BREAKING
November 6, 2025

သတင်း

ဂျာမနီ၏ မီးပွိုင့်ညွန့်ပေါင်းအစိုးရ ပြိုကွဲ

Dawei Watch

November 8, 2024

အားနည်းနေသည့် နိုင်ငံ့စီးပွားရေး ပြန်လည်ထူမတ်ရေး မူဝါဒချည်းကပ်ပုံ အငြင်းပွားမှုများကြောင့် ဂျာမနီ၏ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ သက်တမ်းရှည် အဓိပဓိ အန်ဂျလာမာကဲလ် အနားယူပြီးနောက် တက်လာသည့် ဆိုရှယ်ဒီမိုကရက်ပါတီဦးဆောင်သော လက်ရှိညွန့်ပေါင်းအစိုးရသည် အနီ၊ အဝါ၊ အစိမ်း အရောင်သုံးရောင်နှင့် ပါတီသုံးခုကို စုစည်းထားခြင်းကြောင့် ‘မီးပွိုင့်’ညွန့်ပေါင်းအစိုးရဟု နာမည်ကျော်သည်။ အစိုးရဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်၍ လပေါင်းများစွာ သဘောထားကွဲလွဲတင်းမာနေခဲ့ရာမှ ယခုအပတ် ဗုဒ္ဓဟူးနေ့တွင် ဂျာမန်အဓိပတိ Olaf Scholz က ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ LInder ကို အစိုးရအဖွဲ့အတွင်းမှ ထုတ်ပယ်လိုက်သည်။ ယင်းနောက် ဘဏ္ဍာရေးဝန်ကြီး Linder ၏ လွတ်လပ်သော ဒီမိုကရက်ပါတီ (FDP) ကပါ ညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။ ယင်းကြောင့် ဂျာမန်အဓိပတိ Olaf Scholz ၏ […]

တနင်္သာရီက ကျေးရွာအချို့ကို စစ်ကောင်စီတပ် စစ်ကြောင်းဆက်ထိုး၊ ဒရုန်း ရက်ဆက်ပျံသန်း

Dawei Watch

November 8, 2024

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်သား အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်းဆက်ထိုးနေပြီး အရပ်သားအချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာလ ၃ ရက်တွင် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ ၃၀၆ အမြောက်တပ်ရင်းက အင်အား ၆၀ ခန့်ဖြင့် စထွက်လာပြီး အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကဒဲလိပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။ ထို့နောက် အခြားနေရာက စစ်ကောင်စီတပ်သားများ အင်အားထပ်ဖြည့်လာပြီး လက်ရှိတွင် စုစုပေါင်းအင်အား တစ်ရာကျော်ဖြင့် အနီးဝန်းကျင်ကျေးရွာများဘက်ကို စစ်ကြောင်းဆက်ထိုးနေကာ နိုဝင်ဘာလ ၇ ရက်တွင် ဇလုံးတောင်အနီး ရောက်လာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “တဖြည်းဖြည်းတိုးချဲ့လာတာ အခု (အင်အား) တစ်ရာကျော်သွားပြီ။ အရှေ့မော်တုန်းအုပ်စုထဲက ဇလုံး၊ ထုံနွယ်၊ အရှေ့မော်တုန်းက ရွာသားတွေတော့ စိုးရိမ်ပြီး ထွက်ပြေးနေကြတာပေါ့” ဟု ၎င်းက […]

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတွင် တိုက်ပွဲပြင်းထန်

Dawei Watch

November 8, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းတစ်လျှောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၅ ရက်က သံဖြူဇရပ်-ဘုရားသုံးဆူလမ်း အတိုင်း စစ်ကောင်စီတပ်ဗျူဟာရှိသည့် အနန်းကွင်းဘက်သို့ စစ်ကြောင်းဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စခန်းကြီးကျေးရွာအနီးနားတစ်ဝိုက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်းကြောင်း ဒေသခံများက ဆိုသည်။ နှစ်ဖက်တိုက်ပွဲသည် နိုဝင်ဘာလ ၈ ရက်နေ့ထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် စစ်ကြောင်း ရှေ့ဆက်မရဘဲ စခန်းကြီး၊ ဇီးနှစ်ပင်ကျေးရွာတစ်ဝိုက်တွင် ရှိနေကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ “တိုက်ပွဲက နေ့တိုင်းဖြစ်နေတော့ စစ်ကြောင်းက ဆက်သွားလို့မရဘဲ စခန်းကြီး၊ ဇီးနှစ်ပင်အနီးတစ်ဝိုက်မှာပဲ […]

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက် သုံးခုတွင် ယနေ့ညနေ နိဗ္ဗာန်ဈေးလုပ်မည်

Dawei Watch

November 8, 2024

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်သုံးခုတွင် ယနေ့ညနေ ၄ နာရီမှစပြီး နိဗ္ဗာန်ဈေးလုပ်မည်ဖြစ်ကြောင်း မြို့ခံများကပြောသည်။ ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ ဆန်းချီရပ်ကွက်၊ ဒေါင်းငူရပ်ကွက်များတွင် နိဗ္ဗာန်ဈေး အလှူပေးသွားမည်ဖြစ်ကြောင်း မြို့ခံများကပြောသည်။ ယနေ့ ညနေ ၄ နာရီတွင်ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ကွက် ဓမ္မာရုံလမ်းတွင် နိဗ္ဗာန်ဈေးအလှူလုပ်ရန် စီစဉ်ထားကြောင်း မြို့ခံကပြောသည်။ “မနေ့က ဓမ္မာရုံမှာ တစ်ခွက်ဆွမ်းကပ်တယ်၊ ဒီနေ့ နိဗ္ဗာန်ဈေးလုပ်မှာပါ “ဟု အထက်ပါမြို့ခံကပြောသည်။ အိုးလုပ်ပြင်ရပ်ကွက်ရှိ ယနေ့ နိဗ္ဗာန်ဈေးအလှူတွင် သင်္ဘောသီးသုပ်၊ လက်ဖက်ထမင်း၊ ရေခဲချောင်း၊ ကြံ နှင့် အခြားမုန့်ခဲဖွယ်များ လှူဒါန်းမည်ဖြစ်ကြောင်း မြို့ခံရပ်ကွက်သူ ရပ်ကွက်သားများကပြောသည်။ ယင်းသို့ပင် ဆန်းချီရပ်ကွက် ဓမ္မာရုံလမ်းနှင့် နတ်စင်လမ်းများတွင် ယနေ့ညနေ ၄ နာရီခန့်မှစ၍ နိဗ္ဗာန်ဈေး အလှူပေးမည်ဖြစ်ကြောင်း ဆန်းချီရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။ “ဘုရားရုပ်ပွားတော် ပူဇော်ထားရှိတဲ့ […]

ပုလောတွင် စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်ချိန် အရပ်သားတစ်ဦးကိုဖမ်းခေါ်သွား

Dawei Watch

November 8, 2024

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ ဘုန်းကြီး‌ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာအတွင်းမှ ပြန်လည်ဆုတ်ခွာချိန်တွင် အရပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇရပ်ဆိပ်ကျေးရွာနှင့် အနီးဝန်းကျင်တွင် လဝက်ကျော်ကြာ တပ်စွဲပြီးနောက် နိုဝင်ဘာလ ၆ရက် နံနက်စောစောတွင် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်ကောင်စီတပ်သားများ ပြန်ဆုတ်သွားချိန်တွင် အသက် ၃၅နှစ်အရွယ် ကိုစိုးကြီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးသွားသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “ကြိုးနဲ့တုပ်ပြီး ပုလော ၂၈၅ စစ်တပ်ကို ခေါ်သွားတယ်။ မိသားစုက လိုက်ထုတ်တာ၊ စစ်ဆေးစရာရှိလို့ပြောပြီး မလွှတ်ပေးဘူး” ဟု ၎င်းက ပြောသည်။ ကိုစိုးကြီးသည် စစ်ကောင်စီစစ်ကြောင်းဝင်လာချိန်တွင် ဈေးဆိုင်၌ ဈေးရောင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။ လက်ရှိတွင် ကြဲနှင့် […]

ပုလော ကျောက္ကာရွာအနီး နစ်မြုပ်သွားသည့် စက်လှေပြန်တွေ့

Dawei Watch

November 8, 2024

ပုလောမြို့နယ်၊ ကျောက္ကာရွာမှ မြိတ်သို့သွားစဥ် ပင်လယ်ပြင်တွင် နစ်မြုပ်သွားသည့် စက်လှေအား လဝက်ကျော်အကြာ နိုဝင်ဘာလ ၆ ရက်က ပြန်လည်တွေ့ရှိကြောင်း ကျောက္ကာရွာဒေသခံများက ပြောသည်။ လှေလုပ်သားများက ရေကျချိန်တွင် ကျောက္ကာရွာမှ လှေဖြင့် ၄၅မိနစ်ခန့်သွားရသည့် ပန်းပြင်ကျွန်းအနီး ပြန်လည်တွေ့ရှိခဲ့ ကြောင်း ၎င်းတို့က ဆိုသည်။ နိုဝင်ဘာလ ၇ ရက်တွင် လှေအတွင်းရှိ ပစ္စည်းများဆယ်ယူကာ လှေတွေ့ရှိသည့်နေရာအား အမှတ်အသားပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “လှေက စမြုပ်တဲ့နေရာမှာ ရေဝဲရှိတော့ ရေဝဲကပဲ ရေစီးနဲ့ ဆွဲသွားတယ်ထင်တယ်။ ပန်းပြင်ကျွန်းနားမှာ ပြန်တွေ့တယ်။ လှေလုပ်သားတွေက တွေ့တဲ့နေရာအမှတ်အသားလုပ်ခဲ့ပြီး ရွာကလူတွေနဲ့ပဲ ပစ္စည်းတွေ ပြန်သွားဆယ်ကြတယ်” ဟု စက်လှေအတွင်းပစ္စည်းပြန်သွားဆယ်ယူရာတွင် ပါဝင်သည့် အမျိုးသားတစ်ဦးက ပြောသည်။ စက်လှေအတွင်းမှ ဆိုင်ကယ်တစ်စီး၊ စက်ဘီးတစ်စီး၊ ခရီးသည်များ၏ […]

မော်လမြိုင် ဆီဆိုင်မီးလောင်မှုတွင် မီးငြှိမ်းသတ်သူ ၂၀ကျော် ဒဏ်ရာရ

Dawei Watch

November 8, 2024

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုး‌ကျေးရွာ မော်လမြိုင်-မုဒုံကားလမ်း‌ဘေးရှိ မင်းသန့်စက်သုံးဆီ မီးလောင်မှုတွင် လူ ၂၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ အဆိုပါစက်သုံးဆီဆိုင်တွင် နိုဝင်ဘာလ ၇ ရက် ညနေ ၅ နာရီခန့်တွင် ဆိုင်အနောက်ဘက်ရှိ ဆီလှောင်ကန်ပေါက်ကွဲရာမှ မီးလောင်ကျွမ်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တို့က ပြောသည်။ ဆီဆိုင်မီးလောင်မှုကို မော်လမြိုင်၊ မုဒုံမြို့နယ်အတွင်းက မီးသတ်ဌာန၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏ ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် နှစ်နာရီကျော်အကြာ ည ၇ နာရီကျော်တွင် မီးထိန်းနိုင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မီးငြှိမ်းသတ်နေချိန်တွင် ဆီဘောက်ဆာကား ထပ်မံပေါက်ကွဲသောကြောင့် မီးသတ်သမား၊ ကယ်ဆယ်ရေးသမားများ အပါအဝင် လူများ ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တို့က ပြောဆိုသည်။ ထိခိုက်ဒဏ်ရာရသူများတွင် မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦးနှင့် မင်းသန့်ဆီဆိုင်ဝန်ထမ်း […]

ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာကို စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများတိမ်းရှောင်

diz_admin

November 7, 2024

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာအတွင်းသို့ ယနေ့ နံနက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ အင်းအားတစ်ရာခန့်ပါသည့် စစ်ကြောင်းတစ်‌ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၈နာရီခန့်မှစ၍ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းမှတစ်ဆင့် လာရောက်ခြင်းဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာရှိ မူးဒူးရွာက ဒေသခံအချို့က ဆိုသည်။ ထိုစစ်ကြောင်းသည် နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် မောင်းမကန်ရဲစခန်းသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့ နံနက်မှစ၍ ရေနက်ဆိပ်ကမ်းဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကြောင်းသည် လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာအထိ ကားဖြင့်လာရောက်ပြီး ယင်းမှတစ်ဆင့် ရေဖြူမြို့နယ်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာကို ခြေလျင်ဝင်ရောက်လာကြောင်း မူးဒူရွာသားတစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်ကြောင်းဝင်လာသဖြင့် မူးဒူးရွာက ဒေသခံရွာသူရွာသားများမှာ […]