ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း မရမ်းချောင်းရွာတွင် ထိတွေ့တိုက်ပွဲဖြစ်

Dawei Watch

April 9, 2026

ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းရှိ မရမ်းချောင်းရွာအဝင်တွင် ယနေ့ ဧပြီလ ၉ရက် နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ကလိန်အောင်မြို့ဘက်မှ မလွှဲတောင်ဘက်သို့ လာသည့်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာမှ နံနက် ၉ နာရီဝန်းကျင်တွင် ထိတွေ့ပစ်ခတ်မှု စဖြစ်ပြီး ပစ်ခတ်မှု ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ငယ်အသံတွေရော၊ လက်နက်ကြီးအသံတွေရော ကြားရတယ်။ မရမ်းချောင်းအဝင်မှာ ဖြစ်သွားတာ။ ကော့လှိုင်ရွာဘက်က တက်လာတဲ့ စစ်တပ်စစ်ကြောင်းအဝင်မှာ ပစ်ခံရပြီး အပြန်အလှန်ပစ်ကြတာ” ဟု မရမ်းချောင်းရွာသားတစ်ဦးက ပြောဆိုသည်။ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းသည် ရန်ကုန်-ထားဝယ်လမ်းပေါ်တွင် ရှိသည်။ တိုက်ပွဲဖြစ်စဥ်နှင့် ထိခိုက်မှု အခြေအနေများကို မေးမြန်းရန် မွန်၊ ကရင်၊ ထားဝယ် […]

မွန်တွင် ကုန်ပစ္စည်းပို့ဆောင်ခ လေးဆစျေးတက်

Dawei Watch

April 8, 2026

စက်သုံးဆီ အခက်အခဲကြောင့် မွန်ပြည်နယ်တွင် ကုန်ပစ္စည်းပို့ဆောင်ခ လေးဆခန့်အထိ မြင့်တက်လာကြောင်း ကုန်ပစ္စည်းပို့သူအချို့ထံမှ သိရသည်။ စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး စျေးမြင့်တက်နေသောကြောင့် ယာဉ်စီးခနှုန်းထားများ မြင့်တက်လာသလို အနယ်နယ် အရပ်ရပ်သို့ ကုန်ပစ္စည်းတန်ဆာခလည်း မြင့်တက်လာကြောင်း ၎င်းတို့က ဆိုသည်။ “ဆီအခက်အခဲဖြစ်လို့ ဆီ‌စျေးတက်လို့ဆိုပြီး တန်ဆာခတွေ အသားကုန်တောင်းတာ၊ ပို့နေကြ တစ်သောင်း၊ နှစ်သောင်းလောက်က အခု ရှစ်သောင်း၊ တစ်သိန်းအထိ တောင်းကြတာ။ ကုန်ပစ္စည်းတွေ စျေးတက်တာလည်း မပြောနဲ့တော့” ဟု ကုန်ပစ္စည်းပို့သူတစ်ဦးက ပြောသည်။ ကားခ၊ ကုန်ပစ္စည်းပို့ဆောင်ခများ မြင့်တက်လာသည့်အတွက် ကုန်စျေးနှုန်းများလည်း ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ စျေးနှုန်း မြင့်တက်နေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ “ကားခတွေ တက်လာတော့ ပစ္စည်းတွေကလည်း စျေးလိုက်တက်ရတာပေါ့လေ။ အခု သင်္ကြန်လည်း နီးလာပြီးဆိုတော့ စျေးနှုန်းတွေက […]

ပြည်ကြီးမဏ္ဍိုင်မြို့နှင့် လေညာ-ရတနာပုံလမ်းရှိ စစ်အာဏာရှင်တပ်ဖွဲ့များကို ဒရုန်းဖြင့်တိုက်ခိုက်

Dawei Watch

April 8, 2026

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နှင့် လေညာ-ရတနာပုံလမ်းပိုင်းရှိ စစ်အာဏာရှင်တပ်သားများ အထိုင်ချထားသည့် နေရာများကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ စစ်အာဏာရှင်တပ်သား အင်အား ၂၀၀ ကျော်သည် လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၁) အနီးတွင် ခံစစ်ပြင်နေ သဖြင့် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ယင်းအပြင် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ မီးသတ်စခန်း၊ ရဲစခန်း၊ တောင်ပေါ် ဘုန်းကြီးကျောင်း၊ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းနှင့် ဘန်ဂလားတာဝါတိုင်တွင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်များကိုလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ အထက်ပါ တိုက်ခိုက်မှုများကို မတ်လ ၂၂ရက်မှ ဧပြီလ ၂ရက်အတွင်း လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများကို ဘုတ်ပြင်းမြို့နယ် စစ်အာဏာရှင်တပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ […]

သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

Dawei Watch

April 8, 2026

၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းနောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုများကို ရခိုင်ပြည်နယ်၌ သွားရောက်သတင်းယူ‌နေစဉ် ဖမ်းဆီးခံလိုက်ရသည့် Myanmar Now သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် ယနေ့ (ဧပြီ ၈) ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသော သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် Amnesty International Thailand အဖွဲ့၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံသားများအပါအဝင် တက်ကြွလှုပ်ရှားသူများက သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ Amnesty International Thailand မှ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် ထိုင်းနိုင်ငံသားများက လုံချည်၊ ထဘီ၊ မြန်မာဝတ်စုံများကို ဝတ်ဆင်၍ သံရုံးရှေ့တွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြစဉ် စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် မြန်မာလက်ဖက်ရည်နှင့် စမူဆာကိုလည်း ဧည့်ခံခဲ့ပြီး […]

ဘန်းလမွတ်ရွာသားတစ်ဦး ပျောက်ဆုံးပြီး ခြောက်ရက်ကြာသည်အထိ ပြန်ရှာမတွေ့

Dawei Watch

April 8, 2026

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအပြင် ဥယျာဥ်ခြံထဲတွင် နေထိုင်သည့်ဒေသခံတစ်ဦးသည် ခြံထဲမှပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ ခြောက်ရက်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း ‌ဒေသခံများက ပြောသည်။ ဘန်းလမွတ်ရွာအပြင်ရှိ ကွမ်းခြံတွင်နေထိုင်သူ ဦးလှိုင်ဝင်းသည် ဧပြီလ ၃ရက် ညဦးပိုင်းတွင် ခြံထဲရှိတဲမှ ပျောက်သွားသဖြင့် မိသားစုနှင့် ဒေသခံများ ရှာဖွေကြသော်လည်း ပြန်မတွေ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဘန်းလမွတ်ရွာတွင် စစ်အာဏာရှင်တပ်သားများ တပ်စွဲနေထိုင်သဖြင့် ဒေသခံများသည် ရွာထဲတွင် နေထိုင်ခြင်းမရှိကြောင်းဒေသခံများထံမှ သိရသည်။ ဦးလှိုင်ဝင်း နေထိုင်သည့် ဥယျာဉ်ခြံမှာ ကျေးရွာအနီးတွင်ဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ပျောက်ဆုံးသွား သည်ကို သေသေချာချာ မသိရသေးကြောင်း ၎င်းတို့က ပြောဆိုသည်။ အသက် ၄၈နှစ်အရွယ် ဦးလှိုင်ဝင်းနှင့်အတူ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးပါသွားကြောင်း အထက်ပါဒေသခံအမျိုးသားက ဆိုသည်။ “ပြန်လည်းမတွေ့၊ သတင်းလည်း မရဖြစ်နေတယ်။ ပျောက်သွားတဲ့ညက အိမ်နဲ့ အဆက်သွယ်မရလို့ […]

လောင်းလုံးတွင် လှည့်ကင်းကို ကားဖြင့်တိုက်မိသဖြင့် ပစ်ခတ်ဖမ်းဆီးခံရသည့်ဆရာတော် ပြန်လွတ်

Dawei Watch

April 8, 2026

လောင်းလုံးမြို့တွင် စစ်အာဏာရှင်တပ် လှည့်ကင်းကို ကားဖြင့်တိုက်မိသဖြင့် ပစ်ခတ်ဖမ်းဆီးခံရသည့် ဆရာတော် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့နယ်၊ အင်းဇောက်တိုက်ကျောင်း ဆရာတော်သည် ကျေးရွာတစ်ရွာသို့ အာရုဏ်ဆွမ်းစားကြွရန် ဧပြီလ ၄ရက် နံနက်က ကားကို ကိုယ်တိုင်မောင်းနှင်လာစဉ် လောင်းလုံးဆေးရုံအနီးတွင် ကင်းလှည့်စစ်ကြောင်းနှင့်တိုက်မိရာ စစ်အာဏာရှင်တပ်က ကားကို သေနတ်ဖြင့်ပစ်ခတ်ကာ ဆရာတော်ကို ဖမ်းဆီးခဲ့သည်။ ဆရာတော်ကို လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီးနောက် ဒဏ်ရာရရှိသည့် စစ်အာဏာရှင်တပ်သားများကို ဆေးကုရန်ဆိုပြီး ငွေကြေးတောင်းယူညှိနှိုင်းကာ ဧပြီလ ၅ရက် နံနက်ပိုင်းတွင် ပြန်လွှတ်လိုက်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။ “နောက်တစ်နေ့ မနက်မှာပဲ ပြန်လွတ်လာတယ်။ သိန်းတစ်ရာနီးနီးလောက် ပေးလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။ ကားကိုမူ ကနဦးသိမ်းထားခဲ့ပြီး ဧပြီလ ၇ရက် ညနေပိုင်းတွင် ပြန်ပေးကြောင်း […]

အီရန်-အမေရိကန် နှစ်ပတ်ကြာ အပစ်ရပ်ရေး သဘောတူညီအပြီး ကမ္ဘာ့ရေနံဈေး ကျဆင်းလာ

Dawei Watch

April 8, 2026

နှစ်ပတ်ကြာ ပစ်ခတ်မှု ရပ်ဆိုင်းထားမည်ကို အီရန်-အမေရိကန် နှစ်ဖက်စလုံးကို သဘောတူလိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးသည် ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းသွားပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမည်ဆိုပါက အီရန်-အမေရိကန် နှစ်ပတ်ကြာ အပစ်ရပ်ရေး အဆိုပြုချက်ကို သ‌ဘောတူမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။ အီရန်နိုင်ငံကို တိုက်ခိုက်မှုများ ရပ်တန့်မည်ဆိုပါက အပစ်ရပ်ရေးကို သဘောတူမည်ဖြစ်ကြောင်း အီရန်ဘက်ကလည်း ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ အပစ်ရပ်စဲရေး နှစ်ပတ်တာကာလတွင် သင်္ဘောများသည် အီရန်တပ်ဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပါက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ပေးမည်ဖြစ်ကြောင်း အီရန်ဘက်က ပြောသည်။ နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး သဘောတူညီကြောင်း ထုတ်ပြန်ချက်များအပြီး ကမ္ဘာ့ရေနံဈေးသည် ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းသွားကာ အမေရိကန်ဈေးကွက်တွင် ရေနံတစ်စည်လျှင် ၉၆ ဒေါ်လာခန့်ဖြစ်လာခဲ့သည်။ သို့သော်လည်း စစ်ပွဲမစမီကာလဖြစ်သော ရေနံတစ်စည်လျှင် […]

ထားဝယ်တွင် စုံ၊ မ စနစ်ဖြင့် ဖမ်းဆီးအရေးယူခံရသူများရှိလာ

Dawei Watch

April 8, 2026

ထားဝယ်မြို့တွင် စုံ၊ မ စနစ်သတ်မှတ်ချက်ဖြင့် ဖမ်းဆီးအရေးယူခံရသူများ ရှိလာကြောင်း ကိုယ်တိုင်ကြုံရသူအချို့က ပြောသည်။ စုံ၊ မ စနစ် ကန့်သတ်ချက်အတိုင်း မောင်းနှင်ခြင်းမရှိသူများကို ဖမ်းဆီးပြီး မော်တော်ယာဉ်များကို သိမ်းဆည်းသွားကြောင်း ၎င်းတို့က ဆိုသည်။ တရားရုံးတွင် ဒဏ်ငွေကျပ် သုံးသောင်းဆောင်စေပြီးမှ သိမ်းဆည်းသွားသည့် မော်တော်ယာဉ်အား ထုတ်ယူခွင့်ပြုကြောင်း ကိုယ်တိုင် အဖမ်းခံရသူအချို့က ပြောဆိုသည်။ ကား၊ ဆိုင်ကယ် သတ်မှတ်ချက်မရှိဘဲ ပထမအကြိမ် အဖမ်းခံရပါက ကျပ် သုံးသောင်း ဒဏ်ကြေးဆောင်ရကြောင်း ဆိုသည်။ “တချို့တွေက အစိုးရအသစ် တက်ပြီဆိုတော့ စုံ၊ မ စနစ်မရှိတော့ဘူးဆိုပြီး ပြောနေကြတာရှိတယ်။ စုံ၊မ စနစ်က ရှိနေသေးတယ်။ ‌တကယ်လည်းဖမ်းနေပါတယ်” ဟု ကိုယ်တိုင် အဖမ်းခံရသူ ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးက ဧပြီလ ၇ ရက်တွင် […]