်းလည်း များတယ်” ဟု လယ်သမားတစ်ဦးက ပြောသည်။ […]

စျေးဝယ်စင်တာထဲ သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်သည်သံသယဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

October 19, 2024

ထိုင်းနိုင်ငံ ခွန်ကယ်ဒေသရှိ Cenral Plaza ရှောပင်းစင်တာအတွင်း သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု သံသယရှိသူ မြန်မာနိုင်ငံသားကို တွေ့ရှိခဲ့ပြီဖြစ်ပြီး ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၂ နှစ်အရွယ် စိုင်းစန်ဖောအမည်ရှိ မြန်မာနိုင်ငံသားဖြစ်သည်။ ၎င်းကို အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ အလုပ်သမားတန်းလျားတွင် ရဲတပ်ဖွဲ့များက လာရောက်ဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေက ခွန်ကယ် Facebook Group ထဲသို့ ပိုစ့်တင်ပြီး ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့် ဝင်ရောက်ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ Facebook ပေါ်တွင် ပိုစ့်တင်ခြိမ်းခြောက်သူ၏ အမည်ကို […]