BREAKING
November 10, 2025

သတင်း

ဖူးခက်တွင် အလုပ်နောက်ကျသည်ဆိုပြီး အလုပ်အပ်သူက ရိုက်နှက်သဖြင့် မြန်မာနှစ်ဦးသတိလစ်

Dawei Watch

January 15, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ပါတွန်ကမ်းခြေတွင် အလုပ်နောက်ကျသည်ဟုဆိုကာ ပြင်သစ်နိုင်ငံသား အလုပ်အပ်နှံသူတို့ က ရိုက်နှက်ကန်ကျောက်သဖြင့် မြန်မာနှစ်ဦးသတိလစ်ကာ ဆေးရုံတင်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အလုပ်အပ်သူနှစ်ဦးက လမ်းမပေါ်အထိ နောက်မှလိုက်လာပြီး မြန်မာနှစ်ဦးကို ရိုက်နှက်ကန်ကျောက်သည့်ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ရက်က ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်ရုပ်သံမှတ်တမ်းမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခြင်းဖြစ်သည်။ ခြေထောက်ဖြင့် ကန်၊ လက်သီးဖြင့် ထိုးနေသဖြင့် မြန်မာနှစ်ဦး မတ်တပ်မရပ်နိုင်တော့သည်ကို အဆိုပါ ရုပ်သံမှတ်တမ်းတွင် တွေ့ရှိရသည်။ ရိုက်နှက်မှုအား ရဲတပ်ဖွဲ့ထံတိုင်ကြားလာခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးရာ ရိုက်နှက်ခံရသူများက မြန်မာနိုင်ငံသားနှစ်ဦးဖြစ်ပြီး ပါတွန်ဆေးရုံကြီးတွင် ဆေးကုသနေသည်ကို သိရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ရိုက်နှက်သူများသည် ပြင်သစ်နိုင်ငံသားများဖြစ်ပြီး ပါတွန်ကမ်းခြေရှိ ပြင်သစ်စားသောက်ဆိုင်ကို ပြုပြင်မွန်းမံရန် မြန်မာ ငါးဦးကို ငှားရမ်း အလုပ်ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ရိုက်နှက်မှုဖြစ်ပွားသောရက်က အသက် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 15, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ရေဖြူ၊ နတ်တွင်းရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့မီးလောင်

Dawei Watch

January 15, 2025

ရေဖြူမြိုနယ် နတ်တွင်းရွာတွင် ယနေ့ ဇန်နဝါရီလ ၁၅ရက် နံနက်ပိုင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ နတ်တွင်းရွာ အရှေ့ ဘက်ရှိ ကျောက်ကညာရွာအခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “၁၁ နာရီ လောက်က နှစ်လုံးပစ်လိုက်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ နတ်တွင်းရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။ လက်နက်ကြီးကျည်သည် နတ်တွင်းရွာ ဘောလုံးကွင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “လက်ရှိ (နေအိမ်တချို့) မီးလောင်နေတယ်။ ဘယ်လောက်ပျက်စီးတယ်ဆို သေချာမပြောနိုင်သေးဘူး” ဟု နတ်တွင်းရွာက ဒေသခံတစ်ဦးကပြောသည်။ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ဒေသခံရွာသားအချို့မှာ အနီးဝန်းကျင်ရှိ အခြားရွာများသို့ ထွက်ပြေးတိမ်း […]

တနင်္သာရီတိုင်းစစ်ကောင်စီဝန်ကြီးချုပ်နှင့် တရုတ်သံအမတ် ကော့သောင်းတွင်တွေ့ဆုံ

Dawei Watch

January 15, 2025

တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တရုတ်သံအမတ်ကြီး Ms. Ma Jia တို့ ဇန်နဝါရီလ ၁၄ ရက်က ကော့သောင်မြို့တွင်တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယနေ့ ဇန်နဝါရီလ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။ ထိုတွေ့ဆုံမှုတွင် ရင်းနှီးမြှုပ်နှံမှု၊ ငါးဖမ်းလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပညာ စသည့်ကဏ္ဍတို့တွင် ပူးပေါင်း‌ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် နှစ်လခန့်က စစ်ကောင်စီဝန်ကြီးချုပ် ဦးမြတ်ကိုသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ်သို့လိုက်ပါသွားပြီးနောက် ယခု တရုတ်သံအမတ်ကြီး တနင်္သာရီတိုင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဦးမြတ်ကို၏ တရုတ်ခရီးစဉ်တွင် တနင်္သာရီတိုင်းရှိ ပုလဲလုပ်ငန်း၊ ‌ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် ရော်ဘာလုပ်ငန်းများကို လာရောက်လေ့လာရန် တရုတ်စီးပွားရေးသမားများကို ဖိတ်ခေါ်ခဲ့ဖူးသည်။ တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်သည် တရုတ်သံအမတ်ကြီးအား မြို့တော်ထားဝယ်တွင် တွေ့ဆုံခြင်းမရှိဘဲ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် […]

ရေဖြူ ခေါင်ပြန်ရွာတွင် အိမ်မီးလောင်

Dawei Watch

January 15, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာ ရွာလယ်ပိုင်းတွင် မီးဖိုချောင် မီးကြွင်းမီးကျန်ကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးကြောင်းရွာသားများထံမှ သိရသည်။ ဇန်နဝါရီလ ၁၃ ရက်တွင် နံနက်ပိုင်း ထမင်းချက်ပြီးနောက် ကျန်ရှိသည့် မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အိမ်ပိုင်ရှင်တွေက ထိုင်းမှာ။ သူ့ညီမကို အိမ်မှာပေးနေထားတာ၊ အဲဒီအိမ် မီးလောင်သွားတယ်။ ထမင်းချက်ပြီး ခြံထဲခဏသွားတုန်း မီးလောင်သွားတယ်။ မနှစ်က သိုထားတဲ့ ရော်ဘာပြားတွေလည်း အိမ်ထဲရှိနေတော့ မီးလောင်စာအားကောင်းသွားတယ်” ဟု ခေါင်ပြန်ရွာသားတစ်ဦးက ပြောသည်။ ဒီဇင်ဘာလနှောင်းပိုင်းက ဇာဒီကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီးနောက် ခေါင်ပြန်ရွာတွင် ပြန်လည်ဝင်ရောက်နေထိုင်သူ နည်းပါးရာ မီးလောင်ချိန် ဝိုင်းဝန်းငြှိမ်းသတ်ရန် အင်အားနည်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ အချိန်မီငြှိမ်းသတ်နိုင်ခြင်း မရှိသဖြင့် အုတ်ခံ နှစ်ထပ်ပျဥ်ထောင်အိမ် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ […]

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးသယ်လာသူများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်၊ ၄ ဦး သေဆုံး

Dawei Watch

January 15, 2025

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖားလွမ်ဒေသတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော လက်နက်ကိုင်အဖွဲ့များနှင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့က လေးဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မြန်မာနယ်စပ်နှင့် မီတာ ၆၀၀ ခန့်အကွာ တောင်ကုန်းများကြားတွင် မိနစ် ၂၀ အကြာ ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုဖြစ်ချိန်တွင် လက်နက်ကိုင်အဖွဲ့များဘက်က ၃၅ ဦးခန့်အထိ ပါဝင်သည်ဟု ခန့်မှန်းထားပြီး ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် လက်နက်ကိုင်များက မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်က ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် မူးယစ်ဆေးသယ်ဆောင်လာသူများသည် မြန်မာလက်နက်ကိုင်အဖွဲ့များထဲက ဖြစ်နိုင်ကြောင်း ထိုင်းစစ်တပ်က ခန့်မှန်းထားသည်။ ပစ်ခတ်မှုငြိမ်သက်ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် […]

မဲဆောက်တွင် မြန်မာလုပ်သားများ ဝမ်းပျက်ဝမ်းလျှော ပြန်ဖြစ်

Dawei Watch

January 14, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် နေရပ်ပြန်မြန်မာအလုပ်သမားများ ဝမ်းပျက်ဝမ်းလျှောရောဂါ ပြန်ဖြစ်နေ၍ ရောဂါထိန်းချုပ်နိုင်ရန် ထိုင်းအာဏာပိုင်များက လုပ်ဆောင်နေကြောင်း သိရသည်။ ပြီးခဲ့သောရက်များတွင် မြန်မာအလုပ်သမား အများစုရှိရာ မယ်ရမတ်ဒေသ၌ နေရပ်ကပြန်လာသော မြန်မာအလုပ်သမား နှစ်ဦးတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့က ထိုင်းအာဏာပိုင်များက ပညာပေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။ နှစ်ဦးစလုံးသည် စိုက်ပျိုးရေးအလုပ်သမားများဖြစ်ကြပြီး မြန်မာဘက်ခြမ်းသို့ သွားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ထိုင်းသို့ ပြန်လည်ရောက်ရှိလာသူများဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် SMRU ဝမ်ဖါးဆေးခန်းတွင် ဆေးကုသနေပြီး ရောဂါမှ သက်သာလာနေပြီဖြစ်ကြောင်း သိရသည်။ ရောဂါပြန်ဖြစ်လာမှုကြောင့် မယ်ရမတ်ဒေသက မြန်မာအလုပ်သမားများကြား ပြန့်ပွားမှု မရှိစေရန်နှင့် ထိန်းချုပ်နိုင်ရန် ထိုင်းနယ်ခြားစောင့်တပ်များနှင့် ခရိုင်ကျန်းမာရေးအဖွဲ့များက ပူးပေါင်းပြီး ဆေးဝါးနှင့် အသိပညာပေးမှုလုပ်ငန်းများ […]

စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်အကြိမ်‌ ၅၀ထက်မနည်း ဗုံးချတိုက်ခိုက်ခဲ့ဟု ပုလော ပကဖ ဆို

Dawei Watch

January 14, 2025

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဒရုန်းတပ်ဖွဲ့က မြို့နယ်အတွင်းရှိ စစ်ကောင်စီ အထိုင်ချတပ်စခန်းများနှင့် လှုပ်ရှားစစ်ကြောင်းများကို တစ်လအတွင်း အကြိမ် ၅၀ထက်မနည်း ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီလ ၁၃ရက်တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ရက်မှ ဇန်နဝါရီလ ၁၂ရက်အထိ ရက်ပေါင်း ၃၀တွင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သည့် အကြိမ်အရေအတွက်ဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သား ၂၀ခန့် ထိခိုက်သွားကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ဒရုန်းတပ်ဖွဲ့က ဒရုန်းစစ်ဆင်ရေးကို အဓိကလုပ်ဆောင်သလို မြေပြင်တိုက်ခိုက်ရေးအဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး စကစ အထိုင်ချစခန်းတွေကို တိုက်ခိုက်တာကိုလည်း လုပ်ဆောင်ပါတယ်” ဟု ၎င်းက ပြောသည်။ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုအရေအတွက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရပြီးတိုင်း […]