ပုလောတွင် ထွေအုပ်အပါအဝင် ဌာနဆိုင်ရာရုံးများရှိသည့်နေရာ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ
Dawei Watch
November 22, 2024ပုလောမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် စစ်ကောင်စီဌာနဆိုင်ရာရုံးများရှိသည့်နေရာကို ဒရုန်းဖြင့်နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် မြို့ခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၀ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် မြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကိုပစ်မှတ်ထားကာ ဗုံးချတိုက်ခိုက် ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဆိုသည်။ “ပစ်မှတ်ကတော့ ထွေအုပ်ရုံးကိုပါ။ ဗုံးသီးချတဲ့အချိန် လေနည်းနည်းပြင်းနေလို့ အဆောက်အအုံအပေါ်မကျဘဲ ကွင်းပြင်ထဲ ကျသွားပါတယ်။ ဘာအထိအခိုက်မှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီဌာနဆိုင်ရာရုံးအများစုရှိသည့် လယ်ဝိုင်းဘုန်းကြီးကျောင်းအနီးတွင် ဗုံးသီးအချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မီးခိုးများအူထွက်လာသည်ကို တွေ့ရကြောင်း ပုလောမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “လူအထိအခိုက် မရှိပါဘူး။ ဒီမှာက အမြဲဖြစ်နေတာ။ ရိုးနေပါပြီ။ ပုံမှန်သွားလာနေကြတာပဲ” ဟု ၎င်းက ပြောဆိုသည်။ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာတွင် လူအထိအခိုက်မရှိဘဲ […]


