BREAKING
November 10, 2025

သတင်း

ပုလော တပိုရွာသားသုံးဦးကို စစ်ကောင်စီတပ်စစ်ကြောင်းနှင့်အတူဖမ်းခေါ်

Dawei Watch

January 14, 2025

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု တပိုကျေးရွာသား အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်း တပိုကျေးရွာသို့ ဇန်နဝါရီလ ၁၁ရက်က ဝင်ရောက်လာစဉ် အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးကြည်စိုး၊ ဦးမျိုးထိုက်ဦးနှင့် အသက် ၅၀‌ကျော်အရွယ် ဦးတင်ဝင်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဦးတင်ဝင်းမှာ ၎င်း၏ ရော်ဘာခြံအတွင်းရှိနေစဉ် ဖမ်းဆီးခံရပြီး ဦးကြည်စိုးနှင့် ဦးမျိုးထိုက်ဦးတို့မှာလည်း အခြားရော်ဘာခြံ တစ်ခုအတွင်း ရှိနေစဉ် ဖမ်းဆီးခံရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “သူတို့တွေကို ရော်ဘာခြံထဲမှာပဲ ဖမ်းသွားတာပါ။ စစ်ကြောင်းနဲ့အတူ ခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်သားများ ဖမ်းဆီးသွားသည့် ဦးကြည်စိုးမှာ ကျန်းမာရေးမကောင်းသူဖြစ်ပြီး ဖမ်းဆီးသွားချိန် ရိုက်နှက်နှိပ်စက်ထားသည့် ဒဏ်ရာများကိုတွေ့ရကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။ “ရွာသားတွေကို […]

MoU စနစ်ဖြင့်ထိုင်းရောက်လာသော မြန်မာ၂၅ ဦး သုံးလကြာအထိ အလုပ်မရ

Dawei Watch

January 14, 2025

နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင်လာသော မြန်မာအလုပ်သမား ၂၅ ဦးသည် ထိုင်းရောက်လာပြီး သုံးလကျော် ကြာသည်အထိ အလုပ်မရသေး၍ အခက်အခဲဖြစ်နေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၂၅ ဦးကို ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးတွင် အလုပ်လုပ်ကိုင်ရန် ပြီးခဲ့သောနှစ် အောက်တိုဘာလ ၉ ရက်နေ့က Actual Tokyo max အေဂျင်စီက နှစ်နှစ်စာချုပ်ချုပ်ဆိုစေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ချိန်တွင် အေဂျင်စီက စာချုပ်ပါ လုပ်ငန်းခွင်သို့ မပို့ဘဲ နဝမင်းမြို့က အဆောင်တစ်ခုသို့ မြန်မာအလုပ်သမား ၂၅ ဦးစလုံးကို ပို့ဆောင်ခဲ့ကြောင်း အလုပ်သမားများထံမှသိရသည်။ ယင်းမြို့တွင်လည်း မြန်မာအလုပ်သမားများသည် အလုပ်မရပဲ နှစ်လကြာ နေခဲ့ရပြီးနောက် […]

နှစ်ပတ်အတွင်း ရွှေတစ်ကျပ်သား ကျပ်သုံးသိန်းခွဲစျေးခုန်တက်

Dawei Watch

January 14, 2025

ဇန်နဝါရီလ၏ နှစ်ပတ်တာကာလအတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးသိန်းခွဲကျော် ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဇန်နဝါရီလ ၁ ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ခြောက်ဆယ့်တစ်သိန်းခြောက်သောင်း (၆,၁၆၀,၀၀၀ ကျပ်) ဝန်းကျင် ရှိရာက ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် ခြောက်ဆယ့်ငါးသိန်းနှစ်သောင်း (၆,၅၂၀,၀၀၀ ကျပ်) ဝန်းကျင်အထိ ဈေးတက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် ၁၄ ရက်တာကာလအတွင်း ရွှေတစ်ကျပ်သားလျှင် သုံးသိန်းခြောက်သောင်းကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေးတက်နေခြင်းနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းတက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေး တက်လာခြင်းဖြစ်နိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ကမ္ဘာ့ရွှေဈေးတက်တာရော၊ ဒေါ်လာဈေးနည်းနည်းလှုပ်တောရော ကောလာဟလတွေကြောင့်ရော ဈေးကိုဆွဲတင်လိုက်တဲ့ သဘောမျိုးဖြစ်သွားတယ်” ဟု အထက်ပါရွှေဆိုင်ပိုင်ရှင်က ပြောသည်။ ဇန်နဝါရီလ ၁၄ ရက်၏ ကမ္ဘာ့ရွှေပေါက်ဈေးမှာ ဈေးအမြင့်ပိုင်းကိုရောက်နေပြီး တစ်အောင်စလျှင် ၂၆၇၀ […]

၁၄ ရက်အတွင်း စစ်ကောင်စီတပ်သား ၂၉ ဦးဘက်ပြောင်းခိုလှုံ

Dawei Watch

January 14, 2025

စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်းများထံ ဘက်ပြောင်း ခိုလှုံလာသူ ဇန်နဝါရီလ ပထမ ၁၄ ရက်အတွင်း ၂၉ ဦး အထိရှိကြောင်း အမျိုးသား ညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည် ။ တနင်္သာရီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နှင့် မွန်ပြည်နယ်တို့ရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း ၊ တပ်ဖွဲ့ များ နှင့် ရှေ့တန်းစခန်းများမှ တစ်ဆင့် လက်နက်နှင့်အတူ ထွက်ပြေးခိုလှုံကြခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။ မကွေးတိုင်း ဆောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦးနှင့် စစ်ကောင်စီ စစ်ကြောင်းတွင်ပါဝင်သည့် စစ်ကောင်စီ တပ်သား ငါးဦး စုစုပေါင်း ခုနစ်ဦး သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါ်ခရိုင် တပ်ရင်း […]

တောင်အာဖရိတွင် မိုင်းတွင်းဝင်ပေါက် ပိတ်လိုက်၍ တရားမဝင်မိုင်းတူးသူ ၁၀၀ ခန့် ပိတ်မိသေဆုံး

Dawei Watch

January 14, 2025

ရဲတပ်ဖွဲ့ဝင်များက ဝင်ပေါက်ပိတ်လိုက်သဖြင့် တောင်အာဖရိကနိုင်ငံရှိ စွန့်ပစ်ထားသည့် ရွှေမိုင်းတွင်းဟောင်းတစ်ခုတွင် တရားမဝင် ရွှေတူးဖော်နေကြသည့် မိုင်းတူးသမားအနည်းဆုံး ၁၀၀ ဦး ပိတ်မိသေဆုံးခဲ့သည်။ တရားမဝင်မိုင်းတူးသမားများကို မိုင်းတွင်းထဲမှ ထွက်ခွာသွားရန် ဖိအားပေးသည့်အနေဖြင့် နိုဝင်ဘာလတွင် ရဲတပ်ဖွဲ့က မိုင်းတွင်းဝင်ပေါက်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ အစာရေစာ ပြတ်လပ်ကာ မိုင်းတွင်းအပြင်သို့ ထွက်လာစေရန် ဖိအားပေးသည့်အနေဖြင့် ယင်းသို့လုပ်ဆောင်ခဲ့သည်ဟုဆိုသော်လည်း မိုင်းတူးသမားများမှာ မြေအောက်တွင် ရက်ပေါင်းများစွာပိတ်မိကာ အစားအစာနှင့်ရေ ပြတ်ပြီးသေဆုံးခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်အထိ မိုင်းတွင်းထဲ ပိတ်မိနေသူဦးရေမှာ နောက်ထပ် ၅၀၀ ကျော်ရှိနေသေးသည်ဟု သိရသည်။ ကယ်ဆယ်ခံထားရသည့် မိုင်းတူးသမားအချို့နှင့် ပါလာသည့် ဗီဒီယိုမှတ်တမ်းများအရ မြေအောက်တွင် ပလတ်စတစ်နှင့် ထုပ်ထားသည့် ရုပ်အလောင်းများ ဒါဇင်နှင့်ချီ ရှိနေကြောင်း သိရသည်။ Source: Associated Press

ဘုတ်ပြင်းရှိ ကျေးရွာများတွင် ဆန်ဈေးနှစ်ဆနီးပါးမြင့်တက်လာပြီး ဝယ်ယူရခက်

Dawei Watch

January 14, 2025

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ဘန်ဂလားကျေးရွာအုပ်စုတို့တွင် ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ ဆန်ဈေးနှစ်ဆနီးပါးမြင့်တက်လာပြီး ဝယ်ယူရ ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂ ရက်က ဘုတ်ပြင်း ပင်လယ်ရေပိုင်နက်အတွင်း စစ်ကောင်စီတပ်၏ ဆန်နှင့် ရိက္ခာများ တင်ဆောင်လာသည့် ‌‌စက်လှေကို KNU တပ်မဟာ (၄) က ဖမ်းဆီးခဲ့သည်။ ဆန်အိတ်နှစ်ထောင်ကျော်နှင့် ရိက္ခာများတင်ဆောင်လာသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး၏ စက်လှေကို ကြားဖြတ် စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။ ထိုသို့ဖမ်းဆီးပြီးချိန်တွင် ဆန်ကုန်သည်များက ဆန်မသယ်ရဲတော့သဖြင့် ဆန်ဈေးနှုန်း မြင့်တက်လာကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းချိန်မတိုင်မီက တစ်သိန်းငါးထောင်ဝန်းကျင်ဖြင့် ရောင်းချနေသည့် ဆန်တစ်အိတ်လျှင် လက်ရှိတွင် တစ်သိန်း ငါးသောင်းနီးပါးအထိ ဈေးတက်လာကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် အိမ်ထောင်စုတစ်စုကို […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 14, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ပုလောတွင် စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ဥယျာဉ်ခြံများ သုံးရက်ဆက် လောင်ကျွမ်းနေ

Dawei Watch

January 13, 2025

ပုလောမြို့နယ် တပိုရွာနှင့် စက်တော်ရာရွာအနီးရှိ ဥယျာဉ်ခြံများကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ သုံးရက်ဆက်တိုက် မီးလောင်ကျွမ်းနေကြောင်း ဒေသခံများနှင့် မီးငြှိမ်းသတ်နေသူများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး တပိုရွာနှင့် စက်တော်ရာကျေးရွာအနီးရှိ ရော်ဘာခြံများနှင့် လူနေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်‌ကောင်စီတပ်က တပိုကျေးရွာရှိ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးရာမှတစ်ဆင့် ရော်ဘာခြံများကို ကူးစက်လောင်ကျွမ်းသွားကြောင်း တပိုရွာနေဒေသခံတစ်ဦးက ဆိုသည်။ လက်ရှိတွင် အရှေ့ဘက်မှ လေပြင်းတိုက်ခိုက်နေသဖြင့် မီးလောင်အားကောင်းနေပြီး အခြားဥယျာဉ်ခြံများကို ကူးစက်လောင်ကျွမ်းနေကြောင်း ၎င်းက ပြောဆိုသည်။ “ဝါသား‌(ရွာသား)တွေ မီးလိုက်သတ်နေတယ် အခုချိန်ထိ။ မီးသတ်လို့ မငြှိမ်းသေးဘူး” ဟု အဆိုပါဒေသခံက ယနေ့ ဇန်နဝါရီလ ၁၃ရက် ညနေ ၄ နာရီခန့်တွင် ပြောသည်။ မီးလောင်ကျွမ်းသွားသည့် ဥယျာဉ်ခြံ ပမာဏ […]