ထားဝယ်တွင် ကွမ်းသီးခြောက်စျေး တစ်နှစ်အတွင်း သုံးဆတက်
Dawei Watch
January 17, 2025ထားဝယ်ခရိုင်တွင် ယခုနှစ် ကွမ်းသီးခြောက်စျေးနှုန်းမှာ ယခင်နှစ်ကာလတူ ဇန်နဝါရီလ၏ စျေးနှုန်းထက် သုံးဆခန့် တက်သွားကြောင်း ထားဝယ်မြို့ ရှိ ကွမ်းသီးလုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ ခန့် ပေါက်စျေးရှိပြီး ယခုနှစ် ဇန်နဝါရီလ တွင်မူ ကျပ် ၁၂,၀၀၀ အထိ စျေးပေါက်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ယခုနှစ်တွင် စျေးကွက်အတွင်းသို့ ကွမ်းသီး အဝင်နည်းသဖြင့် စျေးမြင့်တက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “လက်ရှိ ထားဝယ်အခြေအနေအရ ကွမ်းသီးတစ်ပိဿာ ၁၂,၀၀၀ကျပ်နဲ့ ၁၃,၀၀၀ကျပ်ကြား ပတ်ချာလည်က စျေးချလို့ကို မရဘူး၊ စျေးကွက် အခြေအနေအရပေါ့။ တစ်ခါမှလည်း ဒီလိုရာသီ ဒီစျေးမဖွင့်ခဲ့ဖူးဘူး” ဟု ၎င်းက ဆိုသည်။ ယင်းအပြင် […]


